ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဆမ် အစည်းအဝေး မြန်မာနိုင်ငံမှာ ကျင်းပ
အာရှ နဲ့ ဥရောပ နိုင်ငံ ၅၁ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ တက်ရောက် ကြတဲ့ အာဆမ် အစည်းအဝေးကို မြန်မာ နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပနေပါတယ်။
ဒီနေ့ လုပ်တဲ့ အစည်းအဝေး ဖွင့်ပွဲ ကိုတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့ပြီး မိန့်ခွန်း ပြောဆို ခဲ့ပါတယ်။
ဒါပေမယ့် မြန်မာ နိုင်ငံမှာ လက်တလော ကြုံတွေနေရတဲ့ ရခိုင် ပြည်နယ် က ဒုက္ခသည် အရေး နဲ့ ပတ်သက်လို့တော့ အစည်းအဝေး ကို တက်ရောက် လာကြတဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက ထည့်သွင်း ပြောဆို တာမျိုးတော့ မရှိသေးပါဘူး။
ဒီကနေ့ ကျင်းပ ခဲ့တဲ့ အစည်းအဝေး အကြောင်း ကိုတော့ ကိုကျော်ဇေယျ က ဆက်ပြောပြပေးမှာပါ။