လွတ်လပ်ရေး လွန် နှစ် ၇ဝ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီ မြန်မာပိုင်း
၁၉၄၈ - လွတ်လပ်ပြီး နှစ်လအကျော် ဗမာပြည်ကွန်မြူနစ်ပါတီ တောခို၊ ပြည်တွင်းစစ်စ၊ ရဲဘော်ဖြူ တောခို ၊ ဝန်ကြီးဟောင်း ဦးတင်ထွတ် ကားဗုံးနဲ့ လုပ်ကြံခံရ
၁၉၄၉ - ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ နဲ့ မွန် ကာကွယ်ရေးအဖွဲ့ ပုန်ကန်မှု စတင်၊ ဗိုလ်ချုပ် နေဝင်း စစ်သေနာပတိချုပ်နဲ့ ဒုဝန်ကြီးချုပ်ဖြစ်၊ ဗိုလ်လက်ျာ နုတ်ထွက်၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို အသိအမှတ်ပြု၊ စာပေဗိမာန်ဆု စပေး
၁၉၅ဝ - ကိုရီးယား စစ်မှာ ကျူးကျော်သူ သတ်မှတ်ရေး သဘောကွဲပြီး ဆိုရှယ်လစ်ပါတီက ဆိုရှယ်နီ ခွဲထွက်၊ ပမညတ အတိုက်အခံ တပ်ပေါင်းစု ဖွဲ့ ၊ ကရင် ခေါင်းဆောင် စောဘဦးကြီး တိုက်ပွဲမှာ ကျဆုံး
၁၉၅၂ - ပြည်တော်သာ ညီလာခံ ကျင်းပ၊ ပြည်တော်သာ စီမံကိန်းရေးဆွဲ

၁၉၅၃ - ကူမင်တန် တရုတ်ဖြူ ကျူးကျော်မှု မြန်မာ အစိုးရ ကုလသမဂ္ဂကို တိုင်ကြား ၊ ရုပ်ရှင် အကယ်ဒမီဆု စပေး
၁၉၅၄ - ဆဋ္ဌသင်္ဂါယနာ တင်၊ မြန်မာ ဂျပန် စစ်ပြေငြိမ်းရေး စာချုပ်ချုပ် ၊ ဂျပန် စစ်လျော်ကြေး အစီအစဉ်အရ ဘီလူးချောင်း ရေအား လျှပ်စစ် စီမံကိန်းစ

ဓာတ်ပုံ ရင်းမြစ်, Keystone
၁၉၅၅ - မြန်မာ တရုတ် အိန္ဒိယ နဲ့ အာရှ အာဖရိက နိုင်ငံတွေ စုပေါင်းပြီး ဘန်ဒေါင်းမူ ၅ ချက်ကြေညာ
၁၉၅၈ - မန္တလေး တက္ကသိုလ် တည်ထောင်၊ ဖဆပလ နှစ်ခြမ်းကွဲ၊ ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့် အစိုးရတက်
၁၉၅၉ - ရှမ်းစော်ဘွားများ အာဏာစွန့်၊ ရန်ကုန် မြို့စွန်ကို ကျူးကျော်တွေ ရွှေ့ပြောင်း၊ မြို့သစ်တွေတည်ပေး

၁၉၆ဝ - ဦးနု ရွေးကောက်ပွဲနိုင်၊ ပထစ အစိုးရတက်
၁၉၆၁ - နိုင်ငံတော်ဘာသာ ပြဋ္ဌာန်း၊ ကေအိုင်အေ ပုန်ကန်မှု စတင်၊ ရွေးကောက်ပွဲ ဘက်လိုက်မှုနဲ့ တပ်မင်းတချို့ ထုတ်ပယ်၊ ဗိုလ်မှူးချုပ် မောင်မောင် အနားပေး၊ ဦးသန့် ကုလသမဂ္ဂ အတွင်းဝန်ချုပ်ဖြစ် ၊ တပ်မတော် စီးပွားရေး အတွက် ဘီအီးဒီစီ ကော်ပိုရေးရှင်း တည်ထောင်

ဓာတ်ပုံ ရင်းမြစ်, Keystone
၁၉၆၂ - ဖက်ဒရယ် ဆွေးနွေးပွဲအတွင်း တော်လှန်ရေး ကောင်စီ အာဏာသိမ်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကြေညာ၊ ဆဲဗင်းဇူလိုင် အရေးအခင်းဖြစ်၊ အမျိုးသား စာပေညီလာခံ ကျင်းပ
၁၉၆၃ - ဗိုလ်မှူးချုပ် အောင်ကြီး နုတ်ထွက်၊ ဗိုလ်မှူးချုပ် တင်ဖေ အုပ်စု အာဏာပိုရလာ၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်
၁၉၆၃ - ၁၉၆၄ ပြည်သူပိုင်သိမ်း၊ ပါတီတွေ ဖျက်သိမ်း၊ ညကပွဲရုံ၊ လောင်းကစားပွဲနဲ့ မြင်းပွဲတွေ ပိတ်၊ သတင်းစာတွေ ပိတ်
၁၉၆၄ - ရာတန်နဲ့ ငါးဆယ်တန် ငွေစက္ကူတွေ တရားမဝင်ကြေညာ၊ သခင်ကိုယ်တော်မှိုင်း ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၆၅ - မှော်ဘီ သံဃာ့ အစည်းအဝေး အပြီး မန္တလေး သံဃာ့အရေးခင်းဖြစ်၊ ရာချီ ထိန်းသိမ်းခံရ
၁၉၆၇ - ဆန်ပြဿနာ၊ တရုတ် ဗမာ အရေးအခင်းဖြစ်၊ ဗမာပြည် ကွန်မြူနစ် ပါတီကို တရုတ် အထောက်အပံ့ ပိုပေး
၁၉၆၈ - ၃၃ ဦးပါ ပြည်တွင်း ညီညွတ်ရေး အကြံပေး အဖွဲ့ဖွဲ့ ၊ စာတမ်း သုံးစောင်တင်
၁၉၆၉ - ဦးနု ပါလီမန် ဒီမိုကရေစီ ပါတီ ထိုင်းနယ်စပ်မှာ ပုန်ကန်
၁၉၇ဝ - လက်ဝဲကပ်မောင်းက လက်ယာ ကပ်မောင်း စနစ်ကိုပြောင်း

ဓာတ်ပုံ ရင်းမြစ်, Jim Gray
၁၉၇၂ - အတွင်းဝန်စနစ်ဖျက်ပြီး အုပ်ချုပ်ရေး စနစ်သစ်စ၊ ဗိုလ်ချုပ်ကြီး နေဝင်း တပ်က အနားယူ
၁၉၇၃ - ဖွဲ့စည်းပုံ အသစ်အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ
၁၉၇၄ - ဆိုရှယ်လစ် သမ္မတ နိုင်ငံ ထူထောင်၊ ဦးနေဝင်း သမ္မတဖြစ်၊ အလုပ်သမား အရေးအခင်း၊ ဦးသန့် အရေးအခင်းဖြစ်

၁၉၇၆ - ဗိုလ်ကြီး အုန်းကျော်မြင့် နိုင်ငံတော် လုပ်ကြံမှုနဲ့ ဆက်စပ်ပြီး ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး ကို ထောင်ချ
၁၉၇၇ - မဆလ ပါတီတွင်း သန့်စင်မှုနဲ့ ကွန်မြူနစ်ဟောင်းများနဲ့ တပ်မှူးဟောင်း တချို့ကို ဖယ်ရှား
၁၉၇၉ - မြန်မာပြည် ဘက်မလိုက် အဖွဲ့ကထွက်
၁၉၈ဝ - ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးအပြီး လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ စပေး၊ သံဃာ့မဟာနာယက ဖွဲ့စည်း
၁၉၈၁ - မြန်မာ့ရုပ်သံ စတင်၊ သမ္မတ ဦးစန်းယုတက်
၁၉၈၂ - နိုင်ငံသား ဥပဒေသစ် ပြဋ္ဌာန်း
၁၉၈၃ - အာဇာနည်ကုန်း ဗုံးခွဲခံရ၊ တောင်ကိုရီးယား ဝန်ကြီးအချို့သေဆုံး
၁၉၈၇ - ငွေစက္ကူ ၃ မျိုး တရားမဝင် ကြေညာ၊ ဆန္ဒပြပွဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP
၁၉၈၈- ၈ လေးလုံး အရေးအခင်းဖြစ်၊ ဦးနေဝင်းနဲ့ မဆလ အစိုးရတွေ နုတ်ထွက်၊ နဝတ စစ်အစိုးရတက် ၊ NLD နဲ့ ပါတီရာချီ ဖွဲ့ခွင့်ပြု ၊ စျေးကွက် စီးပွားရေး ပြန်စ
၁၉၈၉ - ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် ထိန်းသိမ်းခံရ ၊ ကိုးကန့်နဲ့ ဝတပ်တွေနဲ့ အပစ်ရပ်စဲ၊ ဗမာပြည် ကွန်မြူနစ် ပါတီ ပြိုကွဲ၊ ဘားမားက မြန်မာ အမည်ပြောင်း၊ နိုင်ငံတော် သီချင်းပါ ဗမာပြည်ကို မြန်မာပြည် သတ်မှတ်

ဓာတ်ပုံ ရင်းမြစ်, HLA HLA HTAY
၁၉၉ဝ - ပါတီစုံ ရွေးကောက်ပွဲမှာ NLD နိုင်၊ အာဏာ လွှဲမပေး
၁၉၉၁ - ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆုရ

ဓာတ်ပုံ ရင်းမြစ်, AFP
၁၉၉၂ - ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ကျန်းမာရေး ကြောင့် အနားပေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတက်

ဓာတ်ပုံ ရင်းမြစ်, CHRISTOPHE ARCHAMBAULT
၁၉၉၃ - အမျိုးသား ညီလာခံ စတင် ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေး အသင်းဖွဲ့
၁၉၉၆ - မြန်မာ့ ခရီးသွားနှစ် သတ်မှတ်

၁၉၉၇ - နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ပြောင်းဖွဲ့၊ တိုင်းမှူး အပြောင်းအလဲလုပ်ပြီး နယ်တပ်တွေရဲ့ အာဏာကို ထိန်းချုပ် ၊ မြန်မာပြည် အာဆီယံအဖွဲ့ဝင်ဖြစ်
၂ဝဝ၂ - ဦးနေဝင်း မိသားစုကို အာဏာသိမ်းရန် ကြံစည်မှုနဲ့ ဖမ်းဆီး ထောင်ချ
၂ဝဝ၃ - ဒီပဲရင်း အဓိကရုဏ်း ဖြစ်၊ လမ်းပြ မြေပုံ ၇ ချက်ကြေညာ

ဓာတ်ပုံ ရင်းမြစ်, HOANG DINH NAM
၂ဝဝ၄ - ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့် ဖယ်ရှားခံရ
၂၀၀၆ - အစိုးရ နေပြည်တော် ရွှေ့

ဓာတ်ပုံ ရင်းမြစ်, AFP
၂ဝဝ၇ - ကုန်စျေးနှုန်း တက်မှု အကြောင်းပြုပြီး ရွှေဝါရောင် သံဃာ့ အရေးအခင်းဖြစ်
၂ဝဝ၈ - နာဂစ် မုန်တိုင်းတိုက်၊ ဆန္ဒခံယူပွဲ ကျင်းပ ၊ ဖွဲ့စည်းပုံ သစ် အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, HO
၂ဝဝ၉ - ဂျွန် ဝီလျံ ယက်တော ရေကူး ဝင်လာမှု ကြောင့် အကျယ်ချုပ်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချ ၊ နေအိမ် အကျယ်ချုပ် လျှော့ပေါ့ပေး
၂ဝ၁၀ - ရွေးကောက်ပွဲ ကျင်းပ၊ NLD သပိတ်မှောက်၊ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးအကြိမ် ပြန်လွတ်

ဓာတ်ပုံ ရင်းမြစ်, Sean Gallup
၂ဝ၁၁ - ဦးသိန်းစိန် အစိုးရသစ်တက်
၂ဝ၁၂ - ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ဝင် ၊ ရခိုင် လူမျိုးရေး အဓိကရုဏ်းဖြစ်
၂ဝ၁၅ - NLD ရွေးကောက်ပွဲ နိုင်
၂ဝ၁၆ - ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ခန့်
၂ဝ၁၇ - ဦးကိုနီ ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံရ၊ ရခိုင်မြောက်ပိုင်း မှာ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော် ထွက်ပြေး၊ ပုပ်ရဟန်းမင်းကြီး မြန်မာပြည်လာ

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN








