ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကိုင်းတိုင်း ထီးချိုင့်ဘက်က ရွာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း ထီးချိုင့်ဘက်က တောမရွာနဲ့ဖုန်ကုန်း ရွာဘက်ကို စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုတွေရှိနေပြီး မြေပြင်မှာလည်း တိုက်ပွဲတွေဖြစ်နေသလို တောမနဲ့ဖုန်ကုန်းရွာက အိမ်တစ်ချို့လည်း မီးရှို့ခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ လေကြောင်းရော ကုန်းကြောင်းပါမကျန် တိုက်ပွဲဖြစ်နေတဲ့ နေရာဟာ ထီးချိုင့် အနောက်ခြမ်း မင်းဝံတောင်တန်း ကပ်လျှက် ဘက်မှာ ဖြစ်ပါတယ်။ ထီးချိုင့် တောမရွာ အနီးတဝိုက်အခြေအနေ တွေကို စုစည်းပြောပြပေးမှာပါ။