ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ကုန်းသာရွာမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရ

စက်တင်ဘာ၂၉ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေ နှစ်ဘက် ထိခိုက် ကျဆုံးမှုတွေရှိခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ကုန်းသာ ကျေးရွာမှာ ဒီကနေ့လည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာတွေ ရှိနေပါတယ်။

လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံစတဲ့ မြို့တွေမှာ တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေတာကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံတွေလည်း အခက်အခဲတွေ ကကြုံနေကြရပါတယ်။

မဝင်းစန္ဒာဦး စုစည်းပြောပြပေးပါမယ်။