အရင် အာဖဂန်အစိုးရကို သစ္စာစောင့်တဲ့ အင်အားစုတွေက တာလီဘန်တွေကို ပုန်ကန် တိုက်ခိုက်နေ

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တို့ အာဏာရယူခဲ့တာ တစ်နှစ်နီးပါး ရှိလာချိန်မှာ အရင်အစိုးရကို သစ္စာ စောင့်သိတဲ့ တော်လှန်ရေး အင်အားစုတွေက လက်ရှိအုပ်ချုပ်သူတွေကို ပုန်ကန် တိုက်ခိုက်နေကြပါတယ်။

လောလောဆယ်မှာတော့ တာလီဘန်ဆန့်ကျင်ရေး စိတ်ဓာတ် ကာလကြာရှည်ရှိခဲ့တယ်လို့ သိထားတဲ့ နေရာ နည်းနည်းလေးမှာပဲ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တာလီဘန်တွေကလည်း အဲဒါက မမှုလောက်ပါဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း အာဖဂန်နစ္စတန်မှာ ဖြစ်ခဲ့တဲ့ အပြင်းထန်ဆုံး တိုက်ပွဲတွေကို အဲဒီတော်လှန်ရေးတပ်ဖွဲ့တွေကပဲ တိုက်ခဲ့တာပါ။

အဲဒီလူတွေ လှုပ်ရှားနေတဲ့ အန်ဒါရာ့ဘ် ဒေသကို ရှားရှားပါးပါး သွားခွင့်ရခဲ့တဲ့ ဘီဘီစီ သတင်းထောက် ဆီကန်ဒါ ခါမာနီ ပေးပို့တဲ့ သတင်းကို ကိုမိုးမြင့် ပြောပြပေးပါမယ်။