ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယနိုင်ငံက တချို့လုပ်ငန်းတွေမှာ ဒရုန်းအသုံးပြုမှု ပိုများလာ
အိန္ဒိယနိုင်ငံက တချို့လုပ်ငန်းတွေမှာ ဒရုန်းအသုံးပြုမှု ပိုများလာနေပါတယ်။
လယ်သမားတွေ ကုန်ကျစရိတ် လျော့ကျစေဖို့အတွက် ဒရုန်းသုံးတာအပြင် နိုင်ငံရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေး အခြေခံအဆောက်အအုံတွေ အားကောင်းစေဖို့အထိ ဒရုန်းကို အသုံးပြုဖို့ အိန္ဒိယအစိုးရက ကြိုးပမ်းနေပြီး ၂၀၃၀ မှာ ကမ္ဘာ့ ဒရုန်းအသုံးပြုမှု အချက်အချာနေရာ အဖြစ် ပြောင်းလဲချင်နေပါတယ်။ လက်တွေ့ရော ဘယ်လို စသုံးနေပါသလဲ၊ဘီဘီစီ သတင်းထောက် အာရူနိုဒေ မူကာဂျီ ရဲ့ သတင်းကို ကိုဘိုဘို ပြောပြပါမယ်။