ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူကုန်ကူးမှု တိုက်ဖျက်ရေး ဗြိတိန် ဦးဆောင်မယ်
ဗြိတိသျှ ဝန်ကြီးချုပ် ထရီဆာ မေက ကမ္ဘာတဝန်းက လူကုန်ကူးမှု တိုက်ဖျက်ရေးတွေမှာ ဗြိတိန်က ဦးဆောင်မယ်လို့ ဆိုလိုက်ပါတယ်။
သူက ခေတ်သစ် ကျွန်စနစ် ပပျောက်သွားဖို့ အစွမ်းကုန် လုပ်သွားမယ်လို့ ဆိုပါတယ်။
ဗြိတိန်ကို လူကုန်ကူး ခံရပြီး လိင်ဖျော်ဖြေရေး လုပ်ငန်းတွေမှာ ခိုင်းစေခံခဲ့ရသူပေါင်း ၁၀၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။
အဲဒီ လူတွေဟာ ရိုမေးနီးယား အပါအဝင် လိင်ကိစ္စအတွက် လူကုန်ကူး မှုတွေ ရှိနေတဲ့ နိုင်ငံတွေကနေ ရောက်လာကြတာပါ။
ကိုသက်ထွေးနိုင်က ပြောပြထားပါတယ်။