ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရက် ၁၀၀ အတွင်း ဦးစားပေး ကိစ္စတွေ ဒေါ်နယ်ထရမ့် ပြော
အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်က သူ့ရဲ့ ပထမ ရက် ၁၀၀ သက်တမ်းအတွင်းမှာ ဘာတွေ ဦးစားပေး ဆောင်ရွက်သွားမယ် ဆိုတာကို ပြောလိုက်ပါပြီ။
အဲဒီ ကိစ္စတွေထဲမှာ ပစ္စိဖိတ် ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ကနေ ထွက်မယ့် ကိစ္စလည်း ပါပါတယ်။
တွင်းထွက် လောင်စာ ထုတ်လုပ်မှုတွေအပေါ် ကန့်သတ်ထားချက်တွေကို ဖြေလျော့ပေးမှာ ဖြစ်သလို ဆိုက်ဘာ လုံခြုံရေး တိုးမြှင့်ဖို့ ကိစ္စလည်း ပါပါတယ်။ မက္ကဆီကိုနဲ့ နယ်စပ်မှာ တံတိုင်းကြီး ဆောက်မယ့် အစီအစဉ်တော့ မပါသေးပါဘူး။
ကိုအောင်သွင်က ပြောပြထားပါတယ်။