ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လွတ်လပ်အတွေး ဆွေးနွေးဖလှယ်
မြန်မာနိုင်ငံမှာ အစိုးရသတင်းစာ နှစ်စောင် ထားရှိဖို့ လိုအပ်သလား အစိုးရ သတင်းစာတွေဆီက ပြည်သူ လူထုသိချင်တဲ့ သိသင့်တဲ့ အချက်အလက်တွေ ရရှိပါသလား ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ပင်တိုင် ဆွေးနွေးသူတွေ အဖြစ် စာနယ်ဇင်း ကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းနဲ့ ပြန်ကြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဦးရဲနိုင် တို့က သောတရှင်တွေ၊ စာနယ်ဇင်း သမားနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် ဆောင်ရွက်သူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့အတူ ဆွေးနွေးခဲ့ကြတာပါ။
ဒီအစိုးရပိုင် မြန်မာ သတင်းစာတွေမှာ ဓာတ်ပုံတွေ၊ သတင်းစာသားတွေက အစ ဆင်တူနေတာ မကြာခဏ တွေ့ရတယ် ဆိုတော့ ပြန်ကြားရေး ဝန်ကြီးဌာန ရှိသင့် မရှိသင့်တောင် အငြင်းပွားနေကြတဲ့ အချိန်မှာ ဒီလို တူနေတဲ့ အစိုးရသတင်းစာ နှစ်စောင် ထားရှိဖို့ လိုအပ်ပါသလား ဆွေးနွေးကြတာ ဖြစ်ပါတယ်။