ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘိန်းစိုက်ပျိုးမှု နဲ့ ဘိန်းစိုက်တောင်သူတွေဘဝရပ်တည်ရေး
မြန်မာနိုင်ငံမှာ ဘိန်းစိုက်တောင်သူတွေဟာ သူတို့ ဘဝ ရပ်တည်နိုင်ရေးအတွက် ဝင်ငွေအများအမြားရရှိတဲ့ ဘိန်းစိုက်ပျိုးမှုကို မစွန့်လွှတ်နိုင်သေးတာကြောင့် မူးယစ်ဆေးဝါးကို အမြစ်ပြတ်နှိမ်နင်းနိုင်ရေးမှာ အခက်အခဲတွေရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး ဌာနေကိုယ်စားလှယ်က ပြောပါတယ်။
မြန်မာ၊ လာအို၊ ထိုင်း ဆုံရာ ရွှေတြိဂံနယ်မြေကနေ ကမ္ဘာ့ ဘိန်းထွက်မှု ရဲ့ ၄ပုံ တပုံ ထွက်ရှိနေတာပါ။
ဦးဘမော်က ပြောပြထားပါတယ်။