ကလေးတွေ မြင်ထားတဲ့ ကိုဗစ်-၁၉

ရိယု
ဂျပန်

ရိယု
ဂျပန်

ကိုးနှစ်သား ရပ်ဂဘီဝါသနာရှင်လေး ရိယုက သူကိုယ်တိုင် ဗိုင်းရပ်စ်ကို ရပ်ဂဘီကစားရင်း ကန်ထုတ်တဲ့ပုံမျိုး ဆွဲထားပါတယ်။
အိမ်ထဲမှာ နေနေရချိန်မှာ သူသတိအရဆုံးကတော့ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ရပ်ဂဘီကစားရတာပါပဲလို့ ဆိုပါတယ်။

ဒါပေမယ့် အခုအိမ်မှာ မိဘတွေနဲ့ စာသင်ရတာကို သူပျော်ပါတယ်တဲ့၊ အိမ်စာထဲမှာ ကိုယ်ကာယလေ့ကျင့်ခန်းလည်း ပါပါတယ်။
အိမ်ထဲမှာလည်း ရပ်ဂဘီဘောလုံးနဲ့ ကစားတုန်းပါလို့ သူက ဆိုပါတယ်။

ကိုးနှစ်သား ရပ်ဂဘီဝါသနာရှင်လေး ရိယုက သူကိုယ်တိုင် ဗိုင်းရပ်စ်ကို ရပ်ဂဘီကစားရင်း ကန်ထုတ်တဲ့ပုံမျိုး ဆွဲထားပါတယ်။
ကျောင်းက သူငယ်ချင်းတွေနဲ့ ရပ်ဂဘီကစားရတာကို သူ သတိအရဆုံးပဲလို့ ဆိုပါတယ်။

ဒါပေမယ့် အခုအိမ်မှာ မိဘတွေနဲ့ စာသင်ရတာကို သူပျော်ပါတယ်တဲ့၊ အိမ်စာထဲမှာ ကိုယ်ကာယလေ့ကျင့်ခန်းလည်း ပါပါတယ်။
အိမ်ထဲမှာလည်း ရပ်ဂဘီဘောလုံးနဲ့ ကစားတုန်းပါလို့ သူက ဆိုပါတယ်။

ဟေလီ
ဟောင်ကောင်

ဟေလီ
ဟောင်ကောင်

ကိုးနှစ်သမီးလေး ဟေလီကတော့ သူဝါသနာပါတဲ့ သိပ္ပံပညာကို သုံးပါတယ်။
"သမီးဆွဲတဲ့ စက်က တကမ္ဘာလုံးအတွက် ဆေးတွေ အများကြီး ထုတ်ပေးနိုင်တယ်၊ ပြီးတော့ လူတိုင်းလည်း သုံးနိုင်တယ်။"
စက်က ဗိုင်းရပ်စ်ကိုလည်း ကမ္ဘာမြေက မောင်းထုတ်နိုင်မယ်လို့ ဆိုပါတယ်။
"ဒါကြောင့် အာကာသနဲ့ ကြယ်တွေပုံဆွဲထားတာ"

ဂီယွန်ဝူး
တောင်ကိုရီးယား

ဂီယွန်ဝူး
တောင်ကိုရီးယား

"သားဆွဲတဲ့ ပုံက ကိုရိုနာဗိုင်းရပ်စ်နဲ့ စစ်တိုက်နေတဲ့ပုံပါ" လို့ ၁၁ နှစ်သားလေး ဂီယွန်ဝူးက ဆိုပါတယ်။

"ပိုးကူးခံရတဲ့ လူတွေကို တွေ့ရတော့ အရမ်းကြောက်မိပါတယ်။"

ဒါပေမယ့် သူလည်း အခုတော့ အိမ်မှာ နေရတာကို ပျော်နေပါတယ်။ "အမေနဲ့ ဂိမ်းတွေ ကစားတယ်၊ အရင်ကတည်းက ကြည့်ချင်တဲ့ ရုပ်ရှင်တွေကြည့်တယ်၊ နောက်ပြီး စာဖတ်တယ်"

"သားဆွဲတဲ့ ပုံက ကိုရိုနာဗိုင်းရပ်စ်နဲ့ စစ်တိုက်နေတဲ့ပု့ပါ" လို့ ၁၁ နှစ်သားလေး ဂီယွန်ဝူးက ဆိုပါတယ်။

"ပိုးကူးခံရတဲ့ လူတွေကို တွေ့ရတော့ အရမ်းကြောက်မိပါတယ်။"

ဒါပေမယ့် သူလည်း အခုတော့ အိမ်မှာ နေရတာကို ပျော်နေပါတယ်။ "အမေနဲ့ ဂိမ်းတွေ ကစားတယ်၊ အရင်ကတည်းက ကြည့်ချင်တဲ့ ရုပ်ရှင်တွေကြည့်တယ်၊ နောက်ပြီး စာဖတ်တယ်"

အလက်ဆန်ဒရာ
အီတလီ

"ရောမမြို့ကြီး ဒီလိုဖြစ်လာလိမ့်မယ်လို့ အရင်က လုံးဝ မတွေးမိဘူး၊ လမ်းပေါ်မှာ ကားတွေ နည်းသွားတော့ လေလည်း မညစ်ညမ်းတော့ဘူး" လို့ ၁၃ နှစ်သမီးလေး အလက်ဆန်ဒရာက ပြောပါတယ်။ "အခုဆို တိတ်ဆိတ်နေတာပဲ။"
တနင်္လာက သောကြာ နေ့တိုင်း သူအွန်လိုင်းက ငါးနာရီ စာသင်ရပါတယ်။ တစ်နာရီပြီးတိုင်း ၁၀ မိနစ် နားချိန်ရပါတယ်။

"အွန်လိုင်းကနေ ကာယလေ့ကျင့်ခန်း သင်ခန်းစာလည်း လုပ်ရတယ်၊ ကင်မရာကိုဖွင့်ပြီး ဆရာမလုပ်ပြတာ လိုက်လုပ်ရတယ်၊ အဲဒီလိုလုပ်နေရင်း လဲကျလို့ အခုတော့ စားပွဲတွေ ခုံတွေကို ရွှေ့ထားတယ်" လို့ သူက ပြောပါတယ်။
သူဆွဲတဲ့ပုံကတော့ သူ့စားပွဲပါ။ အဲဒီနေရာက "ကွာရန်တင်းလုပ်နေရတဲ့ နေ့တွေအတွင်း သူ့ အသဲနှလုံး" ပါပဲတဲ့။
သူ့အကြိုက်ဆုံး ဟယ်ရီပေါ်တာစာအုပ်ကလည်း ဒီကာလအတွင်း စိတ်ထွက်ပေါက်ပေးခဲ့ပါတယ်တဲ့။

မီးပုံးပျံပုံနဲ့ သက်တန့်ကတော့ သူ့အနာဂတ်လှပဖို့ သူ့ရဲ့ မျှော်လင့်ချက်ကို ဆွဲထားတာလို့ ဆိုပါတယ်။
"အရင်ကဆို ဒီလိုပြောမိမှာ မဟုတ်ဘူး၊ ခုတော့ ကျောင်းပြန်သွားချင်နေပြီ။"
အိမ်ထဲက အပြင်မထွက်ရတာဟာ တချို့ ပျော်စရာ အခွင့်အလမ်းလေးတွေ ဖန်တီးပေးပြီး တချို့ကတော့ သိပ်ပျော်စရာ မကောင်းလှပါဘူး။
"အိမ်မှာ အမေနဲ့ ဟင်းအတူချက်ရတာရယ် သူနဲ့စကားပြောရတာရယ်ကို ကြိုက်တယ်။ ဒါပေမယ့် အိမ်စာတွေလည်း လုပ်နေရသေးတယ်။"

ဂျိယာ
အိန္ဒိယ

ဂျိယာ
အိန္ဒိယ

"သမီးဆွဲတဲ့ပုံကတော့ အခုဆိုတစ်ကိုယ်ရေသန့်ရှင်းဖို့၊ ပတ်ဝန်းကျင်သန့်ရှင်းဖို့နဲ့ သဘာဝကိုစောင့်ရှောက်ဖို့ ပိုသိလာရတယ်၊ သဘာဝအရင်းအမြစ်တွေကို မဖြုန်းဖို့ ပိုနားလည်လာရတယ်ဆိုတာကို ပြောချင်တာပါ" လို့ ဂျိယာက ဆိုပါတယ်။
အိမ်ပြင်မထွက်ရတော့ သဘာဝကို ပိုခံစားတတ်လာတယ်လို့လည်း သူက ယူဆပါတယ်။
"လူတွေအိမ်ထဲမှာနေတော့ သဘာဝက သူ့ဟာသူ ပြန်ရှင်သန်လာနိုင်တဲ့ အခွင့်ရသွားတယ်။ လမ်းပေါ်မှာ ကားတွေသွားနေတဲ့ အသံတွေအစား ငှက်တွေ သီချင်းဆိုသံကို အခုဆို ကြားကြရပြီ။"

အိိုလီဗီယာ
ယူကေ

“တစ်ယောက်နဲ့ တစ်ယောက်မတွေ့ရတော့ အဆက်အသွယ်ပိုနည်းသွားတယ်၊ တစ်ဘက်မှာတော့လည်း ချစ်ခြင်းမေတ္တာနဲ့ လူတွေအချင်းချင်း ပိုပြီးချိတ်ဆက်မိလာကြတယ်၊ တခြားသူတွေအကြောင်း ပိုစဉ်းစားမိလာကြတယ်" လို့ အိုလီဗီယာက ဆိုပါတယ်။

“ကမ္ဘာမြေပေါ်က အစိမ်းစက်တွေက ဗိုင်းရပ်စ်ရှိတဲ့ နေရာတွေပါ၊ ဗိုင်းရပ်စ်က တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာ၊ အသဲနှလုံးပုံကတော့ နိုင်ငံတိုင်းမှာ ချစ်မေတ္တာရှိတယ်၊ ပင်လယ်ထဲမှာတောင် တိရစ္ဆာန်တွေမှာ မေတ္တာတရားရှိတာကို ပြတာပါ။"

ရေးသားထုတ်လုပ်သူ: လာရာအိုဝင်
ဒီဇိုင်နာ: ဒေဗီးဆူရာယ
အားဖြည့်ရေးသားသူ - ဂျူလီ ယွန်ယွန်လီး နှင့် ပဒ္ဒမာ မီနားရှိ
အယ်ဒီတာ - ဆာရာ ဘပ်ကလေ
ဖော်ပြသည့်နေ့ -၂၂ ဧပြီ ၂၀၂၀