လူ့အခွင့်အရေး ကော်မရှင် စွမ်းရည် သုံးသပ်တဲ့ အစီရင်ခံစာ ထွက်

human_right_commission_myanmar
ဓာတ်ပုံ ပုံစာ, လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြား နိုင်တယ်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ ထိရောက် တဲ့ လူ့ အခွင့်အရေး ကာကွယ်မှု တွေ မပေးနိုင် ဘူး ဆိုပြီး ၂ဝ၁၄ အတွက် ကော်မရှင် ရဲ့ စွမ်းရည် ကို သုံးသပ် တဲ့ အစီရင်ခံစာ တစောင် မှာ ဝေဖန် ထားပါတယ်။

စစ်ဖြစ်နေတဲ့ ဒေသတွေမှာ လက်နက်ကိုင်တွေ ကျူးလွန် တဲ့ အမှု တွေမှာ ကော်မရှင်က အရေးယူ အပြစ်ပေးနိုင်မှု မရှိဘူးလို့ အစီရင်ခံစာကို ပူးပေါင်း ရေးသားတဲ့ အဖွဲ့ တွေထဲက ညီမျှခြင်း မြန်မာ (Equality Myanmar) အထွေထွေ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်း က ပြောပါတယ်။

ဒီ ၂ နှစ် အတွင်း ကော်မရှင် ကို လာရောက် တိုင်တန်းတဲ့ အမှုပေါင်း ၉ဝဝဝ လောက် ရှိပေမယ့် ဘယ်လို အမှုတွေလဲ၊ ဘယ်လို ဖြေရှင်းပေးခဲ့လဲ တိတိကျကျ မသိရကြောင်းလဲ သူက ပြောပါတယ်။

ဒီအစီရင်ခံစာ ကို Burma Partnership၊ Asian Forum for Human Rights and Development စတဲ့ အဖွဲ့ တွေက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နဲ့ ပူးပေါင်း ဆောင်ရွက် ပြီး ရေးသား ခဲ့တာ လို့လဲ သိရပါတယ်။

လူ့အခွင့်အရေး ကော်မရှင်ကို မြန်မာ အစိုးရ အရာရှိ ဟောင်းကြီး တွေ နဲ့ ၂ဝ၁၁ ခုနှစ်က ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။