ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ပွဲပြီးနောက် အလက်ပိုမြို့အခြေအနေ
အလက်ပိုမြို့ အရှေ့ပိုင်းမှာ ခန့်မှန်းခြေ လူ ၄သောင်းလို့ သူတို့ နေအိမ်တွေကို ပြန်လာကြပြီလို့ ကုလသမဂ္ဂကပြောပါတယ်။ သူပုန်တွေကို ထောက်ပံ့ရေးပစ္စည်းတွေပေးပို့တဲ့ လမ်းကြောင်းကို
ဆီးရီးယားအစိုးရက ဖြတ်တောက်လိုက်ပြီး လာမယ့် လအနည်းငယ်ဆို အဲဒီနေရာကို လုံးဝထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။ စစ်ပွဲပြီးနောက် အလက်ပိုမြို့ရဲ့ အခြေအနေအကြောင်း ကိုအောင်သွင်ကပြောပြထားပါတယ်။