အရာတော် အိမ်ခြေ တစ်ထောင်နီးပါး မီးရှို့ခံရ

စစ်ကိုင်းတိုင်းတွင်းက မြင်းမူနဲ့ အရာတော်မြို့နယ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး နေအိမ် အလုံးပေါင်း တစ်ထောင်နီးပါး မီးရှို့ခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းကနေပါ တိုက်ခိုက်မှုတွေလုပ်နေတယ်လို့သိရပါတယ်။ အကြောင်းစုံကို ကိုထွေး က ပြောပါမယ်။