အရေးကြီးဆေးပစ္စည်းတွေကို အင်္ဂလန်က ကျွန်းလေးဆီ ဒရုန်း ယာဉ်ငယ်သုံး ပို့ဆောင်နေ၊

ကိုရိုနာဗိုင်းရပ်စ်ကူး စက်ဖြစ်ပွားနေချိန်မှာ အရေးကြီးတဲ့ ဆေးပစ္စည်းတွေကို လိုအပ်တဲ့နေရာတွေဆီ အမြန်ဆုံး ပို့နိုင်ဖို့က အရေးအကြီးဆုံး ဦးစားပေးလုပ်ရမယ့် အလုပ်တခုပါ။

အခုတော့ ဒရုန်းလေယာဉ်ငယ်တွေ သုံးပြီး အင်္ဂလန်တောင်ပိုင်း ကမ်းခြေ တဖက်ခြမ်းက Isle of Wight ကျွန်းလေးပေါ်မှာရှိတဲ့ အင်္ဂလန် အမျိုးသား ကျန်းမာရေးဌာန လက်အောက်က တခုတည်းသော ဆေးရုံဆီကို ဆေးပစ္စည်းတွေ ပို့ပေးနေပါတယ်။

တကိုယ်ရည် အကာအကွယ်ဝတ်စုံ PPE လိုပစ္စည်းတွေကို ဒီဒရုန်းလေယာဉ်နဲ့ ကျွန်းလေးဆီမြန်မြန်ဆန်ဆန် ပို့ပေးနိုင်မှာဖြစ်ပါတယ်။ ကိုဘိုဘိုပြောပြပေးပါမယ်။