ဖက်ဒရယ်ကိစ္စ မူအရ သဘောတူ

ဓာတ်ပုံ ရင်းမြစ်, Nyo Ohn Myint MPC

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ရဲ့ ရှစ်ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲ ပထမနေ့မှာ ဖက်ဒရယ်ကိစ္စကို မူအားဖြင့် နှစ်ဖက် သဘော တူနိုင်ခဲ့ကြပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူချက် မူကြမ်းအတွက် မနက်ဖြန်မှာ ထပ်မံ ညိနှိုင်းရဦးမှာ ဖြစ်ပါတယ်။

နှစ်ဘက် အပစ်ရပ်ရေးမူကြမ်းမှာ အချက်ပေါင်း ၁၂၀ ကျော်ထဲက ၇၀ ကျော်ကို သဘောတူညီခဲ့ကြပြီး ကျန် ၄၅ ချက်ကို ဆက်လက် ဆွေးနွေးဖို့ ရှိနေတာ ဖြစ်ပါတယ်။

အစိုးရဘက်က လျော့နိုင်သမျှ လျော့ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အစွမ်းကုန် ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက အစည်းအဝေး မစခင်မှာ ပြောသွားခဲ့ပါတယ်။