ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နှစ်ရှည်လများ စစ်ဒဏ်သင့်ခဲ့လို့ ယိုယွင်းနေတဲ့ ကျန်းမာရေးစနစ်လည်း မနိုင်မနင်း ဖြစ်နေ
အီရတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုတွေ ပိုပိုများလာနေပါတယ်။
နှစ်ရှည်လများ ကြာခဲ့တဲ့ စစ်ပွဲကြောင့် အကြီးအကျယ် ထိခိုက်နေနှင့်ပြီးသား အီရတ်ရဲ့ ကျန်းမာရေးစနစ်ကလည်း တော်တော်ကို မနိုင်မနင်းဖြစ်နေပါတယ်။
အိုင်အက်စ် အစ္စလာမ်မစ် နိုင်ငံအဖွဲ့ကို တိုက်ခိုက်ဖို့ ဖွဲ့စည်းထားတဲ့ ပေါ်ပြူလာ မိုဘယ်လိုက်ဇေးရှင်း ယူနစ် အဖွဲ့က ဘဂ္ဂဒက်မှာ သေဆုံးသူတွေကို နာဂျက်ဖ် သဲကန္တာရထဲက သင်္ချိုင်း အသစ်မှာ မြှုပ်နှံပေးနေကြပါတယ်။
အီရတ်က အခြေအနေအကြောင်း ကိုမင်းထက်က ပြောပြပေးပါမယ်။
စိတ်မချမ်းမြေ့စရာပုံရိပ်တွေ ပါတယ်ဆိုတာလည်း ကြိုတင် သတိပေးပါရစေ။