ရခိုင် ဓာတ်ငွေ့စက်ရုံရဲ့ စွန့်ပစ် ပြဿနာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလကျွန်း မှာ၊ ကိုယ်၀န်ဆောင် အမျိုးသမီး သုံးဦးဟာ၊ ကလေးတွေ ကို အသေ မွေးဖွားခဲ့တဲ့ အတွက်၊ အဲဒီရွာ အနီးအနား မှာ တည်ရှိတဲ့ ရွှေသဘာ၀ ဓါတ်ငွေ့ န့်စင်စက်ရုံ က စွန့်ပစ်လိုက် တဲ့ ဓါတု ပစ္စည်းတွေ ရဲ့ ဆိုးကျိုးကြောင့်လား ဆိုပြီး ကျေးရွာသားတွေ က သံသယ ဖြစ်နေကြပါ တယ်။
အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားမူတွေ ရှိလာတဲ့ အတွက်၊ မေလ ၃၀ ရက်နေ့က တော့ အဲဒီဒေသ ကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ တဲ့၊ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က သွားရောက် လေ့လာခဲ့ပါ တယ်။
ဦးဘရှင်ရဲ့ တွေ့ရှိချက် အရ ကာယကံရှင် အမျိုးသမီး သုံးဦးဟာ အဲဒီ စွန့်ပစ် ပစ္စည်းတွေကို ပင်လယ်ထဲ သို့ ပစ်ချတဲ့ မြောင်းတွေ အနီး၊ လယ်လုပ် နေကြသူတွေလို့ သိရပါတယ်။
ဒါ့ကြောင့် အဲဒီ့ ပတ်ဝန်းကျင်က ရေတွင်းကို သုံးစွဲကြရာကနေ ကိုယ်ဝန်တွေ ထိခိုက်ခဲ့တာ လို့ ဒေသခံတွေက သံသယ ရှိနေကြတဲ့ အကြောင်း ဦးဘရှင်က ပြောပါတယ်။
ဒါ့အပြင် ညဉ့်အချိန် စွန့်ပစ်တဲ့ စက်ရုံထွက် ဓါတု ပစ္စည်းကြောင့်၊ ရွာခံတွေဟာ ဆိုးဆိုးရွားရွား အနံ့အသက်တွေ ခံစားနေကြောင်း လည်း ဦးဘရှင်က ပြောပါတယ်။
ကိုယ်၀န်ဆောင် မိခင်တွေ ရဲ့ ကလေးတွေ သေဆုံးခဲ့ရတာ ဟာ စက်ရုံ စွန့်ပစ် ပစ္စည်းတွေ ရဲ့ အန္တရာယ်ကြောင့် ဟုတ် မဟုတ် ဆိုတာကို သေချာ စစ်ဆေး နိုင်ရေးဖို့၊ လွှတ်တော် အပါအ၀င် သက်ဆိုင်ရာ ၀န်ကြီး ဌာနတွေ ကို တင်ပြသွားမယ် လို့ သိရပါတယ်။




