ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူနှစ်ရာလောက်ကို မုဒိမ်းကျင့်ခဲ့သူ ထောင်တသက် ကျ
ဗြိတိန်မှာ အမျိုးသား ၄၈ ဦးကို ဆေးခတ်ပြီး မုဒိမ်းကျင့်ခဲ့တဲ့ အင်ဒိုနီးရှား ကျောင်းသားတဦးကို ထောင်တသက် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
အသက် ၃၆ နှစ်အရွယ် ရိန်းနတ် ဆင်နာဂါဟာ ဗြိတိသျှ ပြစ်မှုဆိုင်ရာ ရာဇဝင်မှာ သာမက ကမ္ဘာမှာပါ အဆိုးဝါးဆုံး မုဒိမ်းကောင် ဖြစ်မယ်လို့ ယူဆရပါတယ်။
သူဟာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုပေါင်း ၁၅၉ မှု ကျူးလွန်ခဲ့တယ်လို့ တရားရုံးက တွေ့ရှိခဲ့တာပါ။
ကိုမိုးမြင့်က ဆက်ပြောပြမှာပါ။