ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယ ဘဏ်တွေမှာ ငွေလဲဖို့ လူတွေတန်းစီ
အိန္ဒိယ အစိုးရက မကြာမီ ရက်ပိုင်းက ရူပီး ငွေစက္ကူတချို့ကို ဖျက်သိမ်းလိုက်ပြီးနောက် ဘဏ်တွေရှေ့မှာ ငွေလဲဖို့ စောင့်ဆိုင်းသူတွေနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့ပါတယ်။
တချို့ဘဏ်တွေမှာ လဲပေးစရာ ငွေစက္ကူတွေ လျော့နည်း လာနေပြီလို့ ဆိုပါတယ်။
အကျင့်ပျက် ခြစားမှုတွေနဲ့ ငွေမည်းကိုင်ဆောင်မှုတွေကို တိုက်ဖျက်နိုင်ဖို့ အိန္ဒိယရဲ့ တန်ဖိုးအကြီးဆုံး ငွေစက္ကူတွေဖြစ်တဲ့ ငါးရာတန်နဲ့ တစ်ထောင်တန် တွေကို ရုပ်သိမ်းခဲ့တာလို့ ဆိုပါတယ်။
အဲဒီက အခြေအနေတွေကို ကိုသက်ထွေးနိုင်က ပြောပြထားပါတယ်။