TEST PAGE V2

‘မြန်မာနိုင်ငံသား တချို့ ဖွင့်ဟလိုက်တဲ့ တရားမဝင် ကျောက်ကပ်ရောင်းချမှုတွေ’

ဘီဘီစီမြန်မာပိုင်း
ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၀၂၅

“ကိုယ်ပိုင်အိမ်လေးတစ်လုံးလိုချင်တယ်။ ပြီးတော့ ကျွန်တော့်မှာတင်နေတဲ့ အကြွေးတွေလည်း ဆပ်ချင်တယ်။ ဒါကြောင့် ကျောက်ကပ်တစ်ခြမ်းကိုရောင်းဖို့ ဆုံးဖြတ်လိုက်တာ” လို့ ပြောလာသူက ကိုဇေယျ (အမည်လွှဲ) ပါ။ သူဟာ အလုပ်အကိုင်အတည်တကျမရှိဘဲ ရွာထဲ လယ်သူရင်းငှားလုပ်ပြီး မိသားစုဝမ်းရေး ဖြေရှင်းရသူ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မြန်မာမှာ စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲ အထွေထွေအကျပ်အတည်းတွေကြားမှာ အခြေခံကုန်ဈေးနှုန်းတွေ တဟုန်ထိုးမြင့်တက်လာတာလည်း ပါဝင်ပါတယ်။ ကိုဇေယျဟာ ကြွေးမြီတပုံတပင်ကို ထမ်းရွက်ထားရသလို သူ့မိသားစုဝမ်းရေးဖြေရှင်းဖို့အတွက်လည်း မနည်းရုန်းကန်နေရပါတယ်။ 

ကိုဇေယျတို့မိသားစုဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကနေ နာရီအနည်းငယ်လောက် ကားမောင်းရင်ရောက်တဲ့ ရွာလေးတစ်ရွာက ဖြစ်ပါတယ်။
ဖုန်တထောင်းထောင်းထနေတဲ့ရွာလမ်းတစ်လျှောက် တန်းစီနေရာယူထားတဲ့ ဓနိမိုးထရံကာတဲအိမ်လေးထဲကတစ်အိမ်ဖြစ်တဲ့ ယောက္ခမဖြစ်သူရဲ့အိမ်မှာ စုပြီးနေထိုင်ကြရပါတယ်။

တစစ အကြွေးလည်ပင်းနစ်လာတဲ့သူဟာ သူနေထိုင်တဲ့ရွာနဲ့ အနီးတဝိုက်မှာ ကိုယ်အင်္ဂါအစိတ်အပိုင်း ထုတ်ရောင်းထားတဲ့သူတွေ ရှိနေတာကို သိလိုက်ရပါတယ်။ 

“သူတို့ကိုကြည့်တော့လည်း ကျန်းမာရေးတွေကောင်းတယ်” လို့ ကိုဇေယျက ပြောပါတယ်။ 

အဲဒီလိုနဲ့ ကိုဇေယျတစ်ယောက် ကိုယ်အင်္ဂါထုတ်ရောင်းထားသူတွေကို စပြီး ချဉ်းကပ်ပါတယ်။ 

ဘီဘီစီက စကားပြောခွင့်ရခဲ့တဲ့ အိန္ဒိယမှာ ကျောက်ကပ်ခွဲစိတ်ရောင်းချခဲ့သူ ရှစ်ဦးထဲမှာ ကိုဇေယျလည်း တစ်ယောက်အပါအဝင်ပါ။

 အာရှဒေသတလွှားမှာ တရားမဝင် ကိုယ်အင်္ဂါအစိတ်အပိုင်းရောင်းချခြင်းဟာ ပြဿနာတစ်ရပ်ဖြစ်ပြီး ကိုဇေယျရဲ့ ဇာတ်လမ်းဟာ ဒီဖြစ်စဥ်တွေ ဘယ်လိုဖြစ်ပေါ်နေသလဲဆိုတာကို ကွက်ကွင်းကွင်းကွင်း သိရှိနိုင်စေပါတယ်။

အရောင်းအဝယ​်ဖြစ်ဖို့ စီစဥ်ခြင်း

အိန္ဒိယမှာရော မြန်မာနိုင်ငံမှာပါ လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ရောင်းချတာ၊ ဝယ်ယူတာကို တရားမဝင်လုပ်ငန်းလို့ သတ်မှတ်ထားပါတယ်။
ဒါပေမဲ့ ကိုဇေယျတစ်ယောက် မကြာခင်မှာ ‘ပွဲစား’ လို့ သူ့ကိုယ်သူ ရည်ညွှန်းတဲ့ အမျိုးသားတစ်ဦးကို ရှာတွေ့ခဲ့ပါတယ်။
ဒီလူကပဲ သူ့ကို ဆေးစစ်တာတွေ စီစဥ်ဆောင်ရွက်ပေးပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ အမျိုးသမီးတစ်ဦးက ကျောက်ကပ်အစားထိုးကုသဖို့ အလိုရှိနေတဲ့အကြောင်း ပွဲစားက ကိုဇေယျကို ဆက်သွယ်ပြောကြားလာပါတယ်။
ကိုဇေယျရော ကျောက်ကပ်ဝေဒနာရှင်အမျိုးသမီးတို့ နှစ်ဦးလုံး ခွဲစိတ်ကုသမှုခံယူဖို့ အိန္ဒိယကို သွားရောက်နိုင်တဲ့အကြောင်းလည်း ပွဲစားက ပြောပါတယ်။

အိန္ဒိယမှာ ကျောက်ကပ်အလှူရှင်နဲ့ လက်ခံမယ့်လူနာတို့ဟာ ဆွေမျိုးရင်းခြာမဟုတ်ရင် ဒီလှူဒါန်းမှုဟာ ကိုယ်ကျိုးစီးပွားမပါတဲ့ စေတနာသက်သက်နဲ့ လှူဒါန်းမှုဖြစ်ကြောင်းနဲ့ ကာယကံရှင်နှစ်ဦးကြား ဘယ်လိုတော်စပ်တယ်ဆိုတာကို ရှင်းပြဖို့လိုအပ်ပါတယ်။

မြန်မာအိမ်ထောင်စုတိုင်းမှာ မိသားစုဝင်တွေရဲ့ အသေးစိတ်အချက်အလက်တွေကို စာရင်းပြုစုဖော်ပြထားတဲ့ အိမ်ထောင်စုစာရင်းရှိပြီး အဲဒီစာရွက်စာတမ်း ကို ပွဲစားက အတုလုပ်ပေးခဲ့တယ်လို့ ကိုဇေယျက ပြောပါတယ်။

“ပွဲစားက ကျွန်တော့်နာမည်ကို လူနာရဲ့ အိမ်ထောင်စုစာရင်းထဲ ထည့်ပေးလိုက်တယ်”လို့ သူက ရှင်းပြပါတယ်။

ပွဲစားရဲ့ စီစဥ်ပုံအရဆို ဆွေမျိုးရင်းခြာမဟုတ်ပေမဲ့ နှစ်ဖက်အမျိုးအချင်းချင်းကြား လက်ထပ်ခြင်းကနေ တော်စပ်ပတ်သက်သွားရတဲ့ တစ်စုံတစ်ဦးကို လှူဒါန်းတဲ့ပုံစံမျိုးဖြစ်အောင် ပွဲစားက စီစဥ်ပုံရတယ်လို့ သူက ပြောပါတယ်။

“သွေးသားရင်းခြာဆွေမျိုးတော့မဟုတ်ဘူး။ ဒါပေမဲ့ ဆွေမျိုးနီးစပ်တော်စပ်သွားတယ်ဆိုတဲ့ ပုံစံမျိုးပေါ့” လို့ ကိုဇေယျက ပြောပါတယ်။

အဲဒီနောက်မှာ ပွဲစားက ကိုဇေယျကို ကျောက်ကပ်လက်ခံမယ့်သူနဲ့ ပေးတွေ့ဖို့ ရန်ကုန်မြို့ကို ခေါ်လာခဲ့ပါတယ်။

ရန်ကုန်ရောက်တော့ သူ့ကိုယ်သူ ဆရာဝန်ပါလို့ မိတ်ဆက်သူတစ်ဦးနဲ့တွေ့ခဲ့ရပြီး အဲဒီလူက ကိုဇေယျအတွက် နောက်ထပ်လိုအပ်တဲ့စာရွက်စာတမ်းတွေ ပြည့်စုံအောင် စီစဥ်ပေးတယ်လို့ ဆိုပါတယ်။ နောက်ပြီး သဘောတူ လက်ခံပြီးမှ ခွဲစိတ်မှုမလုပ်တော့ဘူးဆိုရင် နှစ်ဆ ပြန်လျော်ရမယ်လို့လည်း သူ့ကို သတိပေးပါတယ်။

ဘီဘီစီက အဲဒီဆရာဝန်ကို ဆက်သွယ်မေးမြန်းတဲ့အခါ သူ့ရဲ့အခန်းကဏ္ဍက လူနာတစ်ယောက်ဟာ ခွဲစိတ်ကုသမှုခံယူဖို့အတွက် သင့်တော်မှုရှိမရှိကို စစ်ဆေးပေးရတာဖြစ်ပြီး အလှူရှင်နဲ့လူနာကြား ဆွေမျိုးတော်စပ်မှုကို စစ်ဆေးမေးမြန်းဖို့ သူ့မှာ တာဝန်မရှိဘူးလို့ တုံ့ပြန်ပါတယ်။

ဒီခွဲစိတ်မှုကိုလက်ခံရင် ကိုဇေယျဟာ စုစုပေါင်း မြန်မာကျပ်ငွေ ၇၅ သိန်းရမှာဖြစ်ပြီး ဒါဟာ ခုခေတ်ကာလပေါက်စျေးနဲ့ဆို အမေရိကန်ဒေါ်လာ ၁,၇၀၀ ဝန်းကျင်ရှိပါတယ်။ အဲဒီ ၇၅ သိန်းထဲက ၁၀ ရာခိုင်နှုန်းကို ပွဲစားကို ပေးခဲ့ရပါတယ်။

အဆင့်တွေကျော်ဖြတ်အပြီးမှာ ကိုဇေယျတစ်ယောက် အိန္ဒိယမြောက်ပိုင်းကို လေယာဥ်စီးသွားရောက်ခဲ့ပြီး အဲဒီကဆေးရုံကြီးတစ်ခုမှာ ကျောက်ကပ်ခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ပြည်ပနိုင်ငံသားတွေ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးခွဲစိတ်မှုလုပ်တဲ့အခါ ဆေးရုံကဖွဲ့စည်းထားတဲ့ ကော်မတီ (အရပ်အခေါ် ဘုတ်အဖွဲ့) ဒါမှမဟုတ် ဒေသအာဏာပိုင်တွေက စစ်ဆေးမေးမြန်းမှုတွေ လုပ်ပါတယ်။  

လူလေးဦးခန့်ပါတဲ့အဖွဲ့က ကိုဇေယျကို စကားပြန်ကတစ်ဆင့် မေးမြန်းပါတယ်။

“သူတို့က ကျွန်တော့်ကို စိတ်ရင်းစေတနာနဲ့ လှူတာလား။ အတင်းလှူခိုင်းလို့လားဆိုပြီးမေးတယ်” လို့ သူ့ရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

လူနာနဲ့ ဆွေမျိုးတော်စပ်ကြောင်းကိုလည်း ရှင်းပြခဲ့တဲ့နောက် ဒီအစားထိုးခွဲစိတ်ကုသမှုကို အတည်ပြုပေးခဲ့တယ်လို့ သူက ပြောပါတယ်။

ခွဲစိတ်တဲ့နေ့မှာတော့ မေ့ဆေးကြောင့် သတိမလစ်သွားခင်လေးမှာ ဆရာဝန်တွေ သူ့ကို ခွဲစိတ်ဖို့ မေ့ဆေးပေးဖို့ လုပ်နေတာကို အမှတ်ရမိကြောင်း သူက ပြောပါတယ်။

“ခွဲစိတ်မှုအပြီးနောက်ပိုင်းမှာ ခါးနည်းနည်းပါးပါး နာတာကလွဲလို့ ကြီးကြီးမားမား ပြဿနာတော့မရှိပါဘူး” လို့ သူက ပြောပါတယ်။ ခွဲစိတ်ပြီးတစ်ပတ်လောက်ထိတော့ သူ ဆေးရုံတက်ခဲ့ရပါတယ်။

အမေတု

နောက်ထပ် ကျောက်ကပ်အလှူရှင်ကတော့ ကိုမျိုးဝင်း (အမည်လွှဲ) ဆိုသူပါ။ 

သူလည်း ကိုဇေယျလိုပဲ သူစိမ်းတစ်ယောက်ကို ဆွေမျိုးတော်စပ်ကြောင်း ပွဲစားရဲ့အစီအစဥ်နဲ့ ဟန်ဆောင်ခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

“ပွဲစားက စာရွက်တစ်ရွက်ပေးတယ်။ အဲဒါကို အလွတ်ကျက်ရတယ်” လို့ ကိုမျိုးဝင်းက ပြောပါတယ်။ ကျောက်ကပ်လက်ခံမယ့်လူနာဟာ ကိုမျိုးဝင်းရဲ့ ဆွေမျိုးတစ်ဦးနဲ့ လက်ထပ်ထားတယ် ဆိုတာကိုလည်း သူ့ကို စစ်ဆေးတဲ့ဘုတ်အဖွဲ့ရှေ့မှာ ပြောခဲ့ရပါတယ်။

“အဲဒီမှာ ကျွန်တော့်ကို စစ််ဆေးတဲ့သူက (မြန်မာပြည်က) ကျွန်တော့်အမေကို ဖုန်းခေါ်တယ်။ ဒါပေမဲ့ ပွဲစားက အမေတု စီစဥ်ထားပေးတယ်" လို့ ကိုမျိုးဝင်းက ပြောပါတယ်။ တစ်ဖက်က ဖုန်းပြန်ဖြေတဲ့သူက ကိုမျိုးဝင်းဟာ မိခင်ဖြစ်တဲ့ သူ့ရဲ့ခွင့်ပြုချက်နဲ့ သူ့ကျောက်ကပ်ကို ဆွေမျိုးတစ်ဦးဆီ လှူဒါန်းတာ ဟုတ်မှန်ကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ ကိုမျိုးဝင်းက ရှင်းပြပါတယ်။

ကိုမျိုးဝင်းဟာ “စေတနာကြေး” ဆိုပြီး ကိုဇေယျ ရရှိတဲ့ ငွေပမာဏအတိုင်း ရရှိခဲ့ပါတယ်။ 

အဲဒီထဲက ၁၀ ရာခိုင်နှုန်းကို ပွဲစားဆိုသူကို ပေးရပါတယ်။

ကိုဇေယျရော ကိုမျိုးဝင်းပါ ခွဲစိတ်မှုမတိုင်ခင်မှာ စရန်ငွေအဖြစ် သူတို့ရမယ့်ပိုက်ဆံရဲ့ သုံးပုံတစ်ပုံကို ကြိုတင်ရရှိခဲ့ကြပါတယ်။
“သူတို့ပိုက်ဆံတွေ ယူထားပြီးသားဖြစ်နေတော့ ငါလုပ်စရာရှိတာ လုပ်ရမယ်ဆိုတဲ့စိတ်နဲ့လုပ်လိုက်တာ” လို့ ခွဲခန်းထဲဝင်တဲ့အချိန်မှာ တွေးနေမိတဲ့အကြောင်း ကိုမျိုးဝင်းက ပြောပါတယ်။

ဆပ်ရမယ့်အကြွေးတွေအပြင် ဇနီးဖြစ်သူကို ဆေးကုသဖို့ ဆေးဖိုးဝါးခတွေနဲ့ ရုန်းကန်နေရတာကြောင့် ‘ဒီဆိုးရွားတဲ့နည်းလမ်းကိုပဲရွေးချယ်ခဲ့ရတယ်’ လို့ ကိုမျိုးဝင်းက ပြောပါတယ်။

မြန်မာမှာ စစ်အာဏာသိမ်းပြီးကတည်းက အလုပ်လက်မဲ့နှုန်းမြင့်တက်လာခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ထွက်ခွာနေပါတယ်။ ၂၀၁၇ခုနှစ်တုန်းက မြန်မာ့ လူဦးရေရဲ့ လေးပုံတစ်ပုံဟာ ဆင်းရဲမွဲတေနေပြီး ၂၀၂၃ မှာတော့ ဆင်းရဲမွဲတေသူဦးရေဟာ မြန်မာ့လူဦးရေရဲ့ထက်ဝက်ထိ မြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ UNDP စာရင်းတွေက ဖော်ပြနေပါတယ်။

အဲဒီလို ကျောက်ကပ်ရောင်းချခြင်းဟာ တရားဥပဒေနဲ့ မညီဘူးလို့ ပွဲစားက မရှင်းပြခဲ့ဘူးလို့ ကိုမျိုးဝင်းက ပြောပါတယ်။ 

“အဲဒီလိုရှင်းပြခဲ့ရင် ကျွန်တော် ဘယ်လုပ်တော့မလဲ။ အဖမ်းခံရမှာ ကြောက်တာပေါ့ ” လို့ သူကပြောပါတယ်။

ကိုမျိုးဝင်းလိုပဲ အသက် ၃၀ အရွယ် မသီတာ(အမည်လွှဲ) ဟာလည်း ကျောက်ကပ်ရောင်းဖို့ အိန္ဒိယကိုရောက်ခဲ့သူတွေထဲက တစ်ယောက်ပါ။

မသီတာဟာ သူ့ရဲ့နာမကျန်းတဲ့မိခင်ကို ဆေးကုသဖို့နဲ့ အကြွေးတွေပြန်ဆပ်နိုင်ဖို့ နောက်ဆုံးမှာ ကျောက်ကပ်ရောင်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောပါတယ်။

“အမေကလည်း ကျန်းမာရေးမကောင်းဘူးလေ။ တရှောင်ရှောင် ဖြစ်နေတယ်။ နောက် ငွေရေး၊ ကြေးရေးအပိုင်းမှာလည်းအခက်အခဲရှိတယ်။ အိမ်နဲ့ ခြံပေါင်နေရတဲ့အထိ ဖြစ်လာတယ်။ အဲဒါနဲ့ လုပ်လိုက်တာ။ ကိုယ့်မိသားစုလည်း ဒုက္ခအရောက်မခံနိုင်ဘူးလေ။”

ဒီလုပ်ငန်းဟာ တရားမဝင်ဘူးဆိုတာသိထားလားဆိုတဲ့ ဘီဘီစီရဲ့ မေးခွန်းကိုတော့ မသီတာက “သိတော့သိတယ်။ ပွဲစားက အဲလိုမျိုးတော့မရှင်းပြပါဘူး။ ဒါပေမဲ့ ကိုယ်ကတော့ ရိပ်မိတယ်။ ဒီလိုတွေ(စာရွက်စာတမ်းတွေ) လုပ်ရတယ်ဆိုကတည်းက အမှန်တကယ်သွားတယ်ဆို ဒီလိုမျိုးတွေ လုပ်စရာမှမလိုတာ”လို့ တုံ့ပြန်ပါတယ်။

မသီတာဟာ အဲဒီလိုကျောက်ကပ်ရောင်းချဖို့ အိန္ဒိယကို နှစ်ကြိမ်တိုင် သွားရောက်ခဲ့ရသူပါ။ ပထမတစ်ကြိမ် ခွဲစိတ်ဖို့အားလုံးပြင်ဆင်ပြီး အိန္ဒိယကိုရောက်ချိန် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ဖြစ်ပွားလို့ သူ့ကျောက်ကပ်ကိုယူမယ့်လူနာက ကိုဗစ်ဝင်ပြီး ဆေးရုံပေါ်မှာ သေဆုံးခဲ့ပါတယ်။

သူလည်း အိန္ဒိယမှာ လအနည်းငယ်သောင်တင်နေပြီး မြန်မာဘက်က လာခေါ်တဲ့လေယာဥ်နဲ့ ရန်ကုန်ကိုပြန်ခဲ့ရပါတယ်။ နောက်တစ်ကြိမ်မှာတော့ သူအောင်မြင်ခဲ့ပါတယ်။

ဘီဘီစီ က အင်တာဗျူးဖြေဆိုသူတွေရဲ့ လုံခြုံရေးအတွက် လူနာမည်နဲ့ အဖွဲ့အစည်းနာမည်တွေကို မဖော်ပြထားပါဘူး။

နောက်ထပ် မန္တလေးက အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကလည်း ကျောက်ကပ်အလှူရှင်နဲ့ လက်ခံမယ့်သူ ၁၀ ယောက်လောက်ကို အိန္ဒိယမှာ ခွဲစိတ်နိုင်ဖို့ ကူညီပေးခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

သူက အဲဒီ လူ ၁၀ ယောက်လောက်ကို မန္တလေးမြို့က အေဂျင်စီတစ်ခုကို လမ်းညွှန်ပေးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ အေဂျင်စီအတွက် ကျောက်ကပ်လိုအပ်နေသူတွေနဲ့ အလှူရှင်တွေကို သူက ချိတ်ဆက်ဆောင်ရွက်ပေးတာဖြစ်တယ်လို့ ရှင်းပြပါတယ်။

“အလှူရှင်မရှိမှာ စိတ်မပူပါနဲ့။ ကျွန်တော်တို့ဆီမှာ ကျောက်ကပ်လှူဖို့ တန်းစီထားတဲ့ အလှူရှင်စာရင်းလည်း ရှိတယ်” လို့ သူကပြောပါတယ်။

အလှူရှင်နဲ့ လက်ခံမယ့်လူနာတို့အချင်းချင်း ဆွေမျိုးနီးစပ်တော်သူတွေဖြစ်သွားအောင် မိသားစုဝင်တွေထဲမှာ လက်ထပ်ထားသူရှိတဲ့ပုံစံ စာရွက်စာတမ်းအတုတွေ လုပ်ပေးတယ်လို့ သူက ပြောပါတယ်။

အခုလိုတွေ လိုက်ပါဆောင်ရွက်ပေးတာအတွက် သူ့မှာ ငွေကြေးတစ်စုံတရာရရှိသလားဆိုတဲ့ မေးခွန်းကိုတော့ တုံ့ပြန်ဖြေဆိုမှုမရှိခဲ့ပါဘူး။

အဆင့်တွေကျော်ဖြတ်အပြီးမှာ ကိုဇေယျတစ်ယောက် အိန္ဒိယမြောက်ပိုင်းကို လေယာဥ် စီးသွားရောက်ခဲ့ပြီး အဲဒီကဆေးရုံကြီးတစ်ခုမှာ ကျောက်ကပ်ခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ပြည်ပနိုင်ငံသားတွေ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးခွဲစိတ်မှုလုပ်တဲ့အခါ ဆေးရုံကဖွဲ့စည်းထားတဲ့ ကော်မတီ (အရပ်အခေါ် ဘုတ်အဖွဲ့) ဒါမှမဟုတ် ဒေသအာဏာပိုင်တွေက စစ်ဆေးမေးမြန်းမှုတွေ လုပ်ပါတယ်။  

လူလေးဦးခန့်ပါတဲ့အဖွဲ့က ကိုဇေယျကို စကားပြန်ကတစ်ဆင့် မေးမြန်းပါတယ်။

“သူတို့က ကျွန်တော့်ကို စိတ်ရင်းစေတနာနဲ့ လှူတာလား။ အတင်းလှူခိုင်းလို့လားဆိုပြီးမေးတယ်” လို့ သူ့ရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

လူနာနဲ့ ဆွေမျိုးတော်စပ်ကြောင်းကိုလည်း ရှင်းပြခဲ့တဲ့နောက် ဒီအစားထိုးခွဲစိတ်ကုသမှုကို အတည်ပြုပေးခဲ့တယ်လို့ သူက ပြောပါတယ်။

ခွဲစိတ်တဲ့နေ့မှာတော့ မေ့ဆေးကြောင့် သတိမလစ်သွားခင်လေးမှာ ဆရာဝန်တွေ သူ့ကို ခွဲစိတ်ဖို့ မေ့ဆေးပေးဖို့ လုပ်နေတာကို အမှတ်ရမိကြောင်း သူက ပြောပါတယ်။

“ခွဲစိတ်မှုအပြီးနောက်ပိုင်းမှာ ခါးနည်းနည်းပါးပါး နာတာကလွဲလို့ ကြီးကြီးမားမား ပြဿနာတော့မရှိပါဘူး” လို့ သူက ပြောပါတယ်။ ခွဲစိတ်ပြီးတစ်ပတ်လောက်ထိတော့ သူ ဆေးရုံတက်ခဲ့ရပါတယ်။

အမေတု

နောက်ထပ် ကျောက်ကပ်အလှူရှင်ကတော့ ကိုမျိုးဝင်း (အမည်လွှဲ) ဆိုသူပါ။ 

သူလည်း ကိုဇေယျလိုပဲ သူစိမ်းတစ်ယောက်ကို ဆွေမျိုးတော်စပ်ကြောင်း ပွဲစားရဲ့အစီအစဥ်နဲ့ ဟန်ဆောင်ခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

“ပွဲစားကစာရွက်တစ်ရွက်ပေးတယ်။ အဲဒါကို အလွတ်ကျက်ရတယ်” လို့ ကိုမျိုးဝင်းက ပြောပါတယ်။ ကျောက်ကပ်လက်ခံမယ့်လူနာဟာ ကိုမျိုးဝင်းရဲ့ ဆွေမျိုးတစ်ဦးနဲ့ လက်ထပ်ထားတယ် ဆိုတာကိုလည်း သူ့ကို စစ်ဆေးတဲ့ဘုတ်အဖွဲ့ရှေ့မှာ ပြောခဲ့ရပါတယ်။

“အဲဒီမှာ ကျွန်တော့်ကို စစ််ဆေးတဲ့သူက (မြန်မာပြည်က) ကျွန်တော့်အမေကို ဖုန်းခေါ်တယ်။ ဒါပေမဲ့ ပွဲစားက အမေတု စီစဥ်ထားပေးတယ်" လို့ ကိုမျိုးဝင်းက ပြောပါတယ်။ တစ်ဖက်က ဖုန်းပြန်ဖြေတဲ့သူက ကိုမျိုးဝင်းဟာ မိခင်ဖြစ်တဲ့ သူမရဲ့ခွင့်ပြုချက်နဲ့ သူ့ကျောက်ကပ်ကို ဆွေမျိုးတစ်ဦးဆီ လှူဒါန်းတာ ဟုတ်မှန်ကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ ကိုမျိုးဝင်းက ရှင်းပြပါတယ်။

ကိုမျိုးဝင်းဟာ “စေတနာကြေး” ဆိုပြီး ကိုဇေယျ ရရှိတဲ့ ငွေပမာဏအတိုင်း ရရှိခဲ့ပါတယ်။ 

အဲဒီထဲက ၁၀ ရာခိုင်နှုန်းကို ပွဲစားဆိုသူကို ပေးရပါတယ်။

 ကိုဇေယျရော ကိုမျိုးဝင်းပါ ခွဲစိတ်မှုမတိုင်ခင်မှာ စရန်ငွေအဖြစ် သူတို့ရမယ့်ပိုက်ဆံရဲ့ သုံးပုံတစ်ပုံကို ကြိုတင်ရရှိခဲ့ကြပါတယ်။
“သူတို့ပိုက်ဆံတွေ ယူထားပြီးသားဖြစ်နေတော့ ငါလုပ်စရာရှိတာ လုပ်ရမယ်ဆိုတဲ့စိတ်နဲ့လုပ်လိုက်တာ” လို့ ခွဲခန်းထဲဝင်တဲ့အချိန်မှာ တွေးနေမိတဲ့အကြောင်း ကိုမျိုးဝင်းက ပြောပါတယ်။

ဆပ်ရမယ့်အကြွေးတွေအပြင် ဇနီးဖြစ်သူကို ဆေးကုသဖို့ ဆေးဖိုးဝါးခတွေနဲ့ ရုန်းကန်နေရတာကြောင့် ‘ဒီဆိုးရွားတဲ့နည်းလမ်းကိုပဲရွေးချယ်ခဲ့ရတယ်’ လို့ ကိုမျိုးဝင်းက ပြောပါတယ်။

မြန်မာမှာ စစ်အာဏာသိမ်းပြီးကတည်းက အလုပ်လက်မဲ့နှုန်းမြင့်တက်လာခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ထွက်ခွာနေပါတယ်။ ၂၀၁၇ခုနှစ်တုန်းက မြန်မာ့ လူဦးရေရဲ့ လေးပုံတစ်ပုံဟာ ဆင်းရဲမွဲတေနေပြီး ၂၀၂၃ မှာတော့ ဆင်းရဲမွဲတေသူဦးရေဟာ မြန်မာ့လူဦးရေရဲ့ထက်ဝက်ထိ မြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ UNDP စာရင်းတွေက ဖော်ပြနေပါတယ်။

အဲဒီလို ကျောက်ကပ်ရောင်းချခြင်းဟာ တရားဥပဒေနဲ့ မညီဘူးလို့ ပွဲစားက မရှင်းပြခဲ့ဘူးလို့ ကိုမျိုးဝင်းက ပြောပါတယ်။ 

“အဲဒီလိုရှင်းပြခဲ့ရင် ကျွန်တော် ဘယ်လုပ်တော့မလဲ။ အဖမ်းခံရမှာ ကြောက်တာပေါ့ ” လို့ သူကပြောပါတယ်။

ကိုမျိုးဝင်းလိုပဲ အသက် ၃၀ အရွယ် မသီတာ(အမည်လွှဲ) ဟာလည်း ကျောက်ကပ်ရောင်းဖို့ အိန္ဒိယကိုရောက်ခဲ့သူတွေထဲက တစ်ယောက်ပါ။

မသီတာဟာ သူ့ရဲ့နာမကျန်းတဲ့မိခင်ကို ဆေးကုသဖို့နဲ့ အကြွေးတွေပြန်ဆပ်နိုင်ဖို့ နောက်ဆုံးမှာ ကျောက်ကပ်ရောင်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောပါတယ်။

“အမေကလည်း ကျန်းမာရေးမကောင်းဘူးလေ။ တရှောင်ရှောင် ဖြစ်နေတယ်။ နောက် ငွေရေး၊ ကြေးရေးအပိုင်းမှာလည်းအခက်အခဲရှိတယ်။ အိမ်နဲ့ ခြံပေါင်နေရတဲ့အထိ ဖြစ်လာတယ်။ အဲဒါနဲ့ လုပ်လိုက်တာ။ ကိုယ့်မိသားစုလည်း ဒုက္ခအရောက်မခံနိုင်ဘူးလေ။”

ဒီလုပ်ငန်းဟာ တရားမဝင်ဘူးဆိုတာသိထားလားဆိုတဲ့ ဘီဘီစီ ရဲ့ မေးခွန်းကိုတော့ မသီတာက“သိတော့သိတယ်။ ပွဲစားက အဲလိုမျိုးတော့မရှင်းပြပါဘူး။ ဒါပေမဲ့ ကိုယ်ကတော့ ရိပ်မိတယ်။ ဒီလိုတွေ(စာရွက်စာတမ်းတွေ) လုပ်ရတယ်ဆိုကတည်းက။ အမှန်တကယ်သွားတယ်ဆို ဒီလိုမျိုးတွေ လုပ်စရာမှမလို တာ”လို့ တုံ့ပြန်ပါတယ်။

မသီတာဟာ အဲဒီလိုကျောက်ကပ်ရောင်းချဖို့ အိန္ဒိယကို နှစ်ကြိမ်တိုင်သွား ရောက်ခဲ့ရသူပါ။ ပထမတစ်ကြိမ် ခွဲစိတ်ဖို့အားလုံးပြင်ဆင်ပြီး အိန္ဒိယကိုရောက်ချိန် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်လည်းဖြစ်ပွားလို့ သူ့ကျောက်ကပ်ကိုယူမယ့်လူနာက ကိုဗစ်ဝင်ပြီး ဆေးရုံပေါ်မှာ သေဆုံးခဲ့ပါတယ်။

သူလည်း အိန္ဒိယမှာ လအနည်းငယ်သောင်တင်နေပြီး မြန်မာဘက်က လာခေါ်တဲ့လေယာဥ်နဲ့ ရန်ကုန်ကိုပြန်ခဲ့ရပါတယ်။
နောက်တစ်ကြိမ်မှာတော့ သူအောင်မြင်ခဲ့ပါတယ်။

ဘီဘီစီ က အင်တာဗျူးဖြေဆိုသူတွေရဲ့ လုံခြုံရေးအတွက် လူနာမည်နဲ့ အဖွဲ့အစည်းနာမည်တွေကို မဖော်ပြထားပါဘူး။

နောက်ထပ် မန္တလေးက အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကလည်း ကျောက်ကပ်အလှူရှင်နဲ့ လက်ခံမယ့် သူ ၁၀ ယောက်လောက်ကို အိန္ဒိယမှာ ခွဲစိတ်နိုင်ဖို့ ကူညီပေးခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

သူက အဲဒီ လူ ၁၀ ယောက်လောက်ကို မန္တလေးမြို့က အေဂျင်စီတစ်ခုကို လမ်းညွှန်ပေးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီအေဂျင်စီအတွက် ကျောက်ကပ်လိုအပ်နေသူတွေနဲ့ အလှူရှင်တွေကို သူက ချိတ်ဆက်ဆောင်ရွက်ပေးတာဖြစ်တယ်လို့ ရှင်းပြပါတယ်။

“အလှူရှင်မရှိမှာ စိတ်မပူပါနဲ့။ ကျွန်တော်တို့ဆီမှာ ကျောက်ကပ်လှူဖို့တန်းစီထားတဲ့ အလှူရှင်စာရင်းလည်း ရှိတယ်” လို့ သူကပြောပါတယ်။

အလှူရှင်နဲ့ လက်ခံမယ့်လူနာတို့အချင်းချင်း ဆွေမျိုးနီးစပ်တော်သူတွေဖြစ်သွားအောင် မိသားစုဝင်တွေထဲမှာ လက်ထပ်ထားသူရှိတဲ့ပုံစံ စာရွက်စာတမ်းအတုတွေ လုပ်ပေးတယ်လို့ သူက ပြောပါတယ်။

အခုလိုတွေ လိုက်ပါဆောင်ရွက်ပေးတာအတွက် သူ့မှာ ငွေကြေးတစ်စုံတစ်ရာရရှိသလားဆိုတဲ့ မေးခွန်းကိုတော့ တုံ့ပြန်ဖြေဆိုမှုမရှိခဲ့ပါဘူး။

အိန္ဒိယက ဖမ်းဆီးခံရမှုတွေ

ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးကုသမှုတွေဟာ ၂၀၁၀ ပြည့်နှစ်ကစလို့ ကမ္ဘာတဝန်း ၅၀ ရာခိုင်နှုန်းကျော် တိုးလာပြီး နှစ်စဥ် ခွဲစိတ်မှုပေါင်း တစ်သိန်းခွဲရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပါတယ်။​ ဒါပေမဲ့ ကမ္ဘာတဝန်း ကိုယ်အင်္ဂါအစားထိုးခွဲစိတ်ကုသဖို့ လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းသာ ဖြည့်ဆည်းပေးနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံအားလုံးနီးပါးမှာ လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ရောင်းဝယ်ဖောက်ကားမှုဟာ တရားမဝင် ဖြစ်ပြီး ဒီဖြစ်စဥ်တွေ ဘယ်လောက်များများဖြစ်နေလဲဆိုတာ တိုင်းတာဖို့ ခက်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက အစားထိုးကုသမှုပြုလုပ်ခဲ့တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းဟာ မှောင်ခိုစျေးကွက်ကနေလာတာလို့ WHO က ခန့်မှန်းတွက်ချက်ခဲ့ပေမဲ့ အရေအတွက်က ဒီ့ထက်ပိုများနိုင်ပါတယ်။

ဒီနှစ်ပိုင်းတွေအတွင်း ဆင်းရဲနွမ်းပါးသူတွေရဲ့ တရားမဝင်ကျောက်ကပ်ရောင်းချမှုတွေဟာ နိပေါ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အပါအဝင် အာရှဒေသတလွှား ဖြစ်ပွားခဲ့တဲ့အထောက်အထားတွေ ရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ဆေးကုသမှုဆိုင်ရာခရီးသွားလုပ်ငန်းအတွက် အချက်အခြာကျတဲ့နေရာတစ်ခု ဖြစ်လာခဲ့ပြီး အခုလို ကျောက်ကပ်ရောင်းချမှုတွေအကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့မှုတွေနဲ့ ရဲတပ်ဖွဲ့က လတ်တလော စုံစမ်းစစ်ဆေးမှုတွေ ရှိလာခဲ့တဲ့နောက် အိန္ဒိယနိုင်ငံအတွင်း စိုးရိမ်မှုတွေကလည်း မြင့်တက်လာနေပါတယ်။

တရားမဝင် ကျောက်ကပ်ရောင်းချမှုတွေနဲ့ ဆက်စပ်လို့ အိန္ဒိယ အမျိုးသမီးဆရာဝန်တစ်ဦးနဲ့ သူရဲ့လက်ထောက်အပါအဝင် လူခုနစ်ဦးကို ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဒီအဖွဲ့ဟာ ဆင်းရဲနွမ်းပါးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ကျောက်ကပ်အစားထိုးခွဲစိတ်ဖို့ ခွင့်ပြုချက်ရအောင် စာရွက်စာတမ်းအတုတွေပြုလုပ်ပြီး ကျောက်ကပ်ရောင်းချစေခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့က နာမည်ကြီး အပိုလိုဆေးရုံမှာလုပ်နေတဲ့ ဒေါက်တာဝိဇယရာဂျာကုမ္မာရီဟာ အပိုလိုဆေးရုံနဲ့ ကီလိုမီတာအနည်းငယ်သာကွာဝေးတဲ့ Yatharth ဆေးရုံမှာလည်း ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ဒေါက်တာဝိဇယကုမ္မာရီရဲ့ ရှေ့နေကတော့ ဒီစွပ်စွဲချက်တစ်ခုလုံးဟာ “အခြေအမြစ် လုံးဝမရှိသလို သက်သေအထောက်အထားမဲ့ စွပ်စွဲချက်တွေသာဖြစ်တယ်” လို့ ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် သူ့အမှုသည်ဟာ အာဏာပိုင်ကော်မတီက အတည်ပြုပေးခဲ့တဲ့ ခွဲစိတ်မှုတွေကိုသာ တရားဥပဒေနဲ့အညီ အမြဲတမ်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒေါက်တာ ဝိဇယကုမ္မာရီရဲ့ အာမခံလျှောက်ထားမှုကို ခွင့်ပြုချက်အမိန့်စာမှာတော့ သူ့ကို စာရွက်စာတမ်းအတုပြုလုပ်မှုနဲ့ စွပ်စွဲထားတာ မတွေ့ရပါဘူး။

Yatharth ဆေးရုံကလည်း ပြင်ပက လာရောက်ခွဲစိတ်တဲ့ ဧည့်ဆရာဝန်တွေရဲ့ စီမံခန့်ခွဲမှုတွေအပါအဝင် ခွဲစိတ်ကုသမှုအားလုံးဟာ ဥပဒေနဲ့ရော ကျင့်ဝတ်ပိုင်းဆိုင်ရာလုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီသေချာမှုရှိစေဖို့ ဆေးရုံရဲ့ ခိုင်မာတဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာရတယ်လို့ ဘီဘီစီကို တုံ့ပြန်ပါတယ်။

“ရှေ့မှာ ဒီလို ဖြစ်ရပ်တွေ တစ်ခုမှ ထပ်မဖြစ်အောင် ကာကွယ်ဖို့ ဆေးရုံရဲ့ လုပ်ငန်းစဥ်တွေကိုလည်း ပိုကောင်းအောင် မြှင့်တင်ထားပြီးဖြစ်ပါတယ်”လို့ ဆေးရုံဘက်က ပြောပါတယ်။

ဒေါက်တာဝိဇယကုမ္မာရီ ဖမ်းဆီးခံခဲ့ရပြီးနောက် အပိုအလိုဆေးရုံကတော့ သူဟာ အပိုလိုဆေးရုံမှာ လခစားဝန်ထမ်းမဟုတ်ဘဲ ဝန်ဆောင်မှုတစ်ခုချင်းစီအတွက် အခကြေးငွေယူကုသမှုပေးတဲ့ “Fee-for-service” အဖြစ် လုပ်တာလို့ ပြောပါတယ်။ အခုတော့ သူနဲ့ ဆေးရုံကြား ဆေးကုသမှုဆိုင်ရာ ဆက်ဆံမှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ ပြောပါတယ်။

၂၀၂၅ ဖေဖော်ဝါရီ လကုန်ပိုင်းအထိတော့ ဒေါက်တာ ဝိဇယကုမ္မာရီကို တရားရုံးမှာ အမှုတပ်တရားစွဲဆိုတာမျိုး မရှိသေးပါဘူး။

နောင်တမရှိပါ

ပြည်ပနိုင်ငံသားတွေရဲ့  ကိုယ်အင်္ဂါအစားထိုးကုသမှုတွေ ပိုများလာနေတာကြောင့် သတိထားစောင့်ကြည့်ကြဖို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိတစ်ဦးက အိန္ဒိယနိုင်ငံအတွင်းက ပြည်နယ်တွေဆီကို ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ အသိပေးစာပို့ခဲ့ပါတယ်။

အိန္ဒိယရဲ့ ဥပဒေထဲမှာတော့ ပြည်ပနိုင်ငံသားတွေအနေနဲ့ ကိုယ်အင်္ဂါလှူချင်တဲ့အခါ ဒါမှမဟုတ် လက်ခံချင်တဲ့အခါ အလှူရှင်နဲ့ လက်ခံသူရဲ့ တော်စပ်မှု သက်သေစာရွက်စာတမ်းတွေ ရှိရမှာဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီစာရွက်စာတမ်းတွေကို အိန္ဒိယနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ မူရင်းနိုင်ငံရဲ့ သံရုံးက စစ်ဆေးအတည်ပြုပြီးဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒီဖြစ်စဥ်တွေနဲ့ပတ်သက်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၊ အိန္ဒိယအမျိုးသား ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးကုသမှုအဖွဲ့နဲ့ မြန်မာစစ်ကောင်စီတို့ထံက တုံ့ပြန်ချက်ရရှိဖို့ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမရှိခဲ့ပါဘူး။

လူထုကို ကျန်းမာရေးဆိုင်ရာအသိပညာ‌ပေးလုပ်ငန်းတွေလုပ်နေတဲ့ ဒေါက်တာသူရိန်လှိုင်ဝင်းကတော့ “ဒီလိုအခြေအနေတွေမှာ တရားဥပဒေစိုးမိုးရေးဆိုတာ အားမကောင်းပါဘူး” လို့ ပြောပါတယ်။

အလှူရှင်တွေအနေနဲ့ ကျောက်ကပ်လှူတော့မယ်ဆိုရင် ခွဲစိတ်မှုလုပ်နေချိန် သွေးယိုစိမ့်မှုနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ထိခိုက်နိုင်တာ စတဲ့ အချက်တွေကို သတိထားရမှာဖြစ်ပြီး ခွဲစိတ်ပြီးရင်လည်း ကျန်းမာရေးစစ်ဆေးမှုတွေ မကြာမကြာလုပ်ဖို့ ဒေါက်တာသူရိန်လှိုင်ဝင်းက တိုက်တွန်းပါတယ်။

ဘီဘီစီက ကိုဇေယျနဲ့ သူ့ခွဲစိတ်မှုအပြီး လအတော်ကြာမှာ တွေ့ဆုံခဲ့ပါတယ်။

“ကျွန်တော့်အကြွေးတွေလည်း ဆပ်နိုင်ခဲ့တယ်။ မြေကွက်လည်းတစ်ကွက်လည်း ဝယ်နိုင်ခဲ့တယ်” လို့ သူက ပြောပါတယ်။

ဒါပေမဲ့ လက်သမားခ မပေးနိုင်တာရယ်၊ ခွဲစိတ်မှုအပြီး ကျန်းမာရေးက လုံးလုံး လျားလျား မကောင်းသေးတာရယ်ကြောင့် အိမ်မဆောက်နိုင်သေးဘူးလို့ ကိုဇေယျက ပြောပါတယ်။

ကိုဇေယျဟာ ခွဲစိတ်မှုအပြီး ခါးနာတဲ့ဝေဒနာ ခံစားနေရပါတယ်။

“ကျွန်တော် အလုပ်ပြန်လုပ်ရတော့မယ်။ ခါးတွေဘာတွေနာလည်း ဖြစ်တော့လည်း ခံရမှာပဲ။ အဲဒီအတွက်တော့ ကျွန်တော်နောင်တမရပါဘူး” လို့ သူက ဖြည့်စွက်ပြောပြပါတယ်။

ကိုဇေယျဟာ သူ့ကျောက်ကပ်ကိုအစားထိုးထားသူ အမျိုးသမီးနဲ့ အဆက်အသွယ်ရှိနေခဲ့ပြီး သူ့ကျောက်ကပ်နဲ့ ကျန်းမာရေးကောင်းမွန်နေတယ်ဆိုတာ သိရတယ်လို့ ပြောပါတယ်။

အဲဒီ အမည်မဖော်လိုတဲ့ ကျောက်ကပ်အစားထိုးထားသူကတော့ ကုန်ကျငွေ စုစုပေါင်း မြန်မာငွေ ကျပ်သိန်းတစ်ထောင်နီးပါး ရှိခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ဆွေမျိုးမတော်စပ်တဲ့ ကိုဇေယျရဲ့ကျောက်ကပ်ကို အစားထိုးခွဲစိတ်ခဲ့တယ်ဆိုတာကိုတော့ ငြင်းဆန်ပါတယ်။

ကိုမျိုးဝင်းကတော့ ခွဲစိတ်မှုအပြီး ခြောက်လအကြာမှာ အကြွေးတွေအားလုံးရဲ့ သုံးပုံနှစ်ပုံကို ဆပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

“အလုပ်က ဘာအလုပ်မှမရှိဘူး။ ပိုက်ဆံလည်း တစ်ပြားမှမရှိတော့ဘူး” လို့ သူကပြောပါတယ်။

ခွဲစိတ်မှုပြီးကတည်းက သူ့မှာ အစာအိမ်နဲ့ဆက်စပ်တဲ့ဝေဒနာကိုလည်း ခံစားနေရပါတယ်။

ကိုမျိုးဝင်းက အခုလိုလုပ်တာဟာ သူ့မိသားစုအတွက် လုပ်တာဖြစ်လို့ နောင်တတော့ မရပေမဲ့ သူလိုတော့ လိုက်မလုပ်ကြဖို့ တိုက်တွန်းပါတယ်။

“ဒါကို မလုပ်ကြပါနဲ့လို့ တခြားသူတွေကို ကျွန်တော် ပြောချင်ပါတယ်။ တကယ်တော့ မကောင်းပါဘူး။ မလုပ်ကြပါနဲ့။”

သတင်းထောက် - ဘီဘီစီမြန်မာပိုင်း
အယ်ဒီတာ - အက်စ်တူဒက်စထြာ အာဂျန်ရာစထရီ၊ မင်းထက်
ထုတ်လုပ်ရေးမှူး - အဂ်နီရာအက်ဒ်ဇ်ကီရာ
ဒီဇိုင်းနဲ့သရုပ်ဖော်ပုံများ - အာဗင်ဆူပရိယာဒိ၊ ဂိုပါးလ် ရွှန်းယ
ဓာတ်ပုံများ - Getty Images၊ ဘီဘီစီမြန်မာပိုင်း