ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာတိတ် ဒေသ သယံဇာတ ရှာဖွေရေး
အမေရိကန်မှာ သမ္မတ ထရမ့် တက်လာပြီးနောက်ပိုင်း အာတိတ်ဒေသထဲမှာ ရေနံရှာဖွေရေး တွေ လုပ်ဖို့ စီစဉ်ခဲ့တာကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက ကန့်ကွက်ခဲ့ကြပါတယ်။ ဒီလိုလုပ်တာဟာ ဖွဲ့စည်းပုံနဲ့တောင် မညီဘူးလို့ ပြောကြပါတယ်။ အဲဒီဒေသတွင်းမှာ ရှိတဲ့ ရေခဲပြင်အောက်မှာ ရှိနေနိုင်တဲ့စွမ်းအင် အရင်းအမြစ်ဟာ အမေရိကန်ရဲ့စွမ်းအင် လိုအပ်မှုတွေကို ဖြည့်ဆည်း ပေးသွားနိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီ အလာစကာမှာ နေထိုင်ကြတဲ့ ဝေလငါး ဖမ်းသူတွေကတော့ ဒီလို ရေနံတွင်းတွေ တူးရင် ဖြစ်လာနိုင်မယ့် နောက်ဆက်တွဲ အခြေအနေတွေ အတွက်စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ အဲဒီ အာတိတ် စက်ဝန်းဒေသတွင်းကနေ ပေးပို့ထားတဲ့ ဘီဘီစီသတင်းထောက် ကလဲ မာရှယ်ရဲ့ သတင်းကို ဦးဘမော်က ပြောပြမှာပါ။