သေစေနိုင်တဲ့အထိအန္တရာယ်ရှိတာ တွေ့တယ်လို့ဆို

ဗြိတိန်နိုင်ငံပိုင် ဘီပီ ရေနံကုမ္ပဏီက ကန်ထရိုက်တာအဖြစ် ဦးဆောင်လည်ပတ်နေတဲ့ အီရတ် ရေနံတွင်းတွေက အဆိပ်သင့် လေထုညစ်ညမ်းမှုက သေစေနိုင်တဲ့အထိ ကလေးငယ်တွေနဲ့ ကမ္ဘာကြီးအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ ဘီဘီစီ အာရဗီ သတင်းဌာနရဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုအရ ပေါ်ထွက်လာပါတယ်။

ဘီဘီစီ အတွက် ပြုလုပ်တဲ့ သိပ္ပံနည်းကျ စမ်းသပ်မှုတွေအရ ရေနံထုတ်လုပ်စဉ် ထွက်လာတဲ့ ဓာတ်ငွေ့ကို မီးရှို့ရာက အဆိပ်ငွေ့တွေ ထွက်လာနေတဲ့ နေရာအနီးအနားမှာနေထိုင်သူ လူမှုဝန်းကျင်မှာ အန္တရာယ်ရှိပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ မြင့်မားတာ ညွှန်ပြနေပါတယ်။

ဘီပီ ကုမ္ပဏီကတော့ ဘီဘီစီရဲ့ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတယ်လို့ ပြောပါတယ်။

ကိုသိမ်းမြတ် ပြောပြပါမယ်။