ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိမ်မပြန်ရဲသေးတဲ့ ဒါဖိုးက ဒုက္ခသည်များ
အရင်ဆူဒန်သမ္မတဟောင်းကို သာဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးမှာ စစ်ရာဇ၀တ်မှုတွေနဲ့ ရုံးတင် စစ်ဆေးတော့မှာ ဖြစ်ပါတယ်။ အိုမာအဲလ် ဘာရှားကို လူသားမျိုးနွယ် အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ ဒါဖိုးမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျုးလွန်ခဲ့တယ် ဆိုပြီး စွပ်စွဲထားတာ ဖြစ်ပါတယ်။ အဲဒီမှာ အစိုးရနဲ့ သူပုန်တွေအကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် လူသိန်းနဲ့ချီ သေဆုံး ခဲ့ရပြီး ဖြစ်သလို သန်းနဲ့ချီပြီး နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ ကိုမိုးမြင့်က ပြောပြမှာပါ။