စစ်တပ်က ထပ်စီးနင်းမယ့် သတင်းကြောင့် ကေကေပါ့ခ်ထဲကလူတွေ မြ၀တီမြို့ပေါ်နဲ့ ထိုင်းဘက်ကို ထွက်ပြေး

စစ်တပ်က ထပ်စီးနင်းမယ့် သတင်းကြောင့် ကေကေပါ့ခ်ထဲကလူတွေ မြ၀တီမြို့ပေါ်နဲ့ ထိုင်းဘက်ကို ထွက်ပြေး

စစ်တပ် နောက်ထပ် ဝင်ရောက် စီးနင်းမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတဲ့နောက် မနေ့ကစလို့ မြဝတီမြို့၊ ကေကေပါ့ခ်က နိုင်ငံခြားသားအလုပ်သမားတွေ မြဝတီမြို့ပေါ်နဲ့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးရောက်ရှိနေကြပါတယ်။ မြဝတီဘက်ခြမ်းမှာ အလုပ်သမားလို့ ယူဆရတဲ့ တရားမဝင် နိုင်ငံခြားသား ၁၁၈ ဦးကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ထိန်းသိမ်းထားတယ်လို့ မြန်မာ စစ်တပ်က ပြောပါတယ်။ ထိုင်းဘက်ကရော ဘယ်လိုကိုင်တွယ်နေပါလဲ။ မရွှေပိုးနီက ပြောပြမှာပါ။