ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် မြို့ကြီးတွေမှာ ထရမ့် အမိန့်ကို ဆက်လက် ဆန့်ကျင်
အမေရိကန် ပြည်ဝင်ခွင့်နဲ့ ပတ်သက်ပြီး ထရမ့်က ကန့်သတ်မိန့် ထုတ်ပြန်ခဲ့တဲ့ အပေါ် အမေရိကန် နေရာ အနှံ့အပြားမှာ လူတွေ ကန့်ကွက် ဆန္ဒပြကြဆဲ ဖြစ်ပါတယ်။
ဒီကန့်သတ် အမိန့်ဟာ အမေရိကန် နိုင်ငံမှာ တရားဝင် နေခွင့် ရထားတဲ့ Green Card ရထား သူတွေနဲ့ မသက်ဆိုင် ဘူးလို့ အိမ်ဖြူတော် ရုံး အဖွဲ့မှုးက ပြောလာ ပါတယ်။
ထရမ့်ကတော့ သူ့ရဲ့ ကန့်သတ်မိန့် အပေါ် ကာကွယ် ပြောဆို နေပေမယ့် ရက်ပေါင်း ၉ဝအတွင်း နိုင်ငံ အားလုံးကနေ လာတဲ့ သူတွေအတွက် ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးမယ် လို့လည်း ဆိုပါတယ်။
မမေစန္ဒီ ပြောပြ ထားပါတယ်။