ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိမ်တွင်း အကြမ်းဖက်မှု ပြဿနာ ဘယ်လောက် များနေပြီလဲ
မြန်မာနိုင်ငံမှာ စစ်မက် ဆိုးကျိုး ၊ အလုပ်လက်မဲ့ ပြဿနာ၊ မူးယစ်ဆေးနဲ့ တခြား လူမှုဒုက္ခ တွေကြောင့် အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံမှု ကင်းမဲ့လာနေပြီး အိမ်တွင်း အကြမ်းဖက်မှုဒဏ် ပိုမို ဆိုးဆိုးရွားရွား ခံလာရတယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဘယ်လို ကိစ္စတွေက အမျိုးသမီးတွေ အပေါ် အိမ်တွင်း အကြမ်းဖက်မှု မြောက်စေပါသလဲ။
အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ မူဝါဒ ရေးရာ ဉီးဆောင် အဖွဲ့၀င် လည်းဖြစ် ရခိုင် အမျိုးသမီး များ အစည်းအရုံး ရဲ့ ဒုဥက္ကဌ ဒေါ်စောစံ ငြိမ်းသူကို မေးကြည့်ထားပါတယ်။