ကြာအင်းဆိပ်ကြီး တိုက်ပွဲ အရပ်သား ထိခိုက်သေဆုံး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ KNU KNLA ပူးပေါင်းတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

အဲဒီမှာ လက်နက်ကြီးထိမှန်ခဲ့မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေသလို၊ စစ်ကောင်စီ ဘက်က လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဘုန်ကြီးကျောင်းနဲ့ လူနေ အိမ်တချို့ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီက တိုက်ပွဲ အခြေအနေကို မသီရိဇော်က ပြောပြပေးမှာပါ။