ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း နောက်ဆုံးအခြေအနေ
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူသီးတောင် မြို့နယ်တွေက နယ်ခြားစောင့် စခန်းတွေ အောက်တိုဘာလ ၉ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း စစ်တပ်က အဲဒီဒေသမှာ ရှင်းလင်း တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။
အဲဒီမှာရှိတဲ့ ရွာတွေက လူတွေလဲ ထွက်ပြေးလာနေတယ်လို့ ရန်ကုန်မှာရှိတဲ့ ဘီဘီစီ သတင်းထောက် ကိုခိုင်မြတ်ကျော်က ပြောပါတယ်။
မေမေစန္ဒီက မေးမြန်း တင်ဆက်ထားပါတယ်။