ယူကရိန်း စစ်ပွဲ ဒေါ်နယ် ထရမ့် သဘောထား ပြောင်းလဲ

ဗီဒီယို ပုံစာ, ယူကရိန်း စစ်ပွဲ ဒေါ်နယ် ထရမ့် သဘောထား ပြောင်းလဲ
ယူကရိန်း စစ်ပွဲ ဒေါ်နယ် ထရမ့် သဘောထား ပြောင်းလဲ

ယူကရိန်း အနေနဲ့ ဆုံးရှုံးသွားတဲ့ နယ်မြေ တွေကို ပြန်လည် ရယူနိုင်တယ်ဆိုပြီး အမေရိကန် သမ္မတက ပြောကြားခဲ့ပြီးတဲ့ နောက်မှာ ယူကရိန်း ရုရှား စစ်ပွဲ နဲ့ ပတ်သက်ပြီး ဒေါ်နယ် ထရမ့်ရဲ့ ရပ်တည်ချက်က ကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်လာခဲ့တယ် ဆိုပြီး ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ပြောကြားလိုက်ပါတယ်။ သမ္မတ နှစ်ယောက်ဟာ နယူးယောက်မှာ လုပ်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ မစ္စတာ ထရမ့်ရဲ့ ရပ်တည်ချက်ကိုလည်း သမ္မတ ဇယ်လန်းစကီးက ကြိုဆိုခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် ဆာရာ စမစ်ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြပေးမှာပါ။