ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အချိန်ရွှေ့ထားခဲ့ရတဲ့ အိုလံပစ် အားကစားပွဲတွေကို ဒီနှစ် နွေရာသီမှာ ဆက်လက် ကျင်းပမယ်
အချိန်ရွှေ့ဆိုင်းထားခဲ့ရတဲ့ အိုလံပစ် အားကစားပွဲတွေကို ဒီနှစ် နွေရာသီမှာ ဆက်လက် ကျင်းပမယ်လို့ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ အိုင်အိုစီက အခိုင်အမာ ပြောပါတယ်။
ဒီအားကစားပွဲက ကစားသမားတွေကို ထိခိုက်လိမ့်မယ်လို့ ခန့်မှန်း ပြောနေကြတာနဲ့ ပတ်သက်လို့ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် တတ်နိုင်သမျှ လုပ်နေတယ်လို့ အိုင်အိုစီ ဥက္ကဋ္ဌက ပြောပါတယ်။
တိုကျိုမြို့တော်မှာလည်း လောလောဆယ် အရေးပေါ်အမိန့်ထုတ်ပြန်ထားပြီး ပြည်ပကလာသူတွေကို နိုင်ငံထဲ ဝင်ခွင့် ပိတ်ပင်ထားပါတယ်။
ကိုမင်းထက်က ပြောပြပါမယ်။