တပ်ချုပ်ရဲ့ ငြိမ်းချမ်းရေး ညီလာခံ မိန့်ခွန်း အပေါ် သုံးသပ်နေ

ဓာတ်ပုံ ရင်းမြစ်, AFP
နေပြည်တော် မှာ ဇန်နဝါရီ ၁၂ ရက်နေ့ က စတင် ကျင်းပ ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာ ခံမှာ အစိုးရ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှုး ကြီး မင်းအောင်လှိုင် လည်း လာရောက် စကား ပြောခဲ့ပါတယ်။
အစိုးရ စစ်တပ် အကြီးအကဲ ရဲ့ ပြောဆို မှု ထဲမှာ တခြား နိုင်ငံတွေ မှာလိုပဲ မြန်မာ နိုင်ငံမှာလည်း စစ်တပ် တစ်ခုပဲ ထားရှိမယ့် မူဝါဒ ကျင့် သုံးနေကာ၊ နိုင်ငံတော် ကာကွယ် ရေး အတွက် တာဝန် ထမ်း ဆောင်လိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေ အနေနဲ့ တပ်မတော် မှာ လာ တာဝန် ထမ်းကြ ပါ လို့ ထည့်သွင်း ပြော ကြား ခဲ့ ပါတယ်။
ဒါ့အပြင် လက်နက်ဖြုတ်သိမ်းတာ၊ စစ်ပြင်ဆင်မှု မပြုလုပ် တော့တာ၊ အရင် လက်နက်ကိုင် တွေကို အရပ်ဖက် လူမှု အသိုင်းအဝိုင်း ထဲ ပြန်လည် ထည့်သွင်း တာတွေ စတဲ့ နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်း တဲ့ နည်းလမ်း တွေ ကို ရည်ညွှန်း ပြီးတော့လည်း သင့်တင့်တဲ့ အချိန် ကာလ အတိုင်း အတာ တစ်ခု သတ်မှတ် ပြီး အကောင်အထည် ဖော်မယ် လို့ ကာကွယ်ရေး ဦးစီးချုပ် က ပြောခဲ့ ပါတယ်။
အခု လို အချက် တွေဟာ မြန်မာ့ တပ်မတော် အနေနဲ့ စွဲကိုင် မြဲ ဖြစ်တဲ့ လက်နက်ကိုင် တွေကို ကာလ တစ်ခု အတွင်း နယ်ခြား စောင့်တပ် အသွင် ပြောင်း စေမယ့် သဘော ကိုပဲ ရည်ညွှန်း သလား ဆိုပြီး တိုင်းရင်းသား တချို့ အဖွဲ့တွေ အကြား စိုးရိမ် လာစေတယ် လို့ လေ့လာသူ တချို့ က သုံးသပ် နေပါတယ်။
ဒီမို ကရေစီ စနစ် ဖော်ဆောင် တဲ့ အခါ မြန်မာနဲ့ ကိုက်ညီတဲ့ ပုံစံကို ပုံဖော်ယူနိုင်မှ ခိုင်မြဲမှာ ဖြစ် တယ်လို့ မြန်မာ စစ်တပ် အကြီးအကဲ က ပြောခဲ့ သလို တပ်မတော် ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ ၆ ချက် ဆိုပြီး တော့လည်း ရည်ညွှန်း ပြောဆို ခဲ့ ပါတယ်။
ကာချုပ် ရဲ့ ပြောစကား တွေကို ကြည့်ရင် အပြု သဘော ဆောင် တဲ့ အချက် တွေ ပါဝင် သယောင် ရှိပေမယ့် ပြည်တွင်း ငြိမ်းချမ်း ရေး ကိစ္စ နဲ့ လက်နက်ကိုင် အဖွဲ့ တွေ အပေါ် မှာ တပ်မတော် ရဲ့ သဘောထား ဟာ ဟာ ဘာမှ ပြောင်းလဲ သွားတာ မတွေ့ရဘူး ဆိုပြီး တိုင်းရင်းသား အရေး လေ့လာ နေသူ စိုင်း ထွန်း အောင်လွင် က ဘီဘီစီ ကို ပြောပါတယ်။




