ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သတင်းစာရှင်းလင်းပွဲမှာ ဒေါ်လာစျေး၊ ရွှေစျေးနဲ့ စက်သုံးဆီစျေး ထိုးတက်နေတဲ့ ကိစ္စပဲမေးကြ
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း တရိပ်ရိပ် မြင့်တက်လာနေတဲ့ ဒေါ်လာစျေးနဲ့ ရွှေစျေးတွေက အခု ရက်ပိုင်းမှာ မကြုံစဖူး အဆမတန် မြင့်တက် လာနေလို့ လူအများကြား စိုးရိမ်မှုတွေ ဖြစ်နေပါတယ်။
စစ်ကောင်စီရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဒေါ်လာစျေး၊ရွှေစျေးနဲ့ စက်သုံးဆီစျေး ထိုးတက်နေတဲ့ ကိစ္စကိုပဲ သတင်းမီဒီယာတွေက မေးမြန်း ခဲ့ကြပါတယ်။
ဒီကိစ္စတွေကို ဖြေရှင်းဖို့ စစ်ကောင်စီဖက်က ဘာတွေ ဆောင်ရွက်နေပါသလဲ။ ကိုနန္ဒ ပြောပြပေးပါမယ်။