ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မျောက်ကျောက်ရောဂါ ဘယ်လိုကူးစက်လဲ
WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ကမ္ဘာတဝန်းမှာ မျောက်ကျောက် ရောဂါ ဆက်လက်ဖြစ်ပွား နေတယ်လို့ ပြောပါတယ်။
အခုဆို နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ ၁၃၁ ယောက် လောက် ကူးစက်တာတွေ့ရတယ်လို့ WHO က ပြောပါတယ်။
ဆလိုဗေးနီးယားနိုင်ငံမှာ ၁ ယောက် ကူးစက်တယ်လို့ နောက်ဆုံးသိရပါတယ်။
ယူကေမှာတော့ အခု ၅၇ ယောက် ရှိပါပြီ။ ဒါပေမဲ့ မျောက်ကျောက်ရောဂါက သာမန်အားဖြင့် အပျော့စားဖြစ်ပြီး အလွယ်တကူလည်း ကူးစက်မှု မရှိပါဘူးလို့ ကျန်းမာရေးတာဝန်ခံတွေက ပြောပါတယ်။
ကိုရင်မောင် ပြောပြပေးမှာပါ။