ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လွတ်လပ်အတွေးဆွေးနွေးဖလှယ်
နားဆင်နိုင်ပါပြီ။ ဦးကိုနီလုပ်ကြံခံရမှု သတင်းစာရှင်းလင်းပွဲ အကြောင်း ဆွေးနွေးခဲ့။
ဦးဆောင် ဆွေးနွေးသူများ..... ဦးရောဘတ် စန်းအောင်၊ ဓမ္မစက္က ဦးမောင်မောင်။
အန်အဲလ်ဒီ ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံ ခံရမှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးရဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ အခြေ အနေကို ရှင်းပြမှု အပြင် ကိုယ်ပိုင် အမြင် တွေပါ ထည့်သွင်း ပြောကြား ခဲတဲ့ အတွက် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ ပါတယ်။
အမှု ကိစ္စ နဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲမှာ ကိုယ်ပိုင် အမြင်တွေ ထည့်သွင်း ပြောကြား သင့် ပါသလား၊ စစ်ဆေးဆဲ ကာလမှာ အမှုနဲ့ ပတ်သက်လို့ ကိုယ်ပိုင် အမြင်တွေ ထည့်သွင်း ပြောကြား တာဟာ တရားစီရင်မှုကို ထိခိုက်နိုင် ပါသလား ဆိုတာ သောတရှင်တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး ခဲ့ပါတယ်။
ပါဝင်ဆွေးနွေးသူ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။