ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လွတ်လပ်အတွေး ဆွေးနွေးဖလှယ်
ကျေးလက် နယ်တွေမှာ ပြည်သူတွေရဲ့ လိုအပ်ချက် ကို ဒေသအာဏာပိုင်တွေက ဘယ်လောက် ဖြည့်ဆည်း ကူညီပေးနေကြသလဲ ဆိုတာ လွတ်လပ် အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
၂ဝ၁၇ နှစ်ဆန်းက စလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နယ်ပယ် အသီးသီး က သူတွေ စကားဝိုင်းတွေ လုပ်ခဲ့ရာမှာ ဒေသခံတွေရဲ့ အခက်အခဲတွေ တင်ပြလာတာကိုလည်း ကူညီဖြေရှင်းတာတွေ ရှိခဲ့ပါတယ်။
ဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်မတွေ့ရရင် သူတို့အတွက် အခက်အခဲတွေကို အာဏာ ပိုင်တွေ က ကူညီ ဖြေရှင်း မပေးတော့ဘူးလား၊ သောတရှင်တို့ရဲ့ အတွေးအမြင်တွေကို ဆွေးနွေးထားပါတယ်။
မကွေးတိုင်း အလုပ်သမား၊ စက်မှု၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဦးစီး ဌာန ဝန်ကြီး ဦးနေမျိုးကျော်နဲ့ အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှာ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး ခု လယ်သမား အရေးတွေနဲ့ နယ်တွေက ပြည်သူတွေရဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်း ပေးနေတဲ့ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက် ကွန်ရက် ရေးရာ တာဝန်ခံ ဒေါ်မြင့်မြင့်အေးတို့က ပင်တိုင်ဆွေးနွေး ထားကြပါတယ်။