ရိုဟင်ဂျာ စခန်းတွေထဲ ကာလဝမ်း ကာကွယ်ရေး လုပ်ဆောင်နေ

ရိုဟင်ဂျာ
ဓာတ်ပုံ ပုံစာ, ဝမ်းရောဂါ ရနေတဲ့ ရိုဟင်ဂျာ ကလေးငယ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ရိုဟင်ဂျာတွေ ခိုလှုံနေကြတဲ့ ဒုက္ခသည် စခန်းတွေမှာ ကာလဝမ်း ရောဂါ ကာကွယ်ဆေး ပေးတဲ့ စီမံကိန်း အကြီးအကျယ် စတင် နေပြီ ဖြစ်ပါတယ်။

အူကီယာနဲ့ တက်နဖ် ဒေသတွေမှာ ကာကွယ်ဆေး ၉ သိန်း ဖြန့်ဝေထားပြီး၊ ပထမ အဆင့် တစ်နှစ်သားနဲ့ အထက် အရွယ်တွေကို ပေးမှာ ဖြစ်ပါတယ်။

အခုလ အကုန်မှာတော့ ဒုတိယ အဆင့် အနေနဲ့ တစ်နှစ်ကနေ ၅ နှစ်သား ကလေးတွေကို ထပ်ဆောင်း အကာအကွယ် ရစေဖို့ နောက်တစ်ကြိမ် ထပ်ပေးဖို့ ရည်ရွယ် ထားပါတယ်။

ဒုက္ခသည် စခန်းတွေမှာ ကာလဝမ်း ရောဂါ ကူးစက်မှု ဖြစ်ပေါ် လာနိုင်တဲ့ အန္တရာယ် ရှိပေမယ့်လည်း ယီမင်ထဲမှာလို ဆိုးဆိုးရွားရွား ဖြစ်လာနိုင်ဖွယ် မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO တာဝန်ခံက ပြောပါတယ်။