ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ခါးသီးတဲ့အိမ်တွင်းအကြမ်းဖက်မှုနဲ့ နာမည်ကျော်အနုပညာရှင်ရဲ့ဇနီး
ဘီဘီစီကနေ အမျိုးသမီး ၁၀၀ အထူးအစီအစဉ်အဖြစ် အမျိုးသမီးတွေရဲ့ ဘဝနဲ့ အတွေ့အကြုံတွေကို တင်ဆက်ပေးနေပါတယ်။
အိမ်ထောင်သည် အမျိုးသမီး တွေ ကြုံရတတ်တာတခုကတော့ အိမ်တွင်း အကြမ်းဖက်မှု လို့ ခေါ်တဲ့ ဖိနှိပ် ချုပ်ကိုင်မှု၊ ရိုက်နှက် ညှင်းပန်း မှုတွေပဲ ဖြစ်ပြီး မြန်မာ နိုင်ငံထဲမှာ အမျိုးသမီး ၁၀ ယောက်မှာ ၆ ယောက်လောက်က ခံနေရတယ်လို့ ဆွေသဟာ အမျိုးသမီး အခွင့် အရေး အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာဖော်ပြထားပါတယ်။
ပြီးတော့ နိုင်ငံတဝန်းမှာ အိမ်တွင်း အကြမ်းဖက် နှိပ်စက် ညှင်းပန်းမှု ကို ခံခဲ့ ရတဲ့ အမျိုးသမီး ကိုယ်တိုင် အုပ်ချုပ်သူတွေ ကို တိုင်ကြားမှသာ ရပ်ထဲ ရွာထဲက ဝိုင်းဝန်း တားဆီး ပေးနိုင်တင့် အဆင့်ပဲ ရှိသေးတယ်လို့ အဲဒီ အဖွဲ့က ပြောပါတယ်။
လူသိများ ထင်ရှားခဲ့သူ တစ်ယောက်ရဲ့ ဇနီးဟောင်းက သူ့ ခင်ပွန်းသည်က သူ့ကိုယ် ဖိနှိပ် ညှင်းပန်း နှိပ်စက် ခဲ့တယ်၊ အကြမ်းဖက် ဖိနှိပ် ညှင်းပန်းမှု ခံခဲ့ရပြီးတဲ့ နောက်ပိုင်း သူ့ ဘဝ ကို ဘယ်လို ကြိုးစား ပြန်လည် တည်ဆောက် ခဲ့ရတယ် ဆိုတဲ့ အကြောင်း သူကိုယ်တိုင် ဘီဘီစီ ကို ပြောပြ ထားပါတယ်။
ကာယကံရှင် အမျိုးသမီး ကို ထောက်ထားတဲ့ အနေနဲ့ သူ့ရဲ့ ရုပ်ပုံ အစား ကာတွန်း ရုပ်ရှင် နဲ့ ပြန်လည် သရုပ်ဖော်ပေး လိုက်ပါတယ်။