ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်တဲ့ ဆိုင်ကလုန်းကြောင့် လူ ၈၄ ယောက်ထက် မနည်း သေဆုံး
နှစ်ပေါင်းများစွာအတွင်း အင်အားအပြင်းဆုံး မုန်တိုင်းကြီးတခု အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကိုဝင်ရောက်ခဲ့တဲ့အတွက် လူ ၈၄ ယောက်ထက် မနည်း သေဆုံးခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ကုန်းတွင်းပိုင်းကို ရောက်လာခဲ့တဲ့အမ်ဖန် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လမ်းတွေ ပိတ်ဆို့ပြီး ရေကြီးရေလျှံ ဖြစ်နေတဲ့ အတွက် အာဏာပိုင်တွေ အနေနဲ့ ထိခိုက်ပျက်စီးမှုတွေကို သိနိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။
လေပြင်းဒဏ်ကြောင့် သစ်ပင်တွေ ထောင်နဲ့ချီပြီး အမြစ်ပါ ကျွတ်ထွက် လဲကျခဲ့တဲ့အပြင် လျှပ်စစ်ဓာတ်အားနဲ့ တယ်လီဖုန်းလိုင်းတွေလည်း ပြတ်တောက်ပြီး နေအိမ်တွေ ပြိုကျ ပျက်စီးခဲ့ပါတယ်။
ကိုရင်မောင် ပြောပြပေးပါမယ်။