ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သြစတေးလျက မြေအောက်မြို့
သြစတေးလျက ကူဘာပေဒီဆိုတဲ့ မြို့လေးဟာ တချိန်က အိုပဲလ်ကျောက် တူးဖော်ရေး လုပ်ငန်းတွေရဲ့ မြို့တော်လို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရာသီဥတု ဆိုးလွန်းတာကြောင့် မြို့ခံတွေ ထွက်သွားကြသလို တချို့ကတော့ မြေအောက်ကို ဆင်းသွားကြပါတယ်။ အဲဒီမှာ မြို့နေ လူထုရဲ့ ၆၀ ရာခိုင်နှုန်းဟာ မြေပေါ်မှာ မနေကြဘဲ မြေလျှိုးနေကြသူတွေ ဖြစ်ပါတယ်။
ဒါကြောင့်လည်း အခုဆို ကူဘာပေဒီဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိစေတဲ့ လူနေမှု ပုံစံမှာ ရှေ့ဆောင်လို ဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့ နေထိုင်ပုံတွေကို ရှုစားရအောင်ပါ။