လျှပ်စစ်မီးနာရီနဲ့ချီ ပြတ်တောက်နေတာကြောင့် သောက်သုံးရေပြတ်လပ်မှုတွေရှိလာ

ရန်ကုန်မြို့လို လူဦးရေထူထပ်ပြီး တိုက်ခန်းနေလူဦးရေများပြားတဲ့ ရပ်ကွက်တွေမှာတော့မီးပြတ်ချိန်များလာတာနဲ့အမျှ အထပ်မြင့်တွေဆီရေတင်ဖို့ခက်လာပြီး သောက်သုံးရေမရတာတွေပါရှိလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကယားပြည်နယ်အတွင်း ဖေဖော်ဝါရီ၊ မတ်လတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့တယ်လို့ KNDF ထုတ်ပြန်, တနေ့တည်း ၈ကြိမ်အထိလေကြောင်းနဲ့ပစ်ခတ်ခံရတဲ့ ကျေးရွာတွေလည်းရှိ

    ကယား(ကရင်နီ)ပြည်နယ်အတွင်းက စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး အခုမတ်လဒုတိယပတ်အထိ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့တယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်လာပါတယ်။

    ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားတွေ နေထိုင်တဲ့ကျေးရွာတွေနဲ့ တိုက်ပွဲမရှိတဲ့ ကျေးရွာတွေမှာပါ လုပ်ခဲ့တာတွေဖြစ်တယ်လို့လည်း ဒေသခံတွေကပြောဆိုထားပါတယ်။

    ကယားပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ဓာတ်ပုံ ပုံစာ, မတ်လဒုတိယပတ်အတွင်း ဒီးမော့ဆိုမြို့နယ်အတွင်းက ကျေးရွာတွေအနီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုလုပ်ပြီးနောက်မြင်ကွင်း

    ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာ အနီးမှာ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်လုပ်ခဲ့ပြီး မတ်လ ဒုတိယပတ်ထဲမှာပဲ ကျေးရွာနေအိမ် ၁၀လုံးထက်မနည်းကို စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးထိမှန်မှုတွေကြောင့် ဆေးပေးခန်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ ဘိုးဘွားရိပ်သာနဲ့ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း KNDF ရဲ့တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    လက်ရှိမှာလည်း စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊လေကြောင်းပစ်ကူတွေနဲ့ထိုးစစ်ဆင်မှုတွေရှိနေသလို ပြည်နယ်တချို့မှာလည်း စစ်ကောင်စီဘက်က အင်အားသုံးထိုးစစ်ဆင်မှုတွေ ကြောင့် ဒေသကာကွယ်ရေးတပ်တွေ ယာယီဆုတ်ခွာပေးထားရတဲ့ အခြေအနေတွေရှိတယ်လို့လည်း ဒေသတွင်းသတင်းဖော်ပြချက်တွေအရသိရပါတယ်။

    ကယားပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ဓာတ်ပုံ ပုံစာ, မတ်လဒုတိယပတ်အတွင်း ဒီးမော့ဆိုမြို့နယ်အတွင်းက ကျေးရွာတွေအနီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုလုပ်ပြီးနောက်မြင်ကွင်း
  2. စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက်လာတဲ့ သတင်းထောက်ကိုစိုးရာဇာထွန်း ထပ်မံဖမ်းဆီးခံရ

    ပြည်တွင်းမှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးခံလိုက်ရပြီး စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်မြောက်လာတဲ့ အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကစစ်ကောင်စီကထပ်မံဖမ်းဆီးလိုက်တယ်လို့ မိသားစုတွေကပြောပါတယ်။

    ‘‘ပြန်လွတ်လာကတည်းက မိသားစုပါ အန္တာရယ်ရှိမှာစိုးလို့ လှည်းကူးဘက်က ခြံလေးတခြံမှာတဲထိုးပြီးသွားရှောင်နေတာ ကို သတင်းပေးကြောင့်အဖမ်းခံလိုက်ရတာ။ အခုလှည်းကူးစစ် ကြောရေးကနေ လှည်းကူးမြို့မရဲစခန်းကိုပြန်ရောက်နေပြီလို့သိထားရပါတယ်။ မနက်ဖြန် လှည်းကူးရဲစခန်းမှာ ရမန်ယူမယ်လို့သိထားရပါတယ်။ မိသားစုကတော့အဆက်အသွယ်လုပ်လို့စားစရာပို့လို့ရတယ် ‘‘လို့ ကိုစိုးရာဇာထွန်းရဲ့မိသားစုဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အလွတ်တန်းသတင်းထောက်ကိုစိုးရာဇာထွန်းကိုတော့ အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၁ မတ်လတုန်းက ဆန္ဒပြပွဲတစ်ခုမှာ သတင်းယူနေတုန်း စစ်ကောင်စီဘက်ကဖမ်းဆီးလိုက်တာဖြစ်ပြီး ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုခံလိုက်ရပြီးနောက်ပိုင်း ဇွန်လထဲမှာတော့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာခဲ့တာပါ။

    ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းသတင်းထောက် ၅၀ ဝန်းကျင် လောက်ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ် မြောက်လာသူတွေလည်းရှိပါတယ်။

    လက်ရှိအချိန်ထိတော့ သတင်းသမား ၄၀ ဝန်းကျင်လောက်ဟာ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရပြီး သတင်းသမားတွေကိုဖမ်းဆီးမှုတွေလည်းဆက်ရှိနေတုန်းဖြစ်တယ်လို့ ဖမ်းဆီးခံသတင်းထောက်တွေနဲ့ပတ်သက်ပြီး စာရင်းကောက်ယူမှတ်တမ်းတင် နေတဲ့အဖွဲ့တွေကထုတ်ပြန်ထားပါတယ်။

    သတင်းထောက်ကိုစိုးရာဇာထွန်း

    ဓာတ်ပုံ ရင်းမြစ်, Social Media

  3. တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ နောက်ထပ်ဖြစ်ပေါ်နေတဲ့ သတင်းတွေကိုတိုက်ရိုက်တင်ဆက်မှုစာမျက်နှာသစ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို လာရောက်ဖတ်ရှုကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

  4. ပုလဲမြို့နယ် သပြေအေးရွာ မနေ့ညက မီးရှို့ခံရ ၊ ရွာလုံးကျွတ်နီးပါးပြာကျ၊ ဒေသခံတွေရဲ့ ပစ္စည်းတွေလည်းဖျက်ဆီးခံရ, ပုလဲအပါအဝင်စစ်ကိုင်းတိုင်းထဲက ဒေသအများစု ဆက်တိုက်မီးရှို့ခံနေရပါတယ်။

    Pale township, Sagaing, March 13

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပုလဲမြို့နယ် သပြေအေးရွာ မနေ့ညက မီးရှို့ခံရ

    စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က သပြေအေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအင်အား ၆၀ ကျော် က မတ် ၁၁ ရက် မနေ့က အဖွဲ့သုံးဖွဲ့ခွဲပြီး ရွာပတ်လည်ကို ဝင်ရောက်လာကြတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးတော့ ရွာအပြင်မှာ ရှောင်နေတဲ့ ဒေသခံတွေကို ပစ်ခတ်တဲ့အပြင် ရွာကိုလည်း ည ၈ နာရီမှာ မီးရှို့ခဲ့တယ်လို့ဆိုပါတယ်။အိမ်ခြေ ၅၀ ကျော်သာရှိတဲ့ ရွာလေးဖြစ်တာကြောင့် အခုမီးရှို့ခံရတာ အိမ်ခြေ ၄၀ ကျော်ပါသွားတဲ့အတွက် ရွာလုံးကျွတ်နီးပါး မီးရှို့ခံလိုက်ရတာပါ။

    ပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ နှောရိုး၊ ချောင်းဦးကျေးရွာတွေ မီးရှို့ခံထားရတာကြောင့် ကိုယ့်ရွာကို မီးလာရှို့မှာကို စိတ်ပူလို့ ဒေသခံတွေက ရွာအပြင်မှာ ရှောင်နေကြတာပါ။အဖွဲ့ခွဲပြီးဝင်လာတဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်တာကြောင့် အကုန်ထွက်ပြေးကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီလို ထွက်ပြေးလို့ ကျန်နေခဲ့တဲ့ ဒေသခံတွေရဲ့ အစားစာတွေကို စားသောက်သွားတဲ့အပြင်၊ စားပြီးတဲ့ အိုးခွက်တွေထဲမှာ မစင်စွန့်သွားတာတွေ တွေ့ရတယ်လို့ ပြောပါတယ်။

    Pale township, Sagaing, March 13

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပုလဲမြို့နယ် သပြေအေးရွာ မနေ့ညက မီးရှို့ခံရ

    သပြေအေးရွာရဲ့ မီးရှို့မခံရခင် အရင်ရက်ကမီးရှို့ခံရတဲ့ နှောရိုးရွာက ဓားစာခံ ငါး ယောက်ကိုလည်း သပြေအေးရွာအနီး မလှမ်းမကမ်းမှာ ပြန်တွေ့ကြပါတယ်။ မတ် ၁၀ ရက်ညက ရွာမီးရှို့ခံရပြီး အဖမ်းခံလိုက်ရတဲ့ ဒေသခံငါးယောက်ဟာ ဒီနေ့မနက်မှာ ညိုမည်းစွဲနေတဲ့ ဒဏ်ရာတွေနဲ့ ပြန်လွတ်လာတယ်လို့ သပြေအေးရွာဒေသခံတွေက ပြောပါတယ်။

    Pale township, Sagaing, March 13

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပုလဲမြို့နယ် သပြေအေးရွာ မနေ့ညက မီးရှို့ခံရ

    သပြေအေးကျေးရွာနဲ့ နှောရိုးကျေးရွာကို စစ်ကောင်စီတပ်တွေက ည ၈ နာရီအချိန်တွေမှာ မီးစရှို့ကြတာဖြစ်ပြီး မီးရှို့မယ့်နေရာတွေကို သေချာရွေးပြီးမှ နေရာခွဲပြီးရှို့ကြတာလို့မျက်မြင်တွေ့တဲ့ ဒေသခံတွေက ပြောပါတယ်။ပုလဲမြို့နယ်က မီးရှို့ခံရတဲ့ ချောင်းဦး၊ နှောရိုးနဲ့ သပြေအေးရွာတွေဟာ ရွာနီးချင်းတွေပါ။ တိုက်ပွဲဖြစ်တာတွေမရှိဘဲမီးရှို့ခံရပြီး တစ်ရွာနဲ့တစ်ရွာ မကူညီနိုင်ကြတာကြောင့် နေ့စဉ် အစားသောက်၊ အဝတ်အစားနဲ့ ဆေးဝါးတွေခက်ခဲနေကြရပါတယ်။ကျေးရွာတွေကို မီးရှို့သွားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ဒီနေ့မနက်မှာ တုန်းကန်ကျေးရွာကို ရောက်နေကြပြီး အဲ့ဒီရွာမှာ ထပ်ပြီးမီးရှို့ခံရမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေပါတယ်။စစ်ကိုင်းတိုင်းထဲက ပုလဲမြို့နယ်အပြင်၊ တန့်ဆည်မြို့နယ်က ကျေးရွာတချို့လည်း မီးရှို့ခံနေရပြီး ယင်းမာပင်၊ ရေဦးနဲ့တန့်ဆည် အပါဝင် မြို့နယ်အချို့မှာလည်း တိုက်ပွဲဖြစ်တာတွေ ရှိနေကြပါတယ်။

  5. အာရှလမ်းသစ်မှာ ကုန်တင်ယာဉ် ၂ စီး ပစ်ခတ်ခံရပြီး မီးလောင်၊ ယာဉ်မောင်းသေဆုံး, စစ်ကောင်စီတပ်က ပစ်ခတ်တာလို့ KNLA ဘက်ကပြော၊ စစ်တပ်ဘက်ကတော့ တစ်စုံတစ်ရာတုံ့ပြန်တာမရှိသေး

    မြဝတီ.ကော့ကရိတ် အာရှလမ်း တောနော်ရေတံကွေ့အနီးမှာ ဒီနေ့ မတ် ၁၂ ရက်မနက်ပိုင်းက ကုန်တင်ယာဉ် ကား ၂ စီး ပစ်ခတ်မီးရှို့ခံရပြီး ယာဉ်မောင်းတစ်ဦး သေဆုံးသွားပါတယ်။ဒီနေ့ မနက်ပိုင်းက ကော့ကရိတ် ကမိုင်ကုန်းဘက်ကနေ အာရှလမ်းသစ် အတိုင်း မြဝတီဘက်ကို ခြေလျင်စစ်ကြောင်း တက်လာတဲ့ အင်အား၁၀၀ ခန့် ရှိတဲ့ စစ်ကောင်စီတပ်တွေက ကုန်ကား ၂ စီးကို ပစ်ခတ် မီးရှို့ခဲ့တာဖြစ်တယ်လို့ KNUတပ်မဟာ၆ ဒူးပလာယာခရိုင် စစ်ရေး နယ်မြေ နီးစပ်သူက ပြောပါတယ်။

    New Asia Road, Kayin State, March 12

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပစ်ခတ်မီးရှို့ခံရတဲ့ ကုန်တင်ယာဉ်တစ်စီးမီးလောင်နေပုံ

    အဲဒီလမ်းပိုင်းမှာ ဒီနေ့မတ်လ ၁၂ ရက်မနက် ၆ နာရီလောက်က စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်ပါတဲ့စစ်ကြောင်းတစ်ခု လုံခြုံရေးယူ သွားလာနေတာကိုလည်းတွေ့ရပါတယ်။ မနေ့ကစလို့ ကေအန်ယူတပ်မဟာ ၆ ထိန်းချုပ်နယ်မြေအနီး အာရှလမ်းသစ် တဝိုက် တိုက်ပွဲတွေဖြစ်ပွားနေပြီး တံတား တစ်စင်းမိုင်းခွဲခံထားရပါတယ်။ ဒီမနက်မှာ အဲဒီလမ်းပိုင်းမှာ လုံခြုံရေးအခြေအနေကြောင့် ယာဉ်အသွားအလာနည်းပါးနေပေမယ့် ကုန်တင်ယာဉ်တချို့နဲ့ အိမ်စီးကားတစ်ချို့ ဖြတ်သန်းသွားလာတာတွေ့ရပြီး ခုလို ပစ်ခတ်မီးရှို့ခံရမှုတွေရှိနေတာဖြစ်ပါတယ်။

    New Asia Road, Kayin State, March 12

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အာရှလမ်းသစ်မှာ ကုန်တင်ယာဉ်တွေ ရပ်တန့်ပိတ်ဆို့နေပုံ

    "ဒီကနေ့မနက် ပိုင်းက စစ်တပ်က ကမိုင်ကုန်းလမ်းကနေ မြဝတီ တက်တဲ့ အာရှ လမ်းဘက် ကို စစ်ကြောင်း ခြေလျင်သွားနေတယ် ဆိုတာ သတင်းရတယ်။ လမ်းမှာ ဘားအံ ဘက်ကနေ မြဝတီ ဘက်ကို ကုန်တင် ဖို့ တက်လာတဲ့ ကုန်ကား တွေ တားတယ်။ သူတို့ကို တင်သွား ဖို ပြောတာမှာ မတင်လို့ ပစ်တယ် ၊ ကားကို မီးရှို့ တယ်၊ ယာဉ်မောင်းတစ်ဦးသေသွားတယ် လို့ သိရတယ်။ တောနော်ကွေ့ မှာ တစ်စီး၊ ကော့နွဲ့ ရွာ လမ်း မှာ တစ်စီး မီးလောင်နေတယ်။ ကျွန်တော်တို့ ကရင် အဖွဲ့ တွေ က အဲဒီနေရာဘက်မှာ နေရာယူတာ မရှိ ဘူး။ တိုက်ပွဲ ဖြစ် တာ လည်းမရှိ ဘူး။ အခုတော့ တောင် အတက်အဆင်း ကားတွေ မသွားရဲ ကြတော့ဘူး" လို့ KNLA တပ်ဖွဲ့စစ်ရေးနယ်မြေ တာဝန်ရှိသူများ နှင့် နီးစပ်သူ က ပြောပါတယ်။လက်ရှိမှာတော့အဲဒီလမ်းပိုင်းမှာ ကုန်တင်ယာဉ်တွေ ရပ်တန့်ပိတ်မိနေတယ်လို့သိရပါတယ်။ ကုန်တင်ယာဉ်တွေပစ်ခတ်မီးရှို့ခံရတာ စစ်ကောင်စီတပ်တွေလက်ချက်လို့ပြောကြားချက်နဲ့ပတ်သက်လို့စစ်တပ်ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    Myanmar Military Troops, New Asia Road, Kayin State, March 12

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အာရှလမ်းမကြီးပေါ်မှာ ဒီနေ့ မတ် ၁၂ ရက်မနက်အစောပိုင်းက တွေ့ရတဲ့ စစ်ကောင်စီတပ်တွေ
  6. စစ်ကောင်စီသတင်းတွေထုတ်ပြန်ပေးနေပြီး စစ်အာဏာသိမ်း ဆန့်ကျင်သူတွေရဲ့သတင်းအချက်အလက်တွေကို ဖော်ထုတ်ဖမ်းဆီးခိုင်းတဲ့ တယ်လီဂရမ်ချန်နယ်တွေအပိတ်ခံရ

    စစ်ကောင်စီဘက်ကထုတ်ပြန်တဲ့ သတင်းတွေကိုဖော်ပြပေးနေပြီး စစ်အာဏာသိမ်းတာကိုဆန့်ကျင်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို တောက်လျှောက်အသေးစိတ်ဖော်ပြပေးနေတဲ့ ပြည်တွင်းက တယ်လီဂရမ်ချန်နယ်တချို့ကို တယ်လီဂရမ်ကနေ မနေ့မတ်လ ၁၁ ရက်နေ့ကဖယ်ရှားလိုက်ပါတယ်။

    ဟန်ငြိမ်းဦး၊ သဇင်ဦး စတဲ့ အမည်တွေနဲ့တယ်လီဂရမ်ချန်နယ် နှစ်ခုဟာစစ်ကောင်စီဘက်က သတင်းတွေထုတ်ပြန်ပေးနေသလို စစ်ကောင်စီပြောခွင့်ရသူနဲ့အင်တာဗျူးမေးမြန်းခန်းကို သဇင်ဦး ချန်နယ်ကနေ အပိုင်းလိုက် အခန်းဆက် ဖော်ပြနေတာလည်း တွေ့ရပါတယ်။

    ဟန်ငြိမ်းဦးအမည်နဲ့တယ်လီဂရမ်ချန်နယ်မှာတော့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေမှာပါဝင်သူတွေရဲ့လှုပ်ရှားမှုတွေ၊ ကိုယ်ရေးအချက်အလက်နဲ့နေအိမ်လိပ်စာတွေကိုဖော်ပြပေးပြီး ဒီချယ်နယ်မှာဖော်ပြခံရပြီးရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံရတာတွေ၊ စစ်ကောင်စီဘက်က နေအိမ်တွေကို ချိပ်ပိတ်တာတွေလည်းဆက်တိုက်ဖြစ်ခဲ့ပါတယ်။

    လူမှုကွန်ရက်ဖေ့ဘွတ်သုံးစွဲသူတွေက သူတို့ရဲ့ကိုယ်ပိုင်လူမူကွန်ရက်စာမျက်နှာတွေမှာ စစ်ကောင်စီကိုဆန့်ကျင်တဲ့ရေးသားဖော်ပြချက်တွေကိုလည်း ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်က မှတ်တမ်းတင်ဖော်ပြပေးနေပြီး ဖမ်းဆီးခံသူတွေလည်းရှိနေတာပါ။

    ဒါ့အပြင်စစ်ကောင်စီကိုဆန့်ကျင်သူတွေကို သူတို့ချယ်နယ်တွေကို သတင်းပေးတိုင်ကြားနိုင်တယ်လို့လည်းဖော်ပြထားပြီးအဲဒီလို တိုင်ကြားမှုတွေလည်းရှိနေကြောင်း ဒီချယ်နယ်တွေက ဖော်ထုတ်ထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ သူတို့သတင်းတွေကိုထုတ်ပြန်ပေးနေတဲ့ ဒီတယ်လီဂရမ်ချယ်နယ်တွေနဲ့ပတ်သက်လို့ထုတ်ဖော်ပြောကြားတာမရှိပါဘူး။

    ဟန်ငြိမ်းဦး ချန်နယ်ဟာ မဖျက်သိမ်းခံရခင် မနေ့မတ်လ ၁၁ ရက်ညပိုင်းအထိ subscriber တစ်သိန်းကျော်ရှိခဲ့ပြီး အခုဒီမနက်မှာ အဲဒီနာမည်နဲ့ချန်နယ်အသစ်တချို့ ထပ်မံထွက်ပေါ်လာတာတွေ့ရပါတယ်။

    စစ်ကောင်စီ

    ဓာတ်ပုံ ရင်းမြစ်, social media

  7. စစ်တပ် ဆုတ်ခွာဖို့ ကေအန်န်ယူကြေညာထားပေမယ့် စစ်ကောင်စီတပ်တွေအင်အားတိုးဝင်ရောက်လာလို့ ဒူးပလာယာခရိုင်အတွင်း တိုက်ပွဲတွေဖြစ်, တိုက်ပွဲတွေပိုပြင်းထန်လာနိုင်တယ်လို့ဆို

    စစ်ကောင်စီတပ်တွေ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်အတွင်းကနေ ၃ ရက်အတွင်း ဆုတ်ခွာပေးဖို့ မတ် ၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်အပြီး နောက်ပိုင်းမှာ စစ်တပ်ဘက်က အဲဒီဒေသထဲ အင်အားတိုး စစ်ကြောင်းထိုးလာတာကြောင့် မနေ့က မတ်လ ၁၁ရက် မှာ တိုက်ပွဲ ၃ နေရာမှာဖြစ်ပွားခဲ့တယ်လို့ ကော့ကရိတ် KNLA တပ်ရင်း၂၇ နဲ့ နီးစပ်သူ တစ်ဦး က ပြောပါတယ်။

    တိုက်ပွဲအတွင်း တံတားတစ်စင်း မိုင်းခွဲ တိုက်ခိုက်ခံရပြီး မြဝတီ - ကော့ကရိတ် အာရှလမ်းသစ် တစ်လျှောက် စစ်တပ်အင်အား ၁၀၀ ကျော် စစ်ကြောင်းက မတ်လ ၁၂ရက် ဒီကနေ့ မနက် အစောပိုင်းမှာ နေရာယူထားတယ်လို့သိရပါတယ်။ " KNU တပ်မဟာ ၆ က စစ်တပ်တွေကို နောက်ဆုတ် ဖို့ မတ်လ ၇ ရက်က စာထုတ် ထား တာမှာ မဆုတ်ဘဲ မနေ့က စစ်အင်အားတိုး နေရာယူ တာတွေ ရှိလာတော့ ကော့ကရိတ် ဘက်မှာ အာရှလမ်း တောနော်ချောင်း နား မှာ တစ်ကြိမ်၊ ညနေပိုင်း ကမိုင်ကုန်း ရွာဘက် မှာ တစ်ကြိမ်၊တောင်ကြာအင်း တံတား နား မှာ တစ်ကြိမ်ပေါ့။ ၃ နေရာ တိုက်ပွဲ ဖြစ်တယ်။ တောင်ကြာအင်း တိုက်ပွဲ ကတော့ ည ၉ နာရီကျော်အထိဖြစ်တယ်။ ကင်းထောက်လေယာဉ် ၂ခေါက် လာတယ်။ စစ်တပ် ဘက်က လက်နက်ကြီး တွေ နဲ့ ကျေးရွာ တွေ ဘက် ပစ်ခတ်တာ မှာ အရပ်သား လက်နက်ကြီး အစမှန် ဒဏ်ရာရတာ ၃ယောက်လောက် ရှိတယ်။ ရွာသားအိမ်တွေ ပျက်စီးတယ်။ ကျွန်တော်တို့ ကော့ကရိတ် နယ်ထဲ ကို ညကရော ဒီအခု မနက်ရော စစ်အင်အားတွေ ထပ်တိုး ဝင်လာနေတယ် ။ ပြန်မဆုတ် တဲ့ အပြင် ထပ်တိုး လာတယ် ဆိုတော့ တိုက်ပွဲ ဆက်ဖြစ်ရမယ့် အခြေ အနေ ပါ" လို့ ကော့ကရိတ် KNLA တပ်ရင်း၂၇ နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

    ကော့ကရိတ် တောင်ပိုင်း တောင်ကြာအင်း၊ လောင်းကိုင် ၊ ဖားကျ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်တွေနဲ့ ကရင်နယ်ခြားစောင့် BGF ပူးပေါင်းတပ်တွေ နယ်မြေရှင်းလင်းရေးဆိုပြီး စစ်ကြောင်းတွေဝင်ရောက်လာတာဖြစ်တယ်လို့သိရပါတယ်။ မြောက်ကြာအင်း ရွာ ဘက်ကနေ ဟောင်သရော မြစ်ကူးတံတား ကို ဖြတ်ပြီး မြောက်ကြာအင်း ကျေးရွာ ထိပ် စာသင်ကျောင်းဝင်းမှာ တပ်စွဲထားကာ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ မတ် ၁၂ ရက်မနက်ပိုင်းမှာ ဒေသခံတွေဟာ ကျုံဒိုး ၊ ၅ တိုင်၊ ၉ တိုင် ကျေးရွာတွေဘက်ကို စစ်ဘေးရှောင်နေရပါတယ်။ ဒါကြောင့် အဲဒီဒေသတစ်ဝိုက်မှာ လေးကေ့ကော်လို တိုက်ပွဲကြီးတွေဖြစ်လာပြီး ဒေသခံတွေ နေရပ် စွန့်ခွာ စစ်ဘေးရှောင်ရမှာကိုလည်း စိုးရိမ်နေကြကြောင်း တောင်ကြာအင်းဒေသခံ က ပြောပါတယ်။

    " မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် တောနော်ချောင်းကူးတံတား မှာ မနေ့က တိုက်ပွဲ အတွင်း မိုင်း ပေါက်ကွဲ မှုကြောင့် လုံခြုံရေးကိုစိုးရိမ်လို့လမ်းအသုံးပြုဖြတ်သန်းသွားလာတဲ့ယာဉ်နည်းပါးနေပါတယ်။

    Military Troops, March 12, Kayin State

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အာရှလမ်းမကြီးပေါ်မှာ ဒီနေ့ မတ် ၁၂ ရက်မနက်အစောပိုင်းက တွေ့ရတဲ့ စစ်ကောင်စီတပ်တွေ
  8. တစ်ရွာလုံး မီးလောင်ခဲ့တဲ့ ခါကာဘိုရာဇီတောင်ခြေရွာတွက် အခြေခံပစ္စည်းတွေ ပို့ဖို့ကူညီသူတွေ ပြင်ဆင်

    ထလာထု

    ဓာတ်ပုံ ရင်းမြစ်, CJ

    နောင်မွန်မြို့နယ်မှာ တရွာလုံးမီးလောင်သွားတဲ့ ထလာထု ရွာအတွက် အလှူငွေလက်ခံနေဆဲဖြစ်ပြီး လာမယ့် သီတင်းပတ်မှာ အခြေခံပစ္စည်းတွေ ပို့နိုင်ရန်စီစဉ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

    ပူတာအို ခရိုင် နောင်မွန်မြို့နယ် ပန်နန်ဒင်မြို့ ထလာထုကျေးရွာဟာ ခါကာဘိုရာဇီ တောင်ခြေနားမှာရှိတဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်တဲ့ ရွာတစ်ရွာ ဖြစ်ပါတယ်။ ပူတာအိုကနေသွားရင် ပန်နန်ဒင်အထိသာ ကားလမ်းပေါက်ပြီး ပန်နန်ဒင်ကနေတော့ ခြေလျင်ခရီးနဲ့ ၆ ရက်အကြာ ခရီး ဆက်သွားရတဲ့နေရာဖြစ်ပါတယ်။

    အဲ့ဒီ ထလာထုရွာမှာ မတ်လ ၄ ရက်နေ့က တရွာလုံး မီးလောင်ခဲ့ပြီး ကျောင်းတစ်ကျောင်းနဲ့ ချောင်းနားက အိမ်တစ်အိမ်ပဲ ကျန်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    မီးလောင်တဲ့အကြောင်းအရင်းကို သေချာမသိကြပေမဲ့ လောင်နေတဲ့ချိန်မှာတော့ လူကြီးတွေက တောထဲမှာ အလုပ်သွားလုပ်နေတဲ့အချိန် ဖြစ်တယ်လို့ ဆိုပါတယ်။

    အခုမီးလောင်သွားတဲ့ ထလာထုရွာဟာ အိမ်ခြေ ၁၃ အိမ် ရှိပြီး လူဦးရေ ၇၀ ကျော် နေထိုင်တဲ့ရွာ ဖြစ်ပါတယ်။

    ဒါကြောင့် လမ်းပန်းဆက်သွယ်ရေးအပြင် အစစအရာအရာ ခက်ခဲနေတဲ့ အချိန် ဖြစ်တာကြောင့် ရွာအတွက်ကို အားလုံး ပြန်လည် မထူထောင်နိုင်သေးပေးမဲ့ အဓိက လိုအပ်တာတွေကိုတော့ လာမယ့် သီတင်းပတ်ထဲ ပို့ဆောင်ဖို့ စီစဉ်နေပြီး အလှူငွေထည့်ချင်သူတွေကို လက်ခံနေသးတယ်လို့ ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

    ထလာတု

    ဓာတ်ပုံ ရင်းမြစ်, CJ

  9. ကယားစစ်ရှောင်တွေ အခက်အခဲမျိုးစုံ ကြုံနေရ

  10. ကျူးကျော်လို့ဆိုတာကြောင့် မြစ်ငယ်ဒေသခံတွေ ကိုယ်တိုင်အိမ်ဖျက်ပြီး ရွှေ့ပြောင်းနေရ

  11. တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒီးမော့ဆိုမြို့ကဒေသခံတွေ ပြည်နယ်အတွင်းကနေထွက်ပြီးစစ်ရှောင်ဖို့ကို စစ်ကောင်စီကန့်သတ်ထား

    စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယား(ကရင်နီ)ပြည်နယ်ထဲမှာတော့ အခုရက်သတ္တပတ်ထဲမှာတင် တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။

    တိုက်ပွဲတွေကြောင့် ပြည်နယ်လူဦးရေ တဝက်ကျော်လောက် စစ်ဘေးတိမ်းရှောင်နေရတဲ့ ကယားပြည်နယ်ထဲမှာတော့ ပြည်နယ်တွင်းမှာပဲ စစ်ဘေးတိမ်းရှောင်သူတွေရှိသလို ရှမ်းကယားနယ်စပ်ဘက်နဲ့တခြားဒေသကို ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်သူတွေရှိလာတယ်လို့ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာတော့ ရှမ်း၊ကယားနယ်စပ်ဘက်ကိုသွားတဲ့ လမ်းတွေဖြစ်တဲ့ မိုးဗြဲ၊ ဖယ်ခုံဘက်တွေမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတာကြောင့် သွားလာဖို့အခက်အခဲတွေရှိနေတဲ့အပြင် တောင်ငူဘက်ကိုသွားရာလမ်းမှာတော့ စစ်ကောင်စီဘက်က ပိတ်ဆို့ထားပြီး ကန့်သတ်မှုတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    “ဒီးမော့ဆိုဘက်ကစစ်ရှောင်နေရာတွေမှာ လက်နက်ကြီးတွေကျတော့ ရှမ်းပြည်နယ်ဘက်တက်တဲ့လမ်းတွေ ဘက်ကိုလည်းမသွားရဲဘူး။ စစ်ပွဲတွေဖြစ်နေတော့ တော်တော်လေးစွန့်စားနားစွင့်ပြီးသွားမှရမှာ။ ဒါကြောင့် မသွားရဲကြဘူး။ တောင်ငူဘက်သွားတဲ့လမ်းကျတော့ စစ်တပ်စစ်ဆေးရေးဂိတ်က စစ်ရှောင်ဆိုတာနဲ့လှည့်ပြန်ခိုင်းတယ်။ တခြားအိမ်စီးကားနဲ့ ဟိုဘက်အဆက်အသွယ်ရှိတဲ့လူလောက်ပဲသွားလို့ရတယ်။ ဒီဘက်ကသွားရင်တော့စစ်ရှောင်ဆိုတာနဲ့လှည့်ပြန်ရတယ်“လို့ ဒေသခံတွေကပြောပါတယ်။

    ဒီးမောဆိုမြို့နယ်အတွင်းမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ဒေသခံတွေအနေနဲ့လည်း အခုရက်သတ္တပတ်ထဲမှာတင် စစ်ရှောင်စခန်းတွေဆီလက်နက်ကြီးကျလာတာကြောင့် ထပ်မံ ရွှေ့ပြောင်းတိမ်းရှောင်နေရသူတွေရှိသလို ပြောင်းစရာနေရာမရှိသူတွေနဲ့ပြောင်းရွှေ့ ဖို့ခက်ခဲသူတွေကတော့စိုးရိမ်စိတ်တွေနဲ့ပဲဆက်နေထိုင်နေရတာတွေလည်းရှိတယ်လို့စစ်ရှောင်နေရသူတွေကပြောပါတယ်။

    လူဦးရေ ၃သိန်းကျော်လောက်ရှိတဲ့ ကယားပြည်နယ်ထဲမှာတော့ ပြည်နယ်လူဦးရေရဲ့ တဝက်ကျော်လောက်ဟာ အိုးအိမ်စွန့်ခွာ ပြီး စစ်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံလူမှုအဖွဲ့အစည်းတွေကထုတ်ပြန်ထားပါတယ်။

    အဲ့ဒီထဲက လူဦးရေ ၁၂၀၀၀၀ လောက်ကတော့ဘေးလွတ်ရာ တောတောင်တွေနဲ့ဒေသတွင်းစစ်ရှောင်စခန်းတွေ၊ ဘုရားကျောင်းတွေမှာ မှာခိုလှုံနေကြရသလို ကျန်လူဦးရေကတော့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့နီးစပ်ရာဒေသတွေမှာ သွားရောက်ခိုလှုံ တိမ်းရှောင်နေရပါတယ်။

    လက်ရှိမှာတော့ ကယားပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတွေနဲ့တိုက်ပွဲမရှိတဲ့ ကျေးရွာတွေကို ပါလက်နက်ကြီးတွေကျရောက်တာတွေနဲ့စစ်ရှောင်နဲ့ဒေသခံပြည်သူတွေထိခိုက်ဒဏ်ရာရတာတွေ ၊ သေဆုံးတာတွေရှိနေတယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။ ဒီအခြေအနေမှာပဲ ပြည်နယ်ပြင်ပကို ထွက်ပြေးတိမ်းရှောင်ဖို့ကို ပါကန့်သတ်ခံရတဲ့အခြေအနေထပ်ဖြစ်လာတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။

    ဒီးမော့ဆို

    ဓာတ်ပုံ ရင်းမြစ်, Kantarawaddy Times

  12. လျှပ်စစ်မီးနာရီနဲ့ချီ ပြတ်တောက်နေတာကြောင့် သောက်သုံးရေပြတ်လပ်မှုတွေရှိလာ, ပရဟိတအသင်းတွေသောက်သုံးရေ လိုက်ကူညီပေးနေရ

    နိုင်ငံတဝန်းက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာ မတ်လအစောပိုင်းကစလို့လျှပ်စစ်မီးပြတ်တောက်မှုတွေပိုများလာသလို မီးပြတ်ချိန်ကြာလာတာကြောင့် နောက်ဆက်တွဲသောက်သုံးရေပြတ်တောက်မှုတွေပါဖြစ်လာပါတယ်။

    ရန်ကုန်မြို့လို လူဦးရေထူထပ်ပြီး တိုက်ခန်းနေလူဦးရေများပြားတဲ့ ရပ်ကွက်တွေမှာတော့မီးပြတ်ချိန်များလာတာနဲ့အမျှ အထပ်မြင့်တွေဆီရေတင်ဖို့ခက်လာပြီး သောက်သုံးရေမရတာတွေပါရှိလာတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီအခြေအနေတွေကြောင့် ပရဟိတလူမှုကူညီရေးအသင်းတွေဆီအကူအညီတောင်းခံမှုတွေရှိလာပြီး ရပ်ကွက်တွေအတွင်း သောက်သုံးရေးဖြန့်ဝေမှုတွေလိုက်လုပ်ပေးနေရတယ်လို့သောက်သုံးရေးကူညီဖြန့်ဝေပေးနေတဲ့ ပရဟိတအသင်းတွေကပြောပါတယ်။

    “ရေအခက်အခဲဖြစ်နေတယ်ဆိုပြီး ရပ်ကွက်မြို့နယ်တော်တော်များများကအကူအညီတောင်းကြတယ်။ လူအများဆုံးနဲ့ရက်ကြာရေပြတ်နေတဲ့နေရာတွေကို ဦးစားပေးလှူဒါန်းပေးနေပါတယ်။ လိုအပ်နေတဲ့နေရာနဲ့လှူပေးနေရတဲ့နေရာနဲ့လုံလောက်မှုတော့မရှိဘူးလိုအပ်ချက်တွေလည်းရှိနေပါတယ်။ အရင်နှစ်တွေကလည်း ရက်တရာစီမံကိန်းနဲ့နွေရာသီဆိုရင် သောက်သုံးရေရှားပါးတဲ့ ဒလဘက်ကိုကူညီလှူဒါန်းပေးနေပါတယ်။ ရန်ကုန်မှာလည်းလှူပေးရတာတွေရှိပေမယ့် အခုနှစ်လအတွင်းမှာတော့ ရန်ကုန်မှာပါ သောက်သုံးရေလိုအပ်ချက်တွေတအားများလာပါတယ်။ ကျွန်တော်တို့တင်မဟုတ်ဘဲသက်ဆိုင်ရာကိုယ်တိုင်ပါဝင်လုပ်ဆောင်မှရပါမယ်" လို့ ရန်ကုန်မှာ သောက်သုံးရေးကူညီလှူဒါန်းပေးနေတဲ့ ရှင်သန်ရေးကူညီမှုအသင်းက တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    လျှပ်စစ်မီး

    ဓာတ်ပုံ ရင်းမြစ်, ရှင်သန်ရေးကူညီမှုအသင်း

    အခုလိုလျှပ်စစ်မီးပြတ်တောက်မှုနောက်ဆက်တွဲရေအခက်အခဲတွေကြောင့် အချိန်ပိုင်းမီးစက်ဌားရမ်းပြီးရေတင်ရတာတွေအပြင်ရေစည်လှည်းတွေနဲ့ရေရောင်းချတာတွေလည်း ရှိလာတယ်လို့ဒေသခံတွေကပြောပါတယ်။

    အခုနောက်ပိုင်းမှာဆိုရင်လည်း မြို့နယ်တချို့မှာ လျှပ်စစ်မီးပြတ်တောက်မှုဟာတစ်နေ့ကို ၆နာရီကနေ ၁၀ နာရီအထိကြာမြင့်လာသလို ဒီထက်ပိုအချိန်ကြာပြီး မီးပြတ်တဲ့ မြို့နယ်၊ ရပ်ကွက်တွေလည်းရှိလာတာကြောင့် နေ့စဉ်လူမှုဘဝတွေ အခက်အခဲဖြစ်နေတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။

    လျှပ်စစ်မီး

    ဓာတ်ပုံ ရင်းမြစ်, ရှင်သန်ရေးကူညီမှုအသင်း

  13. မြစ်ငယ်တစ်မြို့လုံးနီးပါး စစ်ကောင်စီ ဖျက်ခိုင်းပြီးနောက် အနီးကကျေးရွာနဲ့နေအိမ်တွေကိုပါ ဖျက်ဖို့ထပ်သတိပေး

    မန္တလေးတိုင်း၊ အမရပူရမြို့နယ်ထဲက မီးရထားဝန်ထမ်း တွေနေထိုင်ကြတဲ့ မြစ်ငယ်မြို့ပေါ်က ရပ်ကွက် ၁၃ ခုကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး မတ်လ ၅ရက်နေ့ကစလို့ စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ဝင်တွေက ဖျက်သိမ်းခိုင်းခဲ့တာကြောင့် ရပ်ကွက် ၁၃ ခုလုံးက ဒေသခံတွေ ကိုယ်အိမ်ကိုဖျက်ပြီး ပြောင်းပေးခဲ့ကြရတယ်လို့ဒေသခံတွေကပြောပါတယ်။

    အခုအခါ ရပ်ကွက် ၁၃ ခုလုံးက နေအိမ်တွေအကုန်ဖျက်ပေးပြီးတဲ့နောက် အနီးအနားက ကျေးရွာနဲ့လူနေအိမ်တွေကိုလည်း မီးရထားပိုင်မြေနဲ့မလွတ်တဲ့ကျူးကျော်မြေအဖြစ်သတ်မှတ်ပြီး ဖျက်ပေးဖို့သတိပေးစာတွေကပ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။

    “ရပ်ကွက် ၁၃ ခုလုံးဖျက်လိုက်လို့ တမြို့လုံးနီးပါးဟင်းလင်းပြင်ဖြစ်သွားပြီ။ မြို့ထဲက ထွက်သွားစရာရှိတဲ့လူကလည်းထွက်သွားကြပြီ။ သွားစရာမရှိတဲ့သူကျတော့လည်း သူတို့ဖျက်ထားတဲ့အိမ်လေးနားမှာပဲ တဲထိုးပြီးဆက်နေနေကြတယ်။ အခုကျတော့ ရေနီမြောင်း အရှေ့ ၃၅ ပေနဲ့အနောက် ၃၅ ပေကိုဖျက်မယ်ပြောတယ်။ လမ်းဆုံမှာလည်း ၁၄၅ ပေအတွင်း အမြန်လမ်းဖောက်ပြီးရှင်းလင်းရေးလုပ်မယ်ဆိုပြီး ဆိုင်းဘုတ်ထောင်ထားတယ်။ အဲ့ဒီနေရာတွေကလည်း အခုဖျက်လိုက်ရတဲ့ရပ်ကွက်တွေလိုပဲသားစဉ်မြေးဆက် နေလာကြတဲ့နေရာတွေပဲ “လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မြစ်ငယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    မြစ်ငယ်မြို့ဟာ မီးရထားဝန်ထမ်းတွေအများဆုံးနေထိုင်ကြသလို အများစုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာတော့ ရပ်ကွက် ၁၃ ခုကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး အကြောင်းပြချက်မပေးဘဲ ဖျက်ဖို့သတိပေးခဲ့ပြီး မတ်လ ၅ရက်နေ့ကစလို့ စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ဝင်တွေက ဘူဒိုဇာကားတွေနဲ့ အင်အားသုံးဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒါကြောင့် ရပ်ကွက် ၁၃ ခုက ဒေသခံတွေဟာ ရက်ပိုင်းအတွင်းမှာပဲ ကိုယ့်အိမ်တွေကိုဖျက်ပြီး ပြောင်းပေးခဲ့ရတာကြောင့် အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေကဆိုပါတယ်။

    ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ ရန်ကုန်မြို့က လှိုင်သာယာ၊ရွှေပြည်သာနဲ့သန်လျင်မြို့တွေမှာရှိတဲ့ ကျုူးကျော်အိမ်တွေကို စစ်ကောင်စီက ရက်ပိုင်းအတွင်း ဖျက်သိမ်းပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။

    အခုလို ကျူးကျော်အိမ်တွေဖျက်သိမ်းရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ပြောဆိုတာမရှိသလို နေရာပြန်ချထားပေးဖို့အစီအစဉ်တွေလည်း ထုတ်ပြန်တာမရှိခဲ့ပါဘူး။

    မြစ်ငယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

  14. တိုက်ပွဲတွေကြောင့်ပူတာအိုကလုံရှာယန်နဲ့ဆွမ်ပီယန် ဒေသခံတွေ မြစ်ကြီးနားကိုတိမ်းရှောင်လာရ

    ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ထဲက လုံရှာယန်နဲ့ ဆွမ်ပီယန်ဘက်က ဒေသခံတွေဟာ ဖေဖော်ဝါရီလအတွင်းက တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့ကိုစစ်ဘေးတိမ်းရှောင်ပြီး နေထိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

    လုံရှာယန်နဲ့ဆွမ်ပီယန်ဘက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာနှစ်ဖက်တိုက်ပွဲတွေရှိခဲ့သလို ကျေးရွာတွေအနီးမှာပဲစစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ ကျေးရွာတွေအတွင်း လက်နက်ကြီးတွေကျတဲ့ဖြစ်စဉ်လည်းရှိခဲ့တာကြောင့် အခုလိုနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြရတာ ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    “ ဟိုဘက်မှာက ခါတိုင်းအေးဆေးနေလို့ရတယ်။ ဒီနောက်ပိုင်းမှာမကြားဖူးတဲ့ သေနတ်သံတွေကြားရတယ်။ သေနတ်အကြီးသံတွေဖြစ်နေတော့မနေရဲတော့တာပေါ့ နော်။ မြစ်ကြီးနားမှာလည်းဆွေမျိုးအသိုင်းအဝိုင်းမရှိဘူး။ အိမ်လခ တစ်သိန်းခွဲကို အိမ်ထောင်စု ၄စုပေါင်းပြီး ၁၂ ယောက် အိမ်တလုံး ငှါးနေရတယ်။ စားသောက်နေထိုင်နေရေးတွေသွားလာရေးတွေ အကုန်ခက်ခဲနေပါတယ် “လို့စစ်ဘေးတိမ်းရှောင်လာရသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုလိုနှစ်ရွာပေါင်း စစ်ဘေးတိမ်းရှောင်လာတဲ့ ဒေသခံ ၂၀၀၀ ကျော်လောက်ရှိပြီး တချို့ကတော့ စစ်ရှောင်စခန်းတွေမှာနေထိုင်ကြသလို တချို့ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်နေကြသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

    ပူတာအိုမြို့

    ဓာတ်ပုံ ရင်းမြစ်, Putao News Generation

  15. ထားဝယ်သပိတ်စစ်ကြောင်းမှာ ဖမ်းဆီးခံရတဲ့ တက်ကြွလှုပ်ရှားသူလူငယ်ကို အလုပ်နဲ့ထောင်ဒဏ် ၂၈နှစ်ချ, စစ်အာဏာသိမ်းမှုကိုဆန့်ကျင်လို့ ထားဝယ်မှာ ထောင်ဒဏ်ချမှတ်ခံထားရသူ ၂၀၀ ကျော်အထိရှိလာ

    တနင်္သာရီတိုင်း၊ထားဝယ်မြို့ကတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်တဲ့ကိုဟိန်းမင်းကိုကို ခေါ် ကိုဟိန်းလွင်ထူးကိုထားဝယ်ထောင်တွင်းတရားရုံးက ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ထောင်ဒဏ် ၂၈ ချမှတ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကထုတ်ပြန်ပါတယ်။

    အသက် ၂၀ အရွယ် ကိုဟိန်းမင်းကိုကိုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလထဲမှာ ထားဝယ်မြို့ဘုမ္မော်ရပ်ကွက်က သပိတ်စစ်ကြောင်းတစ်ခုမှာ ပစ်ခတ်ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဖမ်းဆီးခံရချိန်မှာ လက်မောင်းနဲ့ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

    အဲဒီနောက် ကိုဟိန်းမင်းကိုကို ကို ပုဒ်မ ၅၀၅ (က)အတွက် ထောင်ဒဏ် ၂ နှစ်၊ ပေါက်ကွဲပုဒ်မ ၃ အတွက် ၂ နှစ်၊ ပေါက်ကွဲပုဒ်မ ၃/၆ အတွက်ပေါက်ကွဲပုဒ်မ ၃/၆ အတွက် ၁၂နှစ် နဲ့ ပေါက်ကွဲပုဒ်မ ၃/၅ အတွက် ၁၂နှစ် စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် ၂၈ နှစ် အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကထုတ်ပြန်ပါတယ်။

    အခုချမှတ်တဲ့ထောင်ဒဏ် ၂၈နှစ်ဟာ ထားဝယ်နိုင်ငံရေးအကျဉ်းသားတွေအမိန့်ချခံရမှုတွေထဲမှာ အမြင့်ဆုံးထောင်ဒဏ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထားဝယ်မြို့မှာတော့ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အားကောင်းခဲ့သလို အာဏာသိမ်းမှုကိုပုံစံမျိုးစုံနဲ့ ဆန့်ကျင်တာတွေရှိခဲ့ပါတယ်။

    စစ်ကောင်စီဘက်ကလည်း ဆက်တိုက်ဖမ်းဆီးမှုတွေလုပ်ခဲ့ပြီး လက်ရှိမှာတော့ ထောင်ဒဏ်ချမှတ်ခံထားသူပေါင်း ၂၁၃ ယောက်ရှိနေပြီလို့ ထားဝယ်နိုင်ငံကျေးအကျဉ်းသားများကွန်ရက်က ၂၀၂၂ ခုနှစ် မတ်လ ၆ရက်နေ့အထိ မှတ်တမ်းတင်ထားတဲ့ စာရင်းတွေကိုထုတ်ပြန်ထားပါတယ်။

    အခုလိုထောင်ဒဏ်ချမှတ်ခံထားရသူတွေမှာတော့ အမျိုးသမီး ၃၈ ယောက်နဲ့အမျိုးသား ၁၇၅ ဦးပါဝင်ပြီး ထောင်ဒဏ် ၂ နှစ်ကစလို့ ၇နှစ်၊ ၉ နှစ် ၊ ၁၄ နှစ်စတဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူတွေလည်း ပါဝင်နေတယ်လို့ထားဝယ်နိုင်ကျဉ်းရဲ့မှတ်တမ်းတင်ထားတဲ့စာရင်းတွေအရသိရပါတယ်။

    ထားဝယ်

    ဓာတ်ပုံ ရင်းမြစ်, Dawei Political Prisoners Network

  16. လေးကေ့ကော်မှာ စစ်ကောင်စီတပ်တွေ စခန်းချနေရာယူထား, နေအိမ်ထဲက ပစ္စည်းတွေ ရှာဖွေယူဆောင်ခံနေရတယ်လို့ ဒေသခံတွေပြော

    တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နယ်ခြားစောင့်တပ် BGF ပူးပေါင်း တပ်ဖွဲ့ တွေ ခြေကုပ်စခန်းချ နေထိုင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    လေးကေ့ကော်မြို့က ဒေသခံတွေ စစ်ရှောင်နေရချိန် ထားရစ်ခဲ့တဲ့ ပစ္စည်းတွေကိုလည်း ယူဆောင်ခံနေရတယ်လို့ဒေသခံတွေကပြောပါတယ်။

    "ကျွန်တော့် အိမ်က ကား က မြဝတီ ရောက် ပြီးသူများ မောင်းနေတာ တွေ့ တော့ မိတ်ဆွေတွေ ကလှမ်းပြောတာနဲ့ သိရတာ။ ကားမောင်းနေသူကို မေးကြည့်ခိုင်းတော့ ၂၇၅ စစ်တပ်မိသားစုဝင်တစ်ယောက် ဆီက တစ်ဆင့်ပြန်ဝယ်စီး နေတာ လို့ ပြောတယ် လို့သိရတယ်။ စစ်ကောင်စီက ကောင်တွေ ယူသွားတာ ကို ပြောရမယ် ဆိုရင် အိမ်တိုင်းနီးပါး အကုန် ကုန်နေပြီ။ တစ်ယောက်က တွေ့တာ ယူသွား။ နောက်တစ်ယောက်က လည်း သူတို့လိုချင်တာ ယူသွား နဲ့ နေ့တိုင်း လိုက်ပြီး အိမ်တွေ လိုက်ဖောက်ယူနေတာမျိုး ဖြစ်နေတယ်။ ပြီးတော့ ရပ်ကွက် အိမ်တချို့ မှာ စခန်းချ နေနေတာ ရယ် ရပ်ကွက် ၃ ဘက်က လမ်းမကြီး ဘေးမှာ စစ်ကတုတ်တွေ ဆက်သွယ်ရေးမြောင်းတွေ နဲ့ ကာဗာ လုပ်ပြီး နေနေတာ တခြားရပ်ကွက် ဘက်တွေ သူကြီးရုံးဘက်တွေ မှာ လည်း စစ်စခန်းချ ထားတော့ အိမ်တွေ ပြန်နေရင်တောင် အိမ်အခွံပဲ ရှိတော့မယ့်သဘောမျိုး ဖြစ်နေပြီလား မသိတော့ဘူး" လို့ အမှတ် ၃ ရပ်ကွက် က စစ်ဘေးရှောင် နေရသူက ပြောပါတယ်။

    လေးကေ့ကော် ဒေသ တိုက်ပွဲ စတင် ဖြစ်ပွားချိန်ကနေ အခု သုံးလကျော် ကြာမြင့်လာချိန် ကျေးရွာ ၅ ရွာခန့်နဲ့ လေးကေကော်မြို့သစ် ရပ်ကွက်တွေမှာ နေထိုင်ခဲ့သူတွေ အပါအဝင် စစ်ရှောင်နေရသူ ၆ ထောင်ကျော် နေရပ်မပြန်နိုင်သေးကြောင်း သိရပါတယ်။ စစ်ရှောင်တွေ ၎င်းတို့ နေထိုင်စဉ်က ပိုင်ဆိုင်မှုအချက်အလက်တွေ၊ မြေပြင်မှာ ပျက်စီးဆုံးရှုံးထားရတဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ အထောက်အကူ ရရှိစေဖို့နဲ့ အချက်အလက်တွေ မှတ်တမ်းထားဖို့ စစ်ရှောင်မိသားစု အလိုက် စာရင်းတွေကို ဒေသခံ လူငယ် အကူအညီပေးရေး အဖွဲ့ တွေက စာရင်းကောက်ယူ မှတ်တမ်းပြုစု နေကြောင်း သိရှိရပါတယ်။

    "ကျွန်မ ကတော့ လေးကေကော် ဗျူးပွိုင့် လမ်းမဘေးမှာ နေတာပါ။ တိုက်ပွဲ ဖြစ်တော့ ကားတွေဆိုင်ကယ် တွေ နဲ့ ကွန်ပျူတာဆိုင်က ပစ္စည်းတွေ အိမ်ပိတ်ပြီးထားခဲ့ရတယ်။ အခု ပြီးခဲ့တဲ့ တိုက်ပွဲငြိမ်နေတဲ့ ရက်တွေက လူကြုံ နဲ့ အိမ်အခြေအနေ ကြည့် ခိုင်း တာမှာ အိမ်တံခါး တွေ ဆိုင်တံခါး တွေ ပွင့် နေပြီး ပစ္စည်းတွေ ကားတွေ ဆိုင်ကယ်တွေ မတွေ့ တော့ဘူး လို ပြောပါတယ်၊ အိမ်ထဲ မှာ လည်း လက်နက်ကြီးတစ်လုံး စိုက်ဝင် နေတယ် ဆိုတာ သိထား ရတော့ အိမ်ပြန်နေ ဖို့က တွေးလိုက်တိုင်း စိတ်ပျက်ရတယ်" လို့ လေးကေကော် ဒေသခံ အမျိုးသမီးက ပြောပါတယ် ။

    အခုလိုလေးကေ့ကော်ဒေသခံတွေရဲ့ပိုင်ဆိုင်မှုတွေ ယူဆောင်ခံရတာနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    Lay Kay Kaw new town, Kayin State

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လေးကေ့ကောမြို့သစ်ကနေအိမ်တစ်လုံးကိုတွေ့ရစဥ်
  17. မြစ်ဆုံက အသေးစားရွှေတူးတာတွေ ရပ်ထားရတယ်လို့ ဒေသခံတွေပြော

  18. ပျူစောထီးအဖွဲ့တွေကို စစ်တပ်က လက်နက်ထောက်ပံ့နေတယ်လို့ ဒေသခံတွေ ပြော

  19. ရာထူးကဖယ်ရှားခံရတဲ့ မြန်မာသံအမတ်ကြီး နေအိမ်က ဖယ်ပေးဖို့ ယူကေ တိုက်တွန်း

    သံအမတ်ကြီးနေအိမ်မှာ ပြီးခဲ့တဲ့ နှစ်ဧပြီမှာ တွေ့ရစဉ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သံအမတ်ကြီးနေအိမ်မှာ ပြီးခဲ့တဲ့ နှစ်ဧပြီမှာ တွေ့ရစဉ်

    ယူကေဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို သူရာထူးက ဖယ်ရှားခံရပြီးကတည်းက ဆက်ပြီးနေထိုင်နေတဲ့ လန်ဒန်က သံအမတ်ကြီးနေအိမ်ကနေ ဖယ်ရှားပေးဖို့ ယူကေအစိုးရက တိုက်တွန်းလိုက်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

    အာဏာသိမ်း စစ်ကောင်စီရဲ့ ဖိအားပေးမှုအရ သူ့ကို ယူကေ အစိုးရက တိုက်တွန်းတဲ့စာကို ရိုက်တာက တွေ့ခဲ့ရတာပါ။

    ဦးကျော်စွာမင်းဟာ ပြီးခဲ့တဲ့နှစ် ဧပြီမှာ ရာထူးကနေ ဖယ်ရှားခံရပြီးနောက် သံရုံးထဲ ပြန်မဝင်ရတော့ဘဲ ဖြစ်ခဲ့ပါတယ်။

    အဲဒီကတည်းက ဦးကျော်စွာမင်းဟာ လန်ဒန် အနောက်မြောက်ပိုင်းက သံဆူးကြိုးတပ်ဝင်းခြံနဲ့ စီစီတီဗီ ကင်မရာတွေ တပ်ဆင်ထားတဲ့ နေအိမ်မှာ ဆက်နေထိုင်နေပြီး နေအိမ်ကို ပြန်အပ်ဖို့ ငြင်းဆန်နေခဲ့တာပါ။

    သံရုံးကိုတော့ စစ်ကောင်စီ သံတမန်တွေက လည်ပတ်နေတယ်လို့ သူက ပြောပါတယ်။

    ဦးကျော်စွာမင်းဆီကို ယူကေ နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆင့်မြင့် အရာရှိတစ်ယောက်က မတ်လ ၄ ရက်မှာ ပေးတဲ့စာမှာ " မြန်မာသံအမတ်ကြီးနေအိမ်မှာ ဦးကျော်စွာမင်း နေထိုင်နေတာကို ဖြေရှင်းပေးဖို့ စစ်ကောင်စီဘက်က အတော်ဖိအားပေးလာတဲ့ အခြေအနေမှာ ရှိနေတယ် "လို့ ဖော်ပြထားပါတယ်။

    ပေးစာတွေအရ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ဦးကျော်စွာမင်းကို နေအိမ်ကနေ ထွက်ခွာပေးဖို့ အကြိမ်ကြိမ် တိုက်တွန်းနေတာ ဖြစ်ပြီး သူနေထိုင်နေတာက ယူကေ အတွက် ဥပဒေကြောင်းအရ ပြဿနာ ဖြစ်စေပြီး မြန်မာနိုင်ငံထဲက ယူကေဘက်က ဝန်ထမ်းတွေအတွက် အန္တရာယ် ရှိစေတယ်လို့ ဆိုပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်လို့ ယူကေ နိုင်ငံခြားရေးဌာနက တိုက်ရိုက် ဖြေဆိုတာ မရှိပါဘူး။

    ဝန်ကြီးဌာနက ပြောခွင့်ရသူကတော့ ဦးကျော်စွာမင်းက ဒီမိုကရေစီကို ထောက်ခံပြီး ရဲရဲ့ဝံ့ဝံ့ ရပ်တည်ခဲ့တယ်၊ ဒါကြောင့် ယူကေက သူနဲ့ သူ့မိသားစု နေထိုင်ရပ်တည်ရေးအတွက် ထင်ထင်ရှားရှား ထောက်ခံပေးခဲ့တယ်လို့ ဆိုပါတယ်။

    လန်ဒန်မှာ ခုနစ်နှစ်ကြာခန့် သံအမတ်ကြီးအဖြစ် ထမ်းဆောင်ခဲ့တဲ့ ဦးကျော်စွာမင်းက ဒီလို အီးမေး အပြန်အလှန်ပေးပို့မှုတွေ ရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ရိုက်တာကို မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

    ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်မလွတ်လာသေးသရွေ့ ဒါမှမဟုတ် ယူကေ အသိအမှတ်ပြုတဲ့ တရားဝင် မြန်မာအစိုးရ ပြန်မဖွဲ့နိုင်သေးသရွေ့ သူနေအိမ်က ဖယ်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မေးမြန်းတာကို မတုံ့ပြန်ပါဘူး။

    ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ မြန်မာ စစ်ကောင်စီက လန်ဒန် သံရုံးယာယီတာဝန်ခံ အသစ်တစ်ဦးကို ခန့်ထားခဲ့ပြီး ယူကေကတော့ သံအမတ်ကြီးသစ်တစ်ဦး မြန်မာနိုင်ငံအတွက် ခန့်အပ်ခဲ့ပါတယ်။

    ဦးကျော်စွာမင်းက အကယ်၍ ယူကေ အစိုးရက အမျိုးသားညီညွတ်ရေး အစိုးရ အန်ယူဂျီကို အသိအမှတ်ပြုမယ်ဆိုရင် အန်ယူဂျီကို လွှဲပြောင်းပေးမယ်လို့လည်း ပြောထားတာကိုလည်း တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အန်ယူဂျီဘက်က လတ်တလော မတုံ့ပြန်သေးပါဘူး။

    လန်ဒန်အနောက်မြောက်ပိုင်းက သံအမတ်ကြီးနေအိမ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, လန်ဒန်အနောက်မြောက်ပိုင်းက သံအမတ်ကြီးနေအိမ်