ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုယ်တွေ့ အာဇာနည်နေ့
ပြီးခဲ့တဲ့ အနှစ် ၇၀ တုန်းက အာဇာနည်ခေါင်းဆောင်ကြီးတွေ ဘယ်လို ကျဆုံးခဲ့တယ်ဆိုတာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေလည်း ရှိပါတယ်။
အဲဒီထဲက တစ်ဦးကတော့ ဟံသာဝတီ ဦးအုံးကြိုင်ပါ။ သူဟာ သတင်းထောက်တစ်ဦးအဖြစ် ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ အစည်းအဝေးကို သတင်းယူဖို့ အတွင်းဝန်ရုံးကို ရောက်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့က သူ့အတွေ့အကြုံတွေကို ဟံသာ၀တီ ဦးအုံးကြိုင်က အခုလို ပြန်ပြောင်း ပြောပြထားပါတယ်။