ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လွတ်လပ်အတွေးဆွေးနွေးဖလှယ်
နားဆင်နိုင်ပါပြီ။
ဦးဆောင်ဆွေးနွေးသူများ - ဗိုလ်မှူးချုပ် တာဘုန်းကျော် (TNLA) ၊ ဦးရဲထွဋ် (ပြန်ကြားရေး ဝန်ကြီးဟောင်း)
ရှမ်းပြည် အရှေ့မြောက်ပိုင်းလောက်ကိုင်မြို့ကို မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် ဖြစ်တဲ့ MNDAA ကိုးကန့် တပ်တွေ ဝင်တိုက်ရာ ကနေ တိုက်ပွဲတွေ အပြင်း အထန် ထပ်ဖြစ်လာနေ ပါတယ်။
ဒီလို တိုက်ပွဲတွေ ဖြစ်ရတာဟာ တပ်မတော်ရဲ့ တိုက်ခိုက်မှုတွေ ကြောင့် လုပ်ရ တာလို့ တိုင်းရင်းသားတွေ ဘက်က ပြောသလို၊ တပ်မတော် ဘက်ကလည်း မြောက်ပိုင်း မဟာမိတ် ထဲက ၃ ဖွဲ့ အနေနဲ့ လက်နက်စွန့် ရမယ်လို့ ပြောပါ တယ်။
အစိုးရတပ်မတော်နဲ့ ဒီလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ကြားမှာ ဆွေးနွေး ညှိနှိုင်းလို့ မရတဲ့ အခြေ အနေ ကနေ စစ်မီး မငြိမ်း နိုင်တဲ့ အနေ အထားကို ရောက်လာနေပါတယ်။
ဒီတော့ စစ်မီးတွေ ငြှိမ်း နိုင်ဖို့ နှစ်ဘက်ကြား ဘယ်လို နည်းလမ်းနဲ့ စေ့စပ် ညှိနှိုင်း မှုတွေ လုပ်နိုင် မလဲ ဆိုတာ သောတရှင်တို့ ကိုယ်တိုင် ပါဝင်ဆွေးနွေး ခဲ့ကြတာပါ။
ဝင်ရောက် ဆွေးနွေးသူ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဒီဆွေးနွေးပွဲ အစီ အစဉ်ကို စနေ ညတိုင်း တင်ဆက် ပေးနေတာ ဖြစ်ပါတယ်။