လားရှိုးအကျဉ်းထောင်ပွင့်ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်

ဗီဒီယို ပုံစာ, လားရှိုးမြို့က အကျဉ်းထောင်ပွင့်ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်

MNDAA ကိုးကန့်တပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ဖို့ကြိုးစားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့က အကျဉ်းထောင်ပွင့်ပြီး မနေ့က နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်သွားခဲ့ပါတယ်။ လွတ်မြောက်ခဲ့သူတွေထဲမှာ NLD ပါတီက ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်လည်းဖြစ် ပြည်သူလွှတ်တော် ဒု-ဥက္ကဌလည်းဖြစ်တဲ့ ဦးထွန်းထွန်းဟိန်လည်း ပါဝင်ခဲ့ပါတယ်။ လားရှိုးမြို့က ရမခတိုင်းစစ်ဌာနချုပ်အနီးမှာ တိုက်ပွဲတွေ ဒီနေ့မှာလည်းဆက်လက် ပြင်းထန်နေပါတယ်။ ဒီအကြောင်း ကိုကျော်ဇေယျက ပြောပါပေးမှာပါ။