ရာနဲ့ချီတဲ့ အထောက်အထားမဲ့ မြန်မာတွေကို မလေးရှားက ပြန်ပို့

မလေးရှားနိုင်ငံက ရာနဲ့ချီတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို အခုသီတင်းပတ်တွေအတွင်း နေရပ်ပြန်ပို့ခဲ့ပါ တယ်။

အဲဒီထဲမှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းထားတဲ့ ရေတပ်အရာရှိဟောင်း တချို့ပါဝင်တယ်လို့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

တစ်ချိန်တည်းမှာပဲ လူ့အခွင့်အရေးအဖွဲ့တချို့က စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံကို နေရပ်ပြန်ပို့တာတွေရပ်ဖို့ မလေးရှား အဆင့်မြင့် တရားရုံးဆီ ဦးတိုက်လျှောက်ထားတဲ့ ကြိုးပမ်းမှုလည်း ရှိလာပါတယ်။

ကိုဇေယျာထွန်း ပြောပြပါမယ်။