MAI လေကြောင်းလိုင်း ဂျပန်ကိုပျံမယ်

ဓာတ်ပုံ ရင်းမြစ်, b
MAI အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း ဂျပန်နိုင်ငံကို တိုက်ရိုက် ပျံသန်းတော့မှာ ဖြစ်ပါတယ်။
ဒီလို ပျံသန်းနိုင်ဖို့အတွက် ဂျပန် ကုမ္ပဏီတခုနဲ့ ပူးတွဲ ရင်းနှီးမြှုပ်နှံဖို့ ဖေဖေါ်ဝါရီလ ၁၄ရက်နေ့က သဘောတူ စာချုပ် ချုပ်ဆိုလိုက်ပါတယ်။
ဂျပန် မြန်မာ ခရီးစဉ်တွေကို အခုနှစ်ထဲမှာ စတင် ပြေးဆွဲနိုင်ဖို့ ကြိုးစားနေတယ်လို့ MAI စျေးကွက်နဲ့ လူမှု ဆက်ဆံရေး မန်နေဂျာ ဒေါ်အေးမြသာက ဘီဘီစီကို ပြောပါတယ်။
MAI က နိုင်ငံတကာ လေကြောင်းလိုင်း စျေးကွက်မှာ ထိုးဖေါက်ဖို့ ကြိုးစားရာမှာ စျေးနှုန်း အသက်သာဆုံးနဲ့ အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း သူက ပြောပါတယ်။
ကိန်းဂဏန်း စာရင်း ဇယားတွေအရ မြန်မာနိုင်ငံကို လာတဲ့ ကမ္ဘာလှည့် ခရီးသည်တွေထဲမှာ ဂျပန် ခရီးသည်တွေက တတိယ အများဆုံး ဖြစ်တယ်လို့လည်း ပြောပါတယ်။




