ရခိုင်မှာ အခြေအနေ ပိုဆိုးလာတယ်လို့ ကုလပြော

ရခိုင်မှာ အခြေအနေ ပိုဆိုးလာတယ်လို့ ကုလပြော

ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေကြောင့် အခြေအနေတွေပိုဆိုးရွားလာနေပြီး စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုတွေတိုးလုပ်လာတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဒီကနေ့မတ်လ ၆ ရက်မှာ ထုတ်ပြန်လာပါတယ်။ ရေကြောင်းကုန်းကြောင်းအားလုံး ပိတ်ဆို့ခံထားရပြီး အင်တာနက်နဲ့ ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေ ဟိုင်ဂင်အပစ်ရပ်ဆွေးနွေးပွဲအပြီးမှာ အပြောင်းအလဲရှိလာနိုင်ပါသလား။ အပြည့်အစုံကို မစန္ဒာဝင်းက ပြောပြပေးပါမယ်။