ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောင်လ နဲ့ ဒီရစ်ဒါ တို့က သူတို့ ဒီပွဲ အတွက် ဘယ်လို ပြင်ဆင်ထားကြသလဲ
သိုင်းပေါင်းစုံ ကစားသမား မြန်မာ့စပါးအုံး အောင်လအန်ဆန် တစ်ယောက်ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ၃ လ ကျော် ကျော် အကြာမှာပဲ သူ့ရဲ့ Middleweight တန်း ရွှေခါးပတ် ကို ကာကွယ်ရပါတော့မယ်။
မနက်ဖြန်ည စင်ကာပူမှာ ကိုဗစ် ကပ် အတွင်း ပထမဆုံး အကြိမ် ပြန် ကျင်းပမယ့် ONE Championship ရဲ့ သိုင်းပေါင်းစုံ ပွဲမှာ စိန်ခေါ်သူ နယ်သာလန် နိုင်ငံသား ရိုနာ ဒီရစ်ဒါနဲ့ ယှဉ်ပြိုင် ထိုးသတ်ရမှာဖြစ်ပါတယ်။
စိန်ခေါ်သူ ဒီရစ်ဒါ ဟာလည်း ပွဲစဉ် တလျှောက် ရှုံးပွဲမရှိခဲ့သူပါ။
ပွဲကြို အဖြစ် ထိုးသတ်မယ့် MMA ဖိုက်တာ နှစ်ယောက် အောက်တိုဘာလ ၂၉ ရက်နေ့က မျက်နှာချင်း ဆိုင် တွေ့ဆုံပြီး ပရိသတ် နဲ့ မိတ်ဆက်ခဲ့ကြပါတယ်။
ဒီပွဲမှာ ထိုးသတ်ကြမယ့် အောင်လအန်ဆန် နဲ့ ဒီရစ်ဒါ တို့က သူတို့ ဒီပွဲ အတွက် ဘယ်လို ပြင်ဆင်ထားကြသလဲဆိုတာ ဘီဘီစီကို သီးသန့် ပြောခဲ့တာကို ရှုစားနိုင် ပါတယ်။