ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရွှေဝါရောင် အရေးအခင်း ဂျပန် သတင်းထောက်ရဲ့ ကင်မရာပြန်ရပြီ
၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းမှာ သတင်းယူနေတဲ့ ဂျပန် သတင်းထောက် ကင်ဂျီ နာဂါအိ ဟာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဆူးလေ ဘုရား အနားမှာ သေဆုံးသွားခဲ့ရပါတယ်။
နှစ်ပေါင်း ၁၆နှစ် အကြာမှာတော့ သူရဲ့ ကင်မရာကို မိသားစုဝင် တစ်ယောက်ဆီကို ပြန်လည်ပေးအပ်နိုင်ခဲ့ပါပြီ။ သူမှတ်တမ်းတင် ရိုက်ကူးခဲ့တဲ့ ကင်မရာထဲမှာ ဘယ်လို ပုံရိပ်တွေ ပါဝင်နေခဲ့ပါသလဲ။ ဘီဘီစီ သတင်းထောက် ဂျိုနသန် ဟဒ်ရဲ့ သတင်းကို ကိုမင်းထက်က ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။