၁၀၂၇ စစ်ဆင်ရေးနယ်မြေက တိမ်းရှောင်ခြင်း :

“ကျွန်တော် မသေတာ ကံကောင်းဗျာ”

ဘီဘီစီမြန်မာပိုင်းနှင့် Asia Visual Journalism Team

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်

ဦးပဉ္ဇင်း ဦးအာစရ (အမည်လွှဲ) နဲ့ စားပွဲထိုးလုပ်သား မိုင်းဘုန်းအောင် (အမည်လွှဲ) တို့ဟာ ဒီနှစ် အောက်တိုဘာလ ကုန်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကနေ ရောက်လာတဲ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီထိန်းချုပ်ခဲ့တဲ့ လောက်ကိုင်မြို့ကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လာကြသူတွေဖြစ်ပါတယ်။

ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့က သူတို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နယ်မြေ စိုးမိုးမှု ပိုမိုရရှိရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ တရုတ်မြန်မာနယ်စပ်မှာ ကျားဖြန့်လို့ ခေါ်ကြတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အမြစ်ဖြတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စတင်ခဲ့တာလို့ ထုတ်ပြန်ထားပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာပါဝင်ပတ်သက်မှုနဲ့ တရုတ်ဘက်က ဝရမ်းထုတ်လိုက်တဲ့နောက် မရှေးမနှောင်းမှာပဲ ဒီစစ်ဆင်ရေး ပေါ်ပေါက်လာခဲ့ပါတယ်။

လောက်ကိုင်မှာစစ်ရေးတင်းမာမှုတွေရှိလာလို့ ထွက်ပြေးတိမ်းရှောင်ရသူ တစ်သိန်းခန့်ရှိခဲ့ပြီး သူတို့ဟာ ဒုက္ခသည်စခန်းတွေ၊ ဘာသာရေးအဆောက်အဦတွေနဲ့ ဆွေမျိုးတွေရဲ့နေအိမ်တွေမှာ နေထိုင်ခဲ့ကြရပါတယ်။ အဲဒီထဲမှာ ဦးပဉ္ဇင်း ဦးအာစရနဲ့ အသက် ၂၈ နှစ်အရွယ် မိုင်းဘုန်းအောင်တို့လည်း ပါဝင်ပါတယ်။

သက်တော် ၂၈ နှစ်ရှိတဲ့ ဦးအာစရဟာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ၁၁ ရက် မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာ ၆ ရက်နေ့မှာတော့ သူ့ရဲ့ ညီမနှစ်ဦးအပါအဝင် လူ ၂၆ ယောက်နဲ့အတူ လောက်ကိုင်ကနေ မွေးရပ်ဇာတိ မန်ကျူးရွာသစ်ကို ပြန်ဖို့ အန္တရာယ်များတဲ့ခရီးကို စတင်ခဲ့ပါတယ်။
တကယ်တော့ မန်ကျူးရွာသစ်ဟာ လောက်ကိုင်မြို့ပြင်မှာ ရှိတဲ့ ရွာတစ်ရွာပါ။ ရွာက မြို့နဲ့ ကပ်လျက်ဖြစ်နေပေမဲ့ လမ်းမကြီးကိုနှစ်ဖက်တပ်တွေအပြန်အလှန်ပိတ်ထားလို့ ထွက်ခွင့်ရတဲ့လမ်းကနေပဲ အားလုံးထွက်ခွာခဲ့ကြရပါတယ်။

မိုင်းဘုန်းအောင်ဟာလည်း နောက်သုံးရက်အကြာမှာ သူ့ဇာတိ နမ့်ဆန်မြို့ကိုပြန်ခဲ့ပါတယ်။

လောက်ကိုင်မြို့ထဲမှာဆက်နေထိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့လို့ သူတို့ အသက်ဆက်ရှင်သန်ရေးနဲ့ မိသားစုနဲ့ ပြန်ဆုံနိုင်ဖို့ မွေးရပ်ဇာတိကို ပြန်ခဲ့တဲ့ အပြန်လမ်းမှာ အသက်ဘေးအန္တရာယ်တွေနဲ့ ကြုံခဲ့ကြရပါတယ်။

စားသောက်ဆိုင်တွေ၊ စျေးဆိုင်တွေနဲ့အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေ ပိတ်သွားသလို လက်နက်ကြီးသံတွေ၊ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတာကလည်း မြို့တွင်းက တင်းမာမှုအခြေအနေကို ပိုမြင့်တက်လာစေခဲ့ပါတယ်။

ဆရာတော် ဦးအာစရနဲ့ မိုင်းဘုန်းအောင်တို့ကတော့ ကြောက်မက်ဖွယ်တိုက်ပွဲတွေကနေ လွတ်မြောက်လာခဲ့ပေမဲ့ လောက်ကိုင်ကနေ အထွက် ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ ပါစင်ကျော်ဂိတ်ကိုဖြတ်သန်းချိန်မှာတော့ အသက်ဘေးနီးတဲ့အခြေအနေတွေကြုံခဲ့ရပါတယ်။

အခု ဆက်လက်မြင်တွေ့ရမှာက သူတို့ကိုယ်တိုင် ပြောပြတဲ့သူတို့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေပဲ ဖြစ်ပါတယ်။

ဦးပဉ္ဇင်း အာစရ

ဦးပဉ္ဇင်း တို့ လောက်ကိုင်ကနေထွက်လာတော့ ပါစင်ကျော်ရွာအထွက်မှာ စစ်ကောင်စီဂိတ် ရှိပါတယ်။

အဲဒီက မိနစ် ၂၀ လောက်လမ်းလျှောက်လိုက်ရင် ကိုးကန့်တပ်ဂိတ်ရှိတယ်။ ဦးပဉ္ဇင်း တို့က အဲဒီဂိတ်နှစ်ခုကြားထဲမှာရောက်နေခဲ့တာပေါ့။ အဲဒီနေရာကိုရောက်တော့ လူက ထောင်နဲ့ချီ ရှိနေတယ်။

နေ့တိုင်း လက်နက်ကြီးပစ်သံတွေ ကြားရတယ်။ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ နဲ့ပစ်ရင် ကိုးကန့်တပ်ဘက်ကလည်း ပြန်ပစ်တယ်။ အဲဒီနေရာကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာရှိခဲ့တယ်။ ကိုးကန့်တပ်ဘက်ကလည်း ဒရုန်းတွေနဲ့ ပြန်တိုက်တယ်။

သေနတ်သံဗုံးသံတွေကြားပြီဆိုတာနဲ့ မြေကြီးမှာ မှောက်ပြီးနေရတယ်။ ညဘက်ဆိုရင်ပိုဆိုးတယ်။   သူတို့ပစ်တဲ့နေရာနဲ့ ဦးပဉ္ဇင်းတို့ အိပ်ရတဲ့နေရာနဲ့က သိပ်မဝေးဘူး။

လက်နက်ကြီးသံတွေကြောင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တချို့ဆို လန့်ဖျပ်ပြီး သတိလစ်တဲ့သူတွေရှိတယ်။

ဦးပဉ္ဇင်း တို့မှာ စားစရာတွေလည်း ဘာမှ မပါလာခဲ့ဘူး။ တစ်ဖွဲ့လုံးလည်း ဗိုက်ဆာနေခဲ့ကြတာ။

ပါစင်ကျော်နဲ့ ကိုးကန့်ဂိတ်ကြားမှာ ရွာတစ်ရွာရှိတယ်။ ရွာထဲက လူတွေ အကုန် ထွက်ပြေးသွားကြတော့ တစ်ယောက်မှ မရှိကြတော့ဘူး။ တပည့်ဒကာတွေက အဲဒီရွာထဲကို သွားပြီး စားစရာရှာကြတယ်။ အိမ်တွေကို ဝင်ပြီးတော့ ဆန်တွေ ဆီတွေယူကြရတယ်။

အဲဒီမှာ ကြံခင်းတွေလည်းရှိတော့ တချို့ဒုက္ခသည်တွေဆို ကြံတွေချိုးပြီး စားကြတာ။

တချို့ အိမ်ထဲမှာ လူသေတွေ တွေ့ခဲ့ရတာရှိတယ်လို့ စားစရာသွားယူတဲ့သူတွေက ပြောတယ်။ တချို့အလောင်းတွေက စွန့်ပစ်ခံထားရတာတဲ့။ အလောင်းတစ်လောင်းဆို ကုတင်ပေါ် တင်ထားပြီး စောင်နဲ့ အုပ်ထားတာ။ နောက်တစ်လောင်း ကျတော့ တံခါးနားမှာ သေနေတာပေါ့။

လက်နက်ကြီးထိလို့တော့မဟုတ်ဘူး။ ဦးပဉ္ဇင်း တို့မရောက်ခင် လက်နက်ကြီးရန်တွေကြောက်လို့ ပြေးတဲ့အချိန်မှာ လန့်ဖျပ်ပြီး သေကြတာလို့ ထင်တယ်။ မိသားစုဝင်တွေက သင်္ဂြိုဟ်ဖို့တောင်အချိန်မရဘဲ ဒီတိုင်းထားခဲ့တာတွေ ရှိတယ်။

နိုဝင်ဘာ ၉ ရက်နေ့မှာ ကိုးကန့်တပ်က ဦးပဉ္ဇင်း တို့ဆီက ပစ္စည်းတွေ အကုန်လုံးသိမ်းလိုက်တယ်။ သူတို့က ဦးပဉ္ဇင်း အိတ်ကို ဖွင့်ပြခိုင်းတယ်။ ပိုက်ဆံတွေ့တော့တောင်းတယ်။ တရုတ်ယွမ် တစ်သိန်းကျော် ပါလာတာပါ။ ဒီပိုက်ဆံတွေက ဦးပဉ္ဇင်း ပိုက်ဆံတွေမဟုတ်ဘူး။ ရွာမှာ ကထိန်ခင်းဖို့ လူတွေလှူထားတဲ့အလှူငွေတွေပါ။ ဒါကိုလည်း ကိုးကန့်တပ်ကို ပြောခဲ့ပါတယ်။ သူတို့ကတော့ ပြန်ပေးမယ်လို့ပြောခဲ့တယ်။ ဒါပေမဲ့ ပြန်မရခဲ့ပါဘူး။

အဲဒီနေ့မှာပဲ ကိုးကန့်တပ်က ဦးပဉ္ဇင်း တို့ကို ‘ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ထိန်းချုပ်ဒေသထဲက နမ့်တစ်မြို့ကို ထရပ်ကားတွေနဲ့ ပို့ပါတယ်။ အဲဒီမှာ နှစ်ညအိပ် ခဲ့ရပါတယ်။

UWSA က ဦးပဉ္ဇင်း တို့ကိုနမ့်တစ်ကနေ တန့်ယန်းကို ပို့ပေးပါတယ်။ အဲဒီမှာ တစ်ညအိပ် ခဲ့ရပါတယ်။

တန့်ယန်းကနေမှ လားရှိုးကို သွားပြီး အဲဒီမှာတစ်ည ထပ်အိပ်ခဲ့ပါတယ်။ တကယ်တော့ လောက်ကိုင်မြို့ပြင်မှာရှိတဲ့ ဦးပဉ္ဇင်း ဇာတိ ရွာနဲ့ အဝေးကြီးကို ပို့ခံရသလိုဖြစ်သွားတာပေါ့။

ဦးပဉ္ဇင်း က မန်တုံ၊ မန်တုံကနေ နမ္မတူ၊ နမ္မတူကနေမှ လားရှိုး အဲဒီလိုသွားခဲ့ရတာ။ မန်ကျူးရွာသစ်ကိုမရောက်ခင် လောက်ကိုင်ကိုပဲ ပြန်သွားရတဲ့လမ်းကြောင်းတွေအားလုံး သွားခဲ့ရသလိုဖြစ်သွားတာပေါ့။

အခုတော့ ရွာပြန်ရောက်နေပါပြီ။ မိသားစုနဲ့လည်းပြန်တွေ့ရပြီ။ ရွာဘုန်းကြီးကျောင်းမှာပဲ သီတင်းသုံးနေတယ်။ ရွာမှာ ကထိန်သင်္ကန်းအလှူပွဲလည်း ရွာသားတွေလုပ်ပြီးကြပါပြီ။ ကိုးကန့်တပ်က ဦးပဉ္ဇင်း ဆီကနေ သိမ်းသွားတဲ့ ပိုက်ဆံတော့ ပြန်မရသေးပါဘူး။

မိုင်းဘုန်းအောင်

ကျွန်တော်က လောက်ကိုင်မြို့ထဲကစားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးလုပ်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတချို့ကတော့ သန့်ရှင်းရေးလုပ်ကြပါတယ်။ လောက်ကိုင်ကိုရောက်နေတာ ရှစ်လလောက်ရှိပါပြီ။

တိုက်ပွဲတွေဖြစ်လာတော့ မြို့ထဲမှာ လျှပ်စစ်မီးလည်းမရတော့သလို အစားအသောက်တွေလည်း ပြတ်လပ်လာပါတယ်။ ဒါကြောင့် ကျွန်တော်စိုးရိမ်ပြီး ဇာတိ နမ့်ဆန်ကိုပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျွန်တော့် သူငယ်ချင်းတွေနဲ့ လောက်ကိုင်ကနေ နိုဝင်ဘာ ၉ ရက်နေ့မှာထွက်ခဲ့ပါတယ်။ လူခြောက်ယောက်၊ ဆိုင်ကယ်ကနှစ်စီး။ တစ်စီးကို သုံးယောက်စီးပါတယ်။ ကျွန်တော်တို့ ရေတို့ ခေါက်ဆွဲခြောက်တို့လည်း သယ်ခဲ့ပါတယ်။

ကျွန်တော်တို့အပြင် အဲဒီနေ့က မြို့ကနေ ထွက်လာတဲ့ ကားတွေဆိုင်ကယ်တွေ ရာနဲ့ချီရှိပါတယ်။ အဲဒီ ဆိုင်ကယ်တွေကားတွေနောက်ကပဲ ကျွန်တော်တို့လည်းလိုက်ထွက်ခဲ့ကြတယ်။

‘၁၀၂၇’ စစ်ဆင်ရေးစတင်ပြီးနောက် ဒေသခံတွေ စစ်ရှောင်နေတဲ့မြင်ကွင်းပါ

‘၁၀၂၇’ စစ်ဆင်ရေးစတင်ပြီးနောက် ဒေသခံတွေ စစ်ရှောင်နေတဲ့မြင်ကွင်းပါ

‘၁၀၂၇’ စစ်ဆင်ရေးစတင်ပြီးနောက် ဒေသခံတွေ စစ်ရှောင်နေတဲ့မြင်ကွင်းပါ

ကျွန်တော်တို့ပါစင်ကျော်ရောက်ပြီးခရီးဆက်မယ်လို့ လုပ်တော့ လမ်းမကြီးကို ကိုးကန့်တပ်တွေက ပိတ်ထားပါတယ်။ ကျွန်တော်တို့အဲဒီမှာ နာရီနဲ့ချီ ပိတ်မိသွားခဲ့ပါတယ်။

ကိုးကန့်တပ်က တရုတ်နဲ့ကိုးကန့်လူမျိုး မဟုတ်တဲ့ ကျွန်တော်တို့ကို တိရစ္ဆာန်တွေလို ဆက်ဆံတယ်။

ဒုက္ခသည်တွေထဲမှာ ဗမာလည်းပါတယ်။ ပလောင်လည်းပါတယ်။ ရှမ်းနဲ့ ကချင်လည်းပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ပါစင်ကျော်ကနေ ထွက်လို့မရခဲ့ဘူး။

သူတို့ပြောတာက စစ်ကောင်စီနဲ့သူတို့နဲ့ တိုက်ပွဲတွေအချိန်မရွေးဖြစ်နိုင်တယ်တဲ့။ ဒါပေမဲ့ ကျွန်တော်မြင်ခဲ့တာတော့ ဘာတိုက်ပွဲမှ ဖြစ်နေတာ မရှိပါဘူး။ ကျွန်တော်ထင်တာတော့ ဗမာစစ်သားတွေ ဒုက္ခသည်အယောင်ဆောင်ပြီး သူတို့ကို တိုက်ခိုက်မှာကို ကိုးကန့်တပ်က စိုးရိမ်နေတာဖြစ်မယ်။

ကိုးကန့်စစ်သားတွေက ဆိုင်ကယ်တွေကားတွေအားလုံး လမ်းမပေါ်မှာထားခဲ့ဖို့ပြောတယ်။  ကျွန်တော်တို့မှာပါလာတဲ့ပစ္စည်းတွေကိုလည်း သိမ်းတယ်။

ကိုးကန့်တပ်က ခွင့်မပြုလို့ စစ်ရှောင်တွေဟာ သူတို့ဖုန်းတွေ၊ ခရီးဆောင်အိတ်အပါအဝင် ပါလာတဲ့ပစ္စည်းတွေကို လမ်းမှာ စုပုံချန်ထားခဲ့ကြရပါတယ်။

ကျွန်တော် တရုတ်ယွမ် ၅၆၀၀ နဲ့ ဝယ်ခဲ့တဲ့ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်ရယ်၊ ဖုန်းနှစ်လုံးရယ်၊ မှတ်ပုံတင်နဲ့ ကျွန်တော် ဧည့်လမ်းညွှန်လုပ်တုန်းက လိုင်စင်ကတ်တွေ သိမ်းခံလိုက်ရတယ်။ 

ကျွန်တော်ပစ္စည်းတွေ ပြန်ပေးပါလို့ လေးကြိမ်လောက် ကျွန်တော် သူတို့ကိုသွားပြောတယ်။ ဒါပေမဲ့အခုထိ ပြန်မရပါဘူး။

ကျွန်တော်တို့ယူလာတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေနဲ့ ရေဘူးတွေလည်း လမ်းဘေးမှာ ထားခဲ့ခိုင်းတယ်။ ကျွန်တော့်မှာ ရေသောက်ချင်လာတော့ လမ်းဘေးမှာ သူများတွေလွှင့်ပစ်ထားတဲ့ ရေဘူးအကျန်တွေကောက်ပြီး သောက်ခဲ့ရတယ်။

ကျွန်တော် ကံကောင်းလို့ မသေခဲ့တာပါ။ ထမင်းလည်းငတ်ခဲ့ပါတယ်။

ကျွန်တော်တို့ထက်အရင် ပါစင်ကျော်မှာပိတ်မိသောင်တင်နေတဲ့သူတွေဆို ထမင်း နှစ်ရက်ဆက်တိုက် မစားရတော့ အားတွေပြတ်ပြီး မူးတာတွေ ဖြစ်တာလည်းတွေ့ရတယ်။

တစ်နေကုန်တစ်နေခန်း အကြာကြီး စောင့်ပြီး ညနေပိုင်းလောက်ကျတော့ ကျွန်တော်တို့ ခရီးဆက်ခွင့်ရခဲ့ပါတယ်။

လူတွေကို ကုန်တင်ကားတွေပေါ်တက်ခိုင်းပြီး ဝ ပြည် (UWSA) ထိန်းချုပ်နယ်မြေက နမ့်တစ်ကို ပို့ဖို့ စီစဥ်ပါတယ်။

နမ့်ဆန်က ကျွန်တော့်ရွာကို ပြန်ဖို့ပဲဦးတည်တာပါ။ ဒါပေမဲ့ သိန္နီလမ်းက ပြန်လို့မရဘူး။ စစ်ကောင်စီက ပိတ်ထားတယ်။ ဒါကြောင့် ဝ ပြည်နမ့်တစ်ကိုဖြတ်ပြီး အဲဒီကမှ နမ့်ဆန်က ရွာကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

တချို့က သူတို့စီစဥ်ပေးတဲ့ ကုန်တင်ကားတွေပေါ် မတက်ချင်ဘူး။ သူတို့ဆိုင်ကယ်လေးတွေနဲ့ပဲ ပြန်ယူပြီး ထွက်သွားချင်တာပေါ့။

အဲဒီလူတွေ အရိုက်ခံရတယ်။​ ကန်ကျောက်ခံရတယ်။

ကိုးကန့်စစ်သားတွေက ပထမပိုင်းတော့ အဲဒီလိုလူအုပ်ကို ခြိမ်းခြောက်ပြီး ပစ်တယ်။  နှစ်ကြိမ်က မိုးပေါ်ထောင်ပစ်တယ်။ သုံးကြိမ်မြောက်ကျတော့ ဒုက္ခသည်တစ်ယောက်ကို ထိသွားတယ်။

အနည်းဆုံးသုံးယောက်လောက် ဒဏ်ရာရသွားတယ်။ နှစ်ယောက်က ခြေသလုံးမှာ၊ နောက်တစ်ယောက်ကျတော့ ကျောကုန်းကိုထိတာ။

ကိုးကန့်စစ်တပ်က ဒဏ်ရာရတဲ့သူတွေကိုဘာမှ မလုပ်ပေးဘူး။ ကျွန်တော်တို့ ဒုက္ခသည်တွေ အချင်းချင်းပဲ ​ပြန်စောင့်ရှောက်ပေးခဲ့ရတာ။

အဲဒီလိုတွေကြုံလိုက်ရတော့ ကျွန်တော်တို့လည်းကြောက်ပြီး နောက်ဆုံးတော့ သူတို့တက်ခိုင်းတဲ့ ကားပေါ်တက်လိုက်ရတာပဲ။

အဲဒီလူနာတွေကိုတော့ ဝ ပြည် နမ့်တစ်ကို ပို့မယ့် ကားပေါ်ကို ဦးစားပေးပြီး အရင်တက်ခိုင်းတယ်။ အဲဒီလူနာသုံးယောက် ဘယ်ရောက်သွားလဲတော့မသိဘူး။ ကျွန်တော်တို့ နေတဲ့စခန်းမှာတော့ မတွေ့ခဲ့ရတော့ဘူး။

ကိုးကန့်တပ်က ဆိုင်ကယ်အသစ်တွေဆို သူတို့ယူစီးတာလည်းရှိတယ်။ တချို့ဆိုင်ကယ်တွေကိုတော့ ချောက်ထဲ တွန်းချပြီးလွှင့်ပစ်တယ်။ လမ်းပေါ် လဲနေတဲ့ ဆိုင်ကယ်တွေဆို ကားနဲ့ကြိတ်ပစ်လိုက်တယ်။

UWSA က ဖွင့်လှစ်ထားတဲ့ နမ့်တစ်စစ်ရှောင်စခန်းမှာ ဦးအာစရ နဲ့ အတူပါလာသူတွေ စစ်‌ရှောင်ခိုလှုံနေတဲ့မြင်ကွင်းဖြစ်ပါတယ်

UWSA က ဖွင့်လှစ်ထားတဲ့ နမ့်တစ်စစ်ရှောင်စခန်းပါ

UWSA  က ဖွင့်လှစ်ထားတဲ့ နမ့်တစ်စစ်ရှောင်စခန်းပါ

UWSA  က ဖွင့်လှစ်ထားတဲ့ နမ့်တစ်စစ်ရှောင်စခန်းပါ

နမ့်တစ်စစ်ရှောင်စခန်းမှာ ကျောခင်းတစ်နေရာစာရဖို့တန်းစီနေတဲ့ လူအုပ်ထဲက ကလေးငယ်တစ်ဦးပါ

နမ့်တစ်စစ်ရှောင်စခန်းမှာ ကျောခင်းတစ်နေရာစာရဖို့တန်းစီနေတဲ့ လူအုပ်ထဲက ကလေးငယ်တစ်ဦးပါ

နမ့်တစ်စစ်ရှောင်စခန်းမှာ ကျောခင်းတစ်နေရာစာရဖို့တန်းစီနေတဲ့ လူအုပ်ထဲက ကလေးငယ်တစ်ဦးပါ

Item 1 of 3

နမ့်တစ်ကိုရောက်တော့ ကျွန်တော်တို့ကို ဝ စစ်တပ်က ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။ စားစရာပေးတယ်။ အိပ်ဖို့ နေရာထိုင်ခင်းကောင်းကောင်း စီစဥ်ပေးတယ်။ နမ့်တစ်မှာ နှစ်ည အိပ်ခဲ့ရတယ်။

ကျွန်တော့်မှတ်ပုံတင်လေးတော့ ပြန်လျှောက်ချင်တာ အခု နမ့်ဆန်မှာက တိုက်ပွဲတွေ အရမ်းပြင်းထန်နေတော့ စစ်ကောင်စီ ရုံးတွေလည်း မရှိတော့ဘူးလေ။

ပြီးတော့ ကျွန်တော်က တအာင်းတိုင်းရင်းသား ဖြစ်နေတော့ မှတ်ပုံတင်သွားလုပ်ရင်းကမှ စစ်ကောင်စီက သတိထားမိပြီး မဲမှာလည်းစိုးတယ်။

MNDAA မုံးကိုးတိုက်နယ် “နန်ဟာ”ဒေသက စစ်ကောင်စီတပ်စခန်း (၂) ခု နဲ့ ကိုးကန့် ဒေသ ရှောက်ရင်းဖန် က တပ်စခန်းတစ်ခုကို သိမ်းပိုက်ခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေပါ သိမ်းဆည်းရမိခဲ့တယ် လို့

ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ် သိမ်းပိုက်

ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ် သိမ်းပိုက်

ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ် သိမ်းပိုက်

အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၅ နာရီဝန်းကျင် ချင်းရွှေဟော်ဒေသက ညိုဖင်ကျီပ ရွာ လေကြောင်းတိုက်ခိုက်မှု

ရှမ်းပြည်မြောက်ပိုင်း လက်ရှိအခြေအနေ

တရုတ်ရဲ့ကြားဝင်စေ့စပ်ပေးမှုနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့တို့ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ တိုက်ပွဲတွေကတော့ မိုင်းဘုန်းအောင်ရဲ့ဇာတိ နမ့်ဆန်မြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသတချို့မှာ ဆက်လက်ပြင်းထန်နေပါတယ်။

စစ်ကောင်စီက နမ့်ဆန်မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အရပ်သားတချို့သေဆုံးခဲ့ပြီး နေအိမ် ၄၀ လောက် ပျက်စီးခဲ့သလို
TNLA တပ်ဖွဲ့ဝင် ၄၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့နယ်မှာ နေအိမ်တွေမီးလောင်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့နယ်မှာ နေအိမ်တွေမီးလောင်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့နယ်မှာ နေအိမ်တွေမီးလောင်ပျက်စီးခဲ့ပါတယ်။

မဟာမိတ်တပ်တွေကတော့ လောက်ကိုင်မြို့ပတ်ပတ်လည်က မြို့တွေကို ထိန်းချုပ်ထားနိုင်ပြီး လောက်ကိုင်မြို့မှာရှိတဲ့ တရုတ်မြန်မာနပ်စပ်ဂိတ်တွေကိုလည်း ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ကိုးကန့်တပ်ဟာ လောက်ကိုင်မြို့က ဒေသကွပ်ကဲမှု ဌာနချုပ်နဲ့နှစ်မိုင်အကွာမှာရှိတဲ့ စစ်ကောင်စီရဲ့ အခိုင်အမာတပ်စခန်းတစ်ခုကိုလည်း သိမ်းပိုက်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားတချို့ သေဆုံးခဲ့ရ။

လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားတချို့ သေဆုံးခဲ့ရ။

လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားတချို့ သေဆုံးခဲ့ရ။

ကိုးကန့်တပ်ဟာ ရှမ်းမြောက်က နေရပ်စွန့်ခွာထွက်ပြေးလာသူတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး အဓမ္မ စစ်သားစုဆောင်းတာတွေ လုပ်နေတယ်လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ပြောပါတယ်။

"အရပ်သားတွေအနေနဲ့ မြန်မာစစ်တပ် ဒါမှမဟုတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်သားစုဆောင်းမှုကို ကြောက်ရွံ့နေစရာမလိုဘဲ တိုက်ပွဲတွေကနေ ဘေးကင်းရာကို ရှာဖွေနိုင်ရပါမယ်” လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ HRWရဲ့ အာရှဒါရိုက်တာက ပြောပါတယ်

ကိုးကန့်တပ်တုံ့ပြန်ချက်

ဦးပဉ္ဇင်း ဦးအာစရနဲ့ မိုင်းဘုန်းအောင်တို့ရဲ့ ပြောကြားချက်တွေအကုန်လုံးကို ကိုးကန့်တပ်ကတော့ ပယ်ချပါတယ်။

ကိုးကန့်တပ်ပြောခွင့်ရ လီကျားဝင်းက ကိုးကန့်တပ်ဖွဲ့ဝင်တွေမှာ လူထုနဲ့ ဆက်သွယ်ပြောဆိုဖို့ ဘာသာစကား အခက်အခဲရှိသလို အဲဒီအချိန်(နိုဝင်ဘာ ၉ ရက်နေ့) က လူလည်း အရမ်းများလွန်းတာကြောင့် အခြေအနေတွေက ရှုပ်ထွေးနေခဲ့တယ်လို့ ဘီဘီစီကို တုံ့ပြန်ပါတယ်။

“ကိုးကန့်တပ်ဖွဲ့ဝင်တွေက ဝ ပြည်ကို သွားမယ့် ကားပေါ် တက်ကြဖို့ လူထုကို အော်ဟစ်တာ ခြိမ်းခြောက်ပြောဆိုရတာတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ သေနတ်နဲ့ပစ်ခတ်တယ်ဆိုတာလုံးဝမရှိခဲ့ပါဘူး။ စစ်ပွဲကာလအတွင်းမှာတော့ အခြေအနေအရ​ ဒီနေရာကို ဖြတ်သန်းသွားလာသူတိုင်းဟာ စစ်ဆေးခံရမှာဖြစ်သလို သူတို့ ဖုန်းတွေကိုလည်း ဆက်ပြီးတော့ သိမ်းဆည်းထားနေဦးမှာပါ” လို့ လီကျားဝင်းက ပြောပါတယ်။

စစ်မှုထမ်းကိစ္စနဲ့ပတ်သက်လို့လည်း သူက ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာ ကိုးကန့်လူငယ်တွေဟာ မဖြစ်မနေ စစ်မှုထမ်းရမယ်လို့သတ်မှတ်ထားပြီး တခြားတိုင်းရင်းသားတွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးတာ မရှိဘူးလို့ ဘီဘီစီကို အစောပိုင်းတုန်းက ပြောကြားထားပါတယ်။

သတင်း-ဘီဘီစီမြန်မာပိုင်း

ထုတ်လုပ်ရေးမှူး/စုစည်းရေးသားသူ - အက်ခ်နီရာအက်ဒ်ဇ်ကီရာ

အယ်ဒီတာ-မင်းထက်

ဂရပ်ဖစ် - အာဗင် ဆူပရိယာဒိ

အထူးပြုလုပ်ချက် - အန်ဒရိုဆိုင်နီ

သရုပ်ဖော်ပုံများ - ဂိုပါးလ်ရွှန်းယ

သတင်းဓာတ်ပုံများ - Getty Images၊ MNDAA ၊ TNLA ၊ ပေးပို့